ကမၻာ ့အျမင္ဆုံး ဧဝရတ္ေတာင္၏ ေသမင္း တမန္ဇုန္သို႔ ျမန္မာေတာင္တက္ သမား သုံးဦး ျပန္တက္မည္


ရန္ကုန္ ဧၿပီ ၈

ကမၻာ့အျမင့္ဆုံး ဧ၀ရက္ေတာင္၏ Camp.-3 သို႔ တက္ေရာက္ႏိုင္ ခဲ့ေသာ ျမန္မာေတာင္တက္သမားသုံးဦးသည္ ရာသီဥတုအေျခ အေနေၾကာင့္ ေတာင္ေအာက္သို႔ျပန္လည္ ဆင္းသက္ခဲ့ၿပီးေနာက္ ရာသီဥတုျပန္လည္ ေကာင္းမြန္ လာ သည္ႏွင့္ ေသမင္းတမန္ဇုန္(Dead Zone) အျဖစ္သတ္မွတ္ထားေသာ Camp-4 သို႔ ျပန္လည္ တက္ေရာက္ မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေျခလ်င္ေတာင္တက္အဖြဲ႕ခ်ဳပ္မွသိရသည္။

ျမန္မာေတာင္တက္သမားသုံးဦးျဖစ္ေသာ ကိုညီညီေအာင္၊ ကိုဝင္းကိုကိုႏွင့္ ကိုျပည့္ၿဖိဳးေအာင္တို႔သည္ မူလ Camp Rotation အစီအစဥ္အတိုင္း အျမင့္ ၂၃၆၂၅ ေပ ရွိေသာ Camp-3 သို႔ ေမ ၄ ရက္က မေလ်ာ့ေသာ ဇြဲလုံ႔လျဖင့္ တက္ေရာက္ခဲ့သည္။ ထို႔ေနာက္ ရာသီဥတုအေျခအေနအရCamp-3 မွတစ္ဆင့္ Camp-2 သို႔ ျပန္လည္ဆင္းသက္ကာ ညအိပ္အနားယူခဲ့ၿပီး ယခုအခါတြင္ Base Camp သို႔ ျပန္လည္ ဆင္းသက္ ကာ ေလ့က်င့္ေရးႏွင့္ ျပင္ဆင္ မႈမ်ားျပဳလုပ္ခဲ့သည္။
ထို႔ေနာက္ဧ၀ရက္ေတာင္သို႔တက္ေရာက္ေနေသာ ျမန္မာ ေတာင္တက္သမားမ်ား စခန္းခ်ေနရာအား ေတြ႕ရစဥ္။

ရာသီဥတုအေျခအေနအရ ေခတၱခဏေစာင့္ဆိုင္းၿပီး ရာသီဥတုႏွင့္ က်န္းမာေရး အေျခအေနမ်ားအားလုံးကိုစစ္ေဆးခ်က္ယူကာ ေလ့က်င့္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ေနေၾကာင္း သိရသည္။ ထိုမွတစ္ဆင့္ အေျခအေန အားလုံးအသင့္ျဖစ္ သည္ႏွင့္တစ္ၿပိဳင္တည္း ႏိုင္ငံတကာ ေတာင္တက္သမားမ်ားသည္ သတ္မွတ္ ထားေသာ Base Camp မွ အျမင့္ေပ ၈၀၀၀ ရွိ ေသမင္း တမန္ဇုန္ (Dead Zone)သို႔ ဆက္လက္တက္ေရာက္ၾကမည္ျဖစ္သည္။

လက္ရွိအခ်ိန္တြင္ ေတာင္တက္သမားမ်ားစြာတို႔သည္အျမင့္ပိုင္းဆိုင္ရာတြင္ျဖစ္တတ္သည့္ ဖ်ားနာမႈ (altitude sicknes)ေရာဂါမ်ား ခံစားေနရေၾကာင္း သိရသည္။

ထိုေရာဂါမွာ ေတာင္ေပၚေဆာင္းဦးရာသီဥတု၏ မတည္ၿငိမ္ေသာ ရာသီဥတု ဒဏ္မ်ားကို ေတြ႕ႀကဳံခံစား ေနၾကရျခင္းျဖစ္ၿပီး ထိုအျမင့္ပိုင္းဆိုင္ရာဖ်ားနာမႈကို ခံစားေနရျခင္းျဖစ္သည္။ ထိုေရာဂါမွာ ပ်ိဳ႕အန္ျခင္း၊ ေအာ့အန္ျခင္း၊ ခံတြင္းပ်က္ျခင္း၊ အိပ္မေပ်ာ္ျခင္း၊ ဆက္တိုက္ေခါင္းကိုက္ခဲျခင္း၊ မူးေဝျခင္း၊ အာ႐ုံစူးစိုက္မရျခင္း၊ ေျခေထာက္မ်ားေလးလံကာ လက္ႏွင့္မ်က္ႏွာျပင္ မ်ား ေရာင္ရမ္းျခင္း၊အသက္႐ႉမမွန္ျခင္းႏွင့္ ဆီးသြား နည္းျခင္း တို႔ျဖစ္ေပၚေၾကာင္း ျမန္မာႏိုင္ငံေျခလ်င္ေတာင္တက္အဖြဲ႕မွ သိရသည္။ လက္ရွိအေနအထားအရ နီေပါႏိုင္ငံအစိုးရကေတာင္တက္ရာသီအတြက္ အဖြဲ႕လိုက္ေတာင္တက္သမား၂၈၉ ဦးအပါအဝင္ ေတာင္တက္ အေထာက္အကူျပဳလုပ္သား ၄၀၀ ေက်ာ္ကို တက္ေရာက္ခြင့္ျပဳထားခ်ိန္ တြင္ထိုအျမင့္ဆိုင္ရာဖ်ားနာမႈမ်ား ခံစား ေနရ ေၾကာင္းလည္းသိရသည္။

ျမန္မာေတာင္တက္အဖြဲ႕ ဆက္လက္တက္ေရာက္ သြားမည့္ ေသမင္း တမန္ဇုန္(Dead Zone)သည္ ဧ၀ရက္ ေတာင္၏ အျမင့္ဆုံးအပိုင္းႏွင့္ နီးကပ္လာၿပီျဖစ္ေသာေၾကာင့္ ေအာက္ဆီဂ်င္ျပတ္လပ္မႈအႏၲရာယ္ရွိေၾကာင္း သိရသည္။ ယင္းသည္ ေတာင္တက္သမားမ်ားအတြက္ ေသေစႏိုင္ၿပီး ရာသီဥတု႐ုတ္တရက္ေဖာက္ျပန္မႈမ်ား က်ေရာက္ဖြယ္ရွိ၍ စိုးရိမ္ ရေသာ ေတာင္တက္ခရီးစဥ္တစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။

ထိုခရီးသို႔ ျမန္မာ ေတာင္တက္အဖြဲ႕က ႀကိဳးစားတက္ေရာက္ သြားၾက မည္ျဖစ္ၿပီး Camp-4 သို႔ ေရာက္ရွိၿပီဆိုလၽွင္ အျမင့္ေပ ၈၈၄၈ မီတာ ျမင့္ေသာ MT. EVEREST SUMMIT သို႔ summit push ျပဳလုပ္ ကာ ေအာင္ပြဲခံႏိုင္ေတာ့ မည္ျဖစ္ေၾကာင္း ျမန္မာ ႏိုင္ငံေျခလ်င္ ေတာင္တက္
အဖြဲ႕ခ်ဳပ္ မွ သိရသည္။

(စိုးဝင္း - MLA )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

.......................................


ရန်ကုန် ဧပြီ ၈

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်၏ Camp.-3 သို့ တက်ရောက်နိုင် ခဲ့သော မြန်မာတောင်တက်သမားသုံးဦးသည် ရာသီဥတုအခြေ အနေကြောင့် တောင်အောက်သို့ပြန်လည် ဆင်းသက်ခဲ့ပြီးနောက် ရာသီဥတုပြန်လည် ကောင်းမွန် လာ သည်နှင့် သေမင်းတမန်ဇုန်(Dead Zone) အဖြစ်သတ်မှတ်ထားသော Camp-4 သို့ ပြန်လည် တက်ရောက် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ်မှသိရသည်။

မြန်မာတောင်တက်သမားသုံးဦးဖြစ်သော ကိုညီညီအောင်၊ ကိုဝင်းကိုကိုနှင့် ကိုပြည့်ဖြိုးအောင်တို့သည် မူလ Camp Rotation အစီအစဉ်အတိုင်း အမြင့် ၂၃၆၂၅ ပေ ရှိသော Camp-3 သို့ မေ ၄ ရက်က မလျော့သော ဇွဲလုံ့လဖြင့် တက်ရောက်ခဲ့သည်။ ထို့နောက် ရာသီဥတုအခြေအနေအရCamp-3 မှတစ်ဆင့် Camp-2 သို့ ပြန်လည်ဆင်းသက်ကာ ညအိပ်အနားယူခဲ့ပြီး ယခုအခါတွင် Base Camp သို့ ပြန်လည် ဆင်းသက် ကာ လေ့ကျင့်ရေးနှင့် ပြင်ဆင် မှုများပြုလုပ်ခဲ့သည်။
ထို့နောက်ဧဝရက်တောင်သို့တက်ရောက်နေသော မြန်မာ တောင်တက်သမားများ စခန်းချနေရာအား တွေ့ရစဉ်။

ရာသီဥတုအခြေအနေအရ ခေတ္တခဏစောင့်ဆိုင်းပြီး ရာသီဥတုနှင့် ကျန်းမာရေး အခြေအနေများအားလုံးကိုစစ်ဆေးချက်ယူကာ လေ့ကျင့်ရေးလုပ်ငန်းများ ဆောင်ရွက် နေကြောင်း သိရသည်။ ထိုမှတစ်ဆင့် အခြေအနေ အားလုံးအသင့်ဖြစ် သည်နှင့်တစ်ပြိုင်တည်း နိုင်ငံတကာ တောင်တက်သမားများသည် သတ်မှတ် ထားသော Base Camp မှ အမြင့်ပေ ၈၀၀၀ ရှိ သေမင်း တမန်ဇုန် (Dead Zone)သို့ ဆက်လက်တက်ရောက်ကြမည်ဖြစ်သည်။

လက်ရှိအချိန်တွင် တောင်တက်သမားများစွာတို့သည်အမြင့်ပိုင်းဆိုင်ရာတွင်ဖြစ်တတ်သည့် ဖျားနာမှု (altitude sicknes)ရောဂါများ ခံစားနေရကြောင်း သိရသည်။

ထိုရောဂါမှာ တောင်ပေါ်ဆောင်းဦးရာသီဥတု၏ မတည်ငြိမ်သော ရာသီဥတု ဒဏ်များကို တွေ့ကြုံခံစား နေကြရခြင်းဖြစ်ပြီး ထိုအမြင့်ပိုင်းဆိုင်ရာဖျားနာမှုကို ခံစားနေရခြင်းဖြစ်သည်။ ထိုရောဂါမှာ ပျို့အန်ခြင်း၊ အော့အန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ အိပ်မပျော်ခြင်း၊ ဆက်တိုက်ခေါင်းကိုက်ခဲခြင်း၊ မူးဝေခြင်း၊ အာရုံစူးစိုက်မရခြင်း၊ ခြေထောက်များလေးလံကာ လက်နှင့်မျက်နှာပြင် များ ရောင်ရမ်းခြင်း၊အသက်ရှူမမှန်ခြင်းနှင့် ဆီးသွား နည်းခြင်း တို့ဖြစ်ပေါ်ကြောင်း မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့မှ သိရသည်။ လက်ရှိအနေအထားအရ နီပေါနိုင်ငံအစိုးရကတောင်တက်ရာသီအတွက် အဖွဲ့လိုက်တောင်တက်သမား၂၈၉ ဦးအပါအဝင် တောင်တက် အထောက်အကူပြုလုပ်သား ၄၀၀ ကျော်ကို တက်ရောက်ခွင့်ပြုထားချိန် တွင်ထိုအမြင့်ဆိုင်ရာဖျားနာမှုများ ခံစား နေရ ကြောင်းလည်းသိရသည်။

မြန်မာတောင်တက်အဖွဲ့ ဆက်လက်တက်ရောက် သွားမည့် သေမင်း တမန်ဇုန်(Dead Zone)သည် ဧဝရက် တောင်၏ အမြင့်ဆုံးအပိုင်းနှင့် နီးကပ်လာပြီဖြစ်သောကြောင့် အောက်ဆီဂျင်ပြတ်လပ်မှုအန္တရာယ်ရှိကြောင်း သိရသည်။ ယင်းသည် တောင်တက်သမားများအတွက် သေစေနိုင်ပြီး ရာသီဥတုရုတ်တရက်ဖောက်ပြန်မှုများ ကျရောက်ဖွယ်ရှိ၍ စိုးရိမ် ရသော တောင်တက်ခရီးစဉ်တစ်ခုဖြစ်ကြောင်းလည်းသိရသည်။

ထိုခရီးသို့ မြန်မာ တောင်တက်အဖွဲ့က ကြိုးစားတက်ရောက် သွားကြ မည်ဖြစ်ပြီး Camp-4 သို့ ရောက်ရှိပြီဆိုလျှင် အမြင့်ပေ ၈၈၄၈ မီတာ မြင့်သော MT. EVEREST SUMMIT သို့ summit push ပြုလုပ် ကာ အောင်ပွဲခံနိုင်တော့ မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံခြေလျင် တောင်တက်
အဖွဲ့ချုပ် မှ သိရသည်။

(စိုးဝင်း - MLA )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)