သံျဖဴဇရပ္မွ အမ်ဳိးသမီးငယ္တဦး အက္စစ္ျဖင့္ မ်က္နွာအပက္ခံရ ၊ ရည္းစားေဟာင္းနွင့္ ပတ္သက္ဟု ျမိဳ႕ခံမ်ားဆိုေန


သံျဖဴဇရပ္ေသမင္းတမန္ရထားလမ္းျပတိုက္မွ အိမ္သို႕ျပန္လာသည့္အမ်ိဳးသမီးတစ္ဦးအား ေမလ ၂၂ရက္ေန႕ညေနပိုင္းတြင္ ဆိုင္ကယ္ေပၚမွ အမ်ိဳးသားတစ္ဦးက အက္ဆစ္ျဖင့္ ပက္ခဲ့မႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
“ကဆုန္လျပည့္ေက်ာ္၁ ရက္ေန႕ က သူကေသမင္းတမန္ရထားလမ္းျပတိုက္မွာ ၄နာရီထိ ရွိပါတယ္ ၅နာရီေက်ာ္မွာ အေဖကသူ႕ကို သြားႀကိဳတယ္ ။ အဲ့ဒီအခ်ိန္မွာ ေကာင္ေလး တစ္ေယာက္က လာၿပီး သူ႕ကို အက္ဆစ္နဲ႕ပက္လိုက္တာ ဘာေၾကာင့္လုပ္တယ္ ဘယ္သူလုပ္တယ္ဆိုတာေတာ့ သိေတာ့ သိတယ္။ ဒါေပမယ့္ ၀န္မခံေသးေတာ့ေျပာလို႕ မရေသးဘူး။ ရဲစခန္းမွာေတာ့ အမႈဖြင့္ထားတယ္။ စုံစမ္းဆဲပဲရွိေသးတယ္”ဟု အက္ဆစ္ျဖင့္ အပက္ခံခဲ့ရသူႏွင့္ အစ္မေတာ္စပ္သူ မယမင္းက The Ladies သို႕ေျပာသည္။
အက္ဆစ္ျဖင့္ အပက္ခံရသူအမ်ဳိးသမီးမွာ ရုပ္ရည္သန္႔ျပန္႔မႈရိွသည့္ အမ်ဳိးသမီးငယ္ တဦးျဖစ္ျပီး ျမိဳ႕ခံအမ်ားစုမွာ ရည္စားျပတ္၍ ရန္ရွာခံရျခင္းႏွင့္ အက္ဆစ္ျဖင့္ ပက္ဖ်န္းသည္ဟု ဆိုေနၾကကာ လူမဆန္စြာ တံု႔ျပန္မႈျဖစ္သည္ဟု ဆိုေနၾကသည္။
' သံျဖဴဇရပ္မွာျဖစ္ခဲ့တဲ႔ အခု ျဖစ္ပ်က္မႈဟာ မိန္းကေလးေတြရဲ႕ ဘ၀လံုျခံဳမႈကို ထိပါးလာေနတဲ႔ အထိ ဆိုး၀ါးလာေနျပီလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္ေနတယ္' ဟု သံျဖဴဇရပ္ျမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးမင္းလတ္က ၄င္း၏ ေဖ့ဘုပ္စာမ်က္နွာတြင္ ေရးသားထားသည္။
The Ladies News
ေဇာ္မင္းထြန္း
........
သံဖြူဇရပ်သေမင်းတမန်ရထားလမ်းပြတိုက်မှ အိမ်သို့ပြန်လာသည့်အမျိုးသမီးတစ်ဦးအား မေလ ၂၂ရက်နေ့ညနေပိုင်းတွင် ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးက အက်ဆစ်ဖြင့် ပက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ကဆုန်လပြည့်ကျော်၁ ရက်နေ့ က သူကသေမင်းတမန်ရထားလမ်းပြတိုက်မှာ ၄နာရီထိ ရှိပါတယ် ၅နာရီကျော်မှာ အဖေကသူ့ကို သွားကြိုတယ် ။ အဲ့ဒီအချိန်မှာ ကောင်လေး တစ်ယောက်က လာပြီး သူ့ကို အက်ဆစ်နဲ့ပက်လိုက်တာ ဘာကြောင့်လုပ်တယ် ဘယ်သူလုပ်တယ်ဆိုတာတော့ သိတော့ သိတယ်။ ဒါပေမယ့် ၀န်မခံသေးတော့ပြောလို့ မရသေးဘူး။ ရဲစခန်းမှာတော့ အမှုဖွင့်ထားတယ်။ စုံစမ်းဆဲပဲရှိသေးတယ်”ဟု အက်ဆစ်ဖြင့် အပက်ခံခဲ့ရသူနှင့် အစ်မတော်စပ်သူ မယမင်းက The Ladies သို့ပြောသည်။
အက်ဆစ်ဖြင့် အပက်ခံရသူအမျိုးသမီးမှာ ရုပ်ရည်သန့်ပြန့်မှုရှိသည့် အမျိုးသမီးငယ် တဦးဖြစ်ပြီး မြို့ခံအများစုမှာ ရည်စားပြတ်၍ ရန်ရှာခံရခြင်းနှင့် အက်ဆစ်ဖြင့် ပက်ဖျန်းသည်ဟု ဆိုနေကြကာ လူမဆန်စွာ တုံ့ပြန်မှုဖြစ်သည်ဟု ဆိုနေကြသည်။
' သံဖြူဇရပ်မှာဖြစ်ခဲ့တဲ့ အခု ဖြစ်ပျက်မှုဟာ မိန်းကလေးတွေရဲ့ ဘဝလုံခြုံမှုကို ထိပါးလာနေတဲ့ အထိ ဆိုးဝါးလာနေပြီလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်' ဟု သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမင်းလတ်က ၄င်း၏ ဖေ့ဘုပ်စာမျက်နှာတွင် ရေးသားထားသည်။
The Ladies News
ဇော်မင်းထွန်း
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)