စမ္းေခ်ာင္း ေျမထိန္းနံရံ ျပဳိက်မႈ ၾကြက္တြင္းထဲ ေရဝင္ၿပီး ၿပိဳက်ျခင္းျဖစ္တယ္လို႔ ဆုိ


စမ္းေခ်ာင္းၿမိဳ႕နယ္ ေအာင္ခ်မ္းသာေရႏုတ္ေျမာင္းအုတ္နံရံ ဆက္လက္ၿပိဳက်ျခင္းမရွိေစေရးေဆာင္ရြက္

ရန္ကုန္ ေမ ၂၃

စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ ေမ ၂၂ ရက္ က ၿပိဳက်ခဲ့ေသာ ေအာင္ခ်မ္းသာေရႏုတ္ ေျမာင္းေျမထိန္းအုတ္နံရံ ဆက္လက္ ၿပိဳက်ျခင္းမရွိေစရန္ႏွင့္ ေရႏုတ္ ေျမာင္းအနီးေနထုိင္သူမ်ား စိုးရိမ္ ပူပန္မႈမျဖစ္ေစရန္အတြက္ ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ က လူအား၊ စက္ယႏၲရားအားမ်ား အသုံးျပဳ၍ အခ်ိန္ႏွင့္တစ္ေျပးညီ ေဆာင္ရြက္လ်က္ရွိသည္။

ေအာင္ခ်မ္းသာ ေရႏုတ္ေျမာင္း ေျမထိန္းအုတ္နံရံၿပိဳက်ျခင္းကိစၥကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ အင္ဂ်င္နီယာဌာန (လမ္း ႏွင့္တံတား)တာဝန္ရွိသူက ''ယခုၿပိဳက် တဲ့အုတ္နံရံအရွည္ေပက ၁၇ဝ နီးပါး ရွိပါတယ္။ ေရႏုတ္ေျမာင္းေဘးေနထုိင္ တဲ့တုိက္ေတြနဲ႔ဆုိရင္ ၁၂ ေပေလာက္ ေဝးကြာပါတယ္။ ေနထုိင္သူမ်ား စုိးရိမ္ပူပန္မႈမရွိေစရန္ ၿမိဳ႕ေတာ္ စည္ပင္တာဝန္ရွိသူေတြဟာ အခ်ိန္ ႏွင့္တစ္ေျပးညီေရာက္ရွိကာ ၿပိဳက်တဲ့ ေနရာေတြမွာ ဝါးကတ္မ်ားကာၿပီး ေမ်ာတုိင္မ်ားျဖင့္ ယာယီတုတ္႐ုိက္ျခင္း၊ သဲအိတ္မ်ားခ်ျခင္းကုိ အပူတျပင္း ေဆာင္ရြက္ၾကရန္ ၫႊန္ၾကားခဲ့ပါ တယ္။ ယာယီဝါးကတ္နဲ႔ တုတ္႐ုိက္ ၿပီးသြားတဲ့အခ်ိန္မွာ ဆက္လက္ၿပီး အနံ ၁ဝ လက္မ အရွည္ေပ ၃ဝ ရွိတဲ့ သံေပါင္ေတြ ေျမႀကီးထဲ႐ုိက္သြင္းၿပီး ကြန္ကရစ္နံရံကို တည္ေဆာက္သြား မွာျဖစ္ပါတယ္''ဟု ဌာနစုမွဴး ဦးခင္ေမာင္ဝင္းက ေျပာၾကားသည္။

ယခုလုိၿပိဳက်ျခင္းႏွင့္ ပတ္သက္၍ တာဝန္ရွိသူက ''ေရႏုတ္ေျမာင္းနဲ႔ လူေနအိမ္ေနာက္ေဖးက ၁၂ ေပေက်ာ္ သာေဝးကြာပါတယ္။ အခ်ဳိ႕ေနာက္ ေဖးအိမ္ေတြက စားၾကြင္းစားက်န္ စြန္႔ပစ္ရာမွ ေျမၾကြက္မ်ားေဖာက္မႈ ေၾကာင့္ ၾကြက္တြင္းထဲ ေရဝင္ၿပီး အခုလုိၿပိဳက်ျခင္းျဖစ္တယ္လို႔ ယူဆရ တယ္။ ေအာင္ခ်မ္းသာေရႏုတ္ေျမာင္း ဟာ ေရစီးအလြန္အားေကာင္းတာ လဲျဖစ္တယ္'' ဟုေျပာၾကားသည္။

သဲအိတ္မ်ားခ်ျခင္း၊ ဝါးကတ္မ်ား ကာရံျခင္းႏွင့္ ေမ်ာတုိင္တုတ္႐ိုက္ျခင္း လုပ္ငန္းမ်ားၿပီးစီးသည္ႏွင့္ အနံ ၁ဝ လက္မ အရွည္ ေပ ၃ဝ သံေပါင္ မ်ားကုိ ေျမႀကီးထဲ႐ုိက္သြင္းၿပီး ကြန္ကရစ္လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္သည္။လုပ္ငန္းမ်ား အခ်ိန္ႏွင့္တစ္ေျပးညီ ၿပီးစီးႏုိင္ရန္ မီနီေျမတူး ေျမေကာ္ စက္ႏွစ္လုံး၊ အလုပ္သမားအင္အား ၄ဝ ေက်ာ္ႏွင့္ တာဝန္ရွိသူအဆင့္ဆင့္ က ႀကီးၾကပ္ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။

(ေစာသိန္းဝင္း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
..........

စမ်းချောင်းမြို့နယ် အောင်ချမ်းသာရေနုတ်မြောင်းအုတ်နံရံ ဆက်လက်ပြိုကျခြင်းမရှိစေရေးဆောင်ရွက်

ရန်ကုန် မေ ၂၃

စမ်းချောင်းမြို့နယ်တွင် မေ ၂၂ ရက် က ပြိုကျခဲ့သော အောင်ချမ်းသာရေနုတ် မြောင်းမြေထိန်းအုတ်နံရံ ဆက်လက် ပြိုကျခြင်းမရှိစေရန်နှင့် ရေနုတ် မြောင်းအနီးနေထိုင်သူများ စိုးရိမ် ပူပန်မှုမဖြစ်စေရန်အတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ က လူအား၊ စက်ယန္တရားအားများ အသုံးပြု၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။

အောင်ချမ်းသာ ရေနုတ်မြောင်း မြေထိန်းအုတ်နံရံပြိုကျခြင်းကိစ္စကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း နှင့်တံတား)တာဝန်ရှိသူက ''ယခုပြိုကျ တဲ့အုတ်နံရံအရှည်ပေက ၁၇ဝ နီးပါး ရှိပါတယ်။ ရေနုတ်မြောင်းဘေးနေထိုင် တဲ့တိုက်တွေနဲ့ဆိုရင် ၁၂ ပေလောက် ဝေးကွာပါတယ်။ နေထိုင်သူများ စိုးရိမ်ပူပန်မှုမရှိစေရန် မြို့တော် စည်ပင်တာဝန်ရှိသူတွေဟာ အချိန် နှင့်တစ်ပြေးညီရောက်ရှိကာ ပြိုကျတဲ့ နေရာတွေမှာ ဝါးကတ်များကာပြီး မျောတိုင်များဖြင့် ယာယီတုတ်ရိုက်ခြင်း၊ သဲအိတ်များချခြင်းကို အပူတပြင်း ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့ပါ တယ်။ ယာယီဝါးကတ်နဲ့ တုတ်ရိုက် ပြီးသွားတဲ့အချိန်မှာ ဆက်လက်ပြီး အနံ ၁ဝ လက်မ အရှည်ပေ ၃ဝ ရှိတဲ့ သံပေါင်တွေ မြေကြီးထဲရိုက်သွင်းပြီး ကွန်ကရစ်နံရံကို တည်ဆောက်သွား မှာဖြစ်ပါတယ်''ဟု ဌာနစုမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

ယခုလိုပြိုကျခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူက ''ရေနုတ်မြောင်းနဲ့ လူနေအိမ်နောက်ဖေးက ၁၂ ပေကျော် သာဝေးကွာပါတယ်။ အချို့နောက် ဖေးအိမ်တွေက စားကြွင်းစားကျန် စွန့်ပစ်ရာမှ မြေကြွက်များဖောက်မှု ကြောင့် ကြွက်တွင်းထဲ ရေဝင်ပြီး အခုလိုပြိုကျခြင်းဖြစ်တယ်လို့ ယူဆရ တယ်။ အောင်ချမ်းသာရေနုတ်မြောင်း ဟာ ရေစီးအလွန်အားကောင်းတာ လဲဖြစ်တယ်'' ဟုပြောကြားသည်။

သဲအိတ်များချခြင်း၊ ဝါးကတ်များ ကာရံခြင်းနှင့် မျောတိုင်တုတ်ရိုက်ခြင်း လုပ်ငန်းများပြီးစီးသည်နှင့် အနံ ၁ဝ လက်မ အရှည် ပေ ၃ဝ သံပေါင် များကို မြေကြီးထဲရိုက်သွင်းပြီး ကွန်ကရစ်လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရန် မီနီမြေတူး မြေကော် စက်နှစ်လုံး၊ အလုပ်သမားအင်အား ၄ဝ ကျော်နှင့် တာဝန်ရှိသူအဆင့်ဆင့် က ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

(စောသိန်းဝင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)