မုန်တိုင်းကြောင့် ရခိုင်မှာ မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကို တွေ့ရစဉ်
ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး ဒီကနေ့ မုန်တိုင်းငယ်အဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အဲ့ဒီမုန်တိုင်းငယ်ဟာ ရခိုင်ကမ်းရိုးတန်းဘက်ကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးကျော်မိုးဦး က ပြောပါတယ်။

"ဒီလေဖိအားနည်းရပ်ဝန်းကပေါ့နော် ဒီနေ့ ၁၂ နာရီကနေပြီးတော့ နောက် ၂၄ နာရီအတွင်းကို မုန်တိုင်းငယ်အဆင့်ကို ရောက်နိုင်ပါတယ်၊ ဒီမုန်တိုင်းငယ်ဟာ သီရိလင်္ကာနိုင်ငံနဲ့ အန္ဒိယနိုင်ငံတောင်ပိုင်း ကို ၁၇၊ ၁၈ ရက်နေ့လောက်မှဝင်မှာ၊ အဲ့လိုဝင်ပြီးသွားရင် ဘင်္ဂလားပင်လယ်အော်ထဲကို ပြန်ထွက်လာ ပြီးတော့ ၂ဝ၊ ၂၂ ရက်နေ့လောက်ဆိုရင် ရခိုင်ကမ်းရိုးတန်းကို ဝင်နိုင်တယ်လို့ခန့်မှန်းထားပါတယ်"

မုန်တိုင်းငယ်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မိုးသည်းထန်၊ လှိုင်းကြီးနိုင်ပြီး၊ ချင်းပြည်နယ်မှာလည်း မိုးကြီးလို့ မြေပြိုတာတွေဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်း၊ ကချင်၊ မန္တလေး၊ မကွေး၊ တနင်္သာရီ၊ မကွေး၊ ရခိုင်၊ ကယား၊ ကရင် ၊ မွန် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ မိုးကြီးနိုင်ပြီး လာမယ့် မေလ ၁၉ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးအနှံ့ မိုးရွာသွန်း နိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)