ယာဉ်မောင်းအိပ်ငိုက်ရာမှ အုတ်တံတိုင်းနှင့် ဆိုင်ကယ်ပြင်ဆိုင်တို့အားတိုက်မိ တစ်ဦးသေဆုံး


ရေတာရှည် မေ ၇

တောင်ငူခရိုင် ရေတာရှည်မြို့ မြောက် ဘက်အထွက် စိုက်ပျိုးရေးရုံးအနီးတွင် မေ ၇ ရက် နံနက် ၄ နာရီခွဲက ယာဉ် နောက်လိုက် မောင်းနှင်လာသည့်ယာဉ် အိပ်ငိုက်ရာမှ ကားလမ်းအရှေ့ဘက်ရှိ အုတ်နံရံနှင့် ဆိုင်ကယ်ပြင်ဆိုင်၊ လျှပ်စစ် ဓာတ်တိုင်တို့ကိုတိုက်မိခဲ့ရာ ဆိုင်ကယ်ပြင် ဆိုင်အတွင်း အိပ်ပျော်နေသူတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး ကား လမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ် နောက်လိုက် ဇော်ဝင်းမောင် (၁၉ နှစ်) နွားထိုးကြီး မြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်မောင်းချမ်းမြေ့ကို (၂၄ နှစ်မန္တလေးမြို့နေသူတို့ လိုက်ပါလာသည့်7J/---- ၁၂ ဘီး ဟီးနိုးကုန်တင်ယာဉ် သည် ကားလမ်း မိုင်တိုင်အမှတ် ၁၉၂/ဝ နှင့် ၁ အကြား စိုက်ပျိုးရေးရုံးရှေ့ အရောက် လျှပ်စစ်ဓာတ်တိုင်၊ သစ်ပင်နှင့် ဆိုင်ကယ်ပြင်ဆိုင်ကိုပါ ဝင်ရောက်တိုက်မိ ခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပြင် ဆိုင်အတွင်း အိပ်ပျော်နေသော ဦးအောင် ဘိ (၅၄ နှစ်) ရွှေပြည်ကုန်းကျေးရွာနေ သူမှာ သေဆုံးသွားခဲ့၍ ရေတာရှည်မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)