အမရပူရမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား



မန္တလေး၊ မေ ၉

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မှန်တန်းရပ် နယ်မြေ(၅) ငုဝါလမ်း တွင် မေ ၉ ရက် ည ၁၂ နာရီ ၅ မိနစ်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဦးအောင်နိုင်(သားဂိုထောင်) ပေ ၈၀×၆၀ သွပ်မိုးထရံကာမှ စတင်လောင် ကျွမ်းခဲ့ရာ အရှေ့ဘက်ရှိ ကော်ခုတ်စက်အလုပ်ရုံ ၁၀×၁၅ ပေ သွပ်မိုး ထရံကာ တစ်လုံး၊ အနောက်ဘက်ရှိ ၂၄×၁၀ ပေ ပျဉ်ထောင် သွပ် မိုးနှစ်ထပ်နေအိမ် တစ်လုံးနှင့် မီးဖိုချောင်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ည ၁၂ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။


အဆိုပါ မီးလောင်ရာသို့ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးငြိမ်းသတ်ယာဉ်အစီး(၃၀)၊ မိတ်ဘက်ယာဉ်(၂)စီး၊ သန္ဓေ မီးသတ်(၃၀)ဦး၊ အရန်မီးသတ်(၅၀)ဦးနှင့် ရပ်ကွက်နေပြည်သူများလာရောက်၍ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပြီး မီး စတင်လောင်ကျွမ်းမှုအား အမရပူရမြို့နယ်ရဲစခန်းမှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်းသိရှိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)