ေရဆင္းခ်ိဳးရာမွ ေရတြင္းထဲျပဳတ္က်၍ သံဃာေတာ္တစ္ပါးပ်ံလြန္


ဘားအံ ေမ ၁၈

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ လွာကာေက်းရြာအုပ္စု၊ မမဲေတာင္ေက်းရြာ၊ မမဲေတာင္ ေတာင္ေျခေရတြင္းသို႔ ေရဆင္းခ်ိဳးသည့္ သံဃာေတာ္(၁)ပါးမွာ ေရတြင္း ထဲျပဳတ္က်ရာမွ ပ်ံလြန္ေတာ္မူသြားေၾကာင္း ဖားပုေက်းရြာရာအိမ္မွဴး ဦးစိုးတင့္မွ ေမလ(၁၇)ရက္ေန႔ ညေန(၆)နာရီ၊ မိနစ္(၃၀)တြင္ ၿမိဳင္ကေလးရဲစခန္းသို႔ ဖုန္းျဖင့္အေၾကာင္း ၾကားလာခဲ့ေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာသို ့ၿမိဳင္ကေလးစခန္းမွဴးရဲအုပ္ဝင္းႏုိင္ ဦးစီးအဖြဲ႔မွ သက္ေသမ်ားျဖင့္ သြားေရာက္ စစ္ေဆးရာပ်ံလြန္ေတာ္မူ (ေသဆံုး)သည့္ ဆရာေတာ္မွာ ရွင္နႏၵာရိယ(လူအမည္ ႏိုင္ထြန္း) သက္ေတာ္ ၂၂ ႏွစ္ ဝါေတာ္(၂)ဝါ (ဘ)ဦးစိန္လိႈင္ ကရင္/ဗုဒၶ မမဲေတာင္၊ ေတာင္ေပၚဘုန္းႀကီးေက်ာင္း လွာကာေက်းရြာအုပ္စု ဘားအံၿမိဳ႕နယ္တြင္ သီတင္းသံုးေနသူျဖစ္ေၾကာင္းသိရၿပီး အေလာင္း အားစစ္ေဆးရာျပင္ပဒဏ္ရာတစ္စံုတစ္ရာေတြ႔႐ွိရျခင္းမ႐ွိေၾကာင္း စစ္ေဆး သိ႐ွိရသည္။

ျဖစ္စဥ္အား စံုစမ္းေမးျမန္းရာ (၁၇ -၅ -၂၀၁၆) ရက္ေန႔ညေန(၆)နာရီ အခ်ိန္ခန္႔ လွကာေက်းရြာအုပ္စု၊ မမဲေတာင္ရြာ၊ မမဲေတာင္ေပၚဘုန္းႀကီးေက်ာင္း၌အတူ သီတင္းသံုးသည့္ ဦးဇင္းဦးဝီရိယႏွင့္အတူ (ပ်ံလြန္ေတာ္မူသည့္) ရွင္နႏၵရိယတို ့(၂)ပါး မွာ မမဲဲေတာင္ေျခရွိ ေရတြင္းသို႔ ေရခ်ိဳးဆင္းခဲ့ေၾကာင္း၊ ေရခိ်ဳးျပီးေတာင္ေပၚ ေက်ာင္းသို႕ျပန္တက္စဥ္ ရွင္နႏၷရိယမွာ ေရတြင္းႏႈတ္ခမ္းေဘးေျခေခ်ာ္လဲက်ျပီး ေရတြင္းထဲသို႕ျပဳတ္က်ကာ
(ပ်ံလြန္ေသဆုံး)ျခင္း ျဖစ္ေၾကာင္း၊ ဆရာေတာ္မွာ အတတ္ေရာဂါ (ဝတ္႐ူးပ်ံေရာဂါ) ခံစားေနရသူလည္း ျဖစ္ေၾကာင္း စံုစမ္းသိ႐ွိရျပီး၊ ဆရာေတာ္၏ ႐ုပ္ကလပ္အား ဘားအံေဆးရံုႀကီးသို႔ ရဲေဆးစာျဖင့္ ပို႔ေဆာင္ထား႐ွိခဲ့သည္။

အခင္းျဖစ္ေနရာ စစ္ေဆးေတြ ့႐ွိခ်က္မ်ားအရ ေရတြင္းမွာ အနက္(၉)ေပခန္႔႐ွိေၾကာင္း၊ ေရတြင္းေဘးပတ္လည္တြင္ အကာအရန္ျပဳလုပ္ထားျခင္း မ႐ွိေၾကာင္း၊ ေရတြင္းေဘးေျမသားေဘာင္မွာ ေရႏွင့့္ထိေတြ႔၍ ေခ်ာ္ေနသည့္ အေျခအေန႐ွိေၾကာင္း အခင္းျဖစ္ေနရာအား စစ္ေဆးေတြ႔႐ွိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဆရာေတာ္ေသဆံုးမႈအား အေသးစိတ္စစ္ေဆးႏိုင္ရန္အတြက္ ရဲအုပ္ဝင္းႏိုင္မွ တရားလိုျပဳလုပ္၍ ဘားအံၿမိဳ႕မရဲစခန္း တြင္ ေသမႈေသခင္းအမွတ္စဥ္(၁၀/၂၀၁၆)ေရးဖြင့္၍ ဆက္လက္စစ္ေဆးလွ်က္႐ွိေၾကာင္းသိရသည္။

ဘားအံသတင္း
........

ဘားအံ မေ ၁၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ မမဲတောင်ကျေးရွာ၊ မမဲတောင် တောင်ခြေရေတွင်းသို့ ရေဆင်းချိုးသည့် သံဃာတော်(၁)ပါးမှာ ရေတွင်း ထဲပြုတ်ကျရာမှ ပျံလွန်တော်မူသွားကြောင်း ဖားပုကျေးရွာရာအိမ်မှူး ဦးစိုးတင့်မှ မေလ(၁၇)ရက်နေ့ ညနေ(၆)နာရီ၊ မိနစ်(၃၀)တွင် မြိုင်ကလေးရဲစခန်းသို့ ဖုန်းဖြင့်အကြောင်း ကြားလာခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို ့မြိုင်ကလေးစခန်းမှူးရဲအုပ်ဝင်းနိုင် ဦးစီးအဖွဲ့မှ သက်သေများဖြင့် သွားရောက် စစ်ဆေးရာပျံလွန်တော်မူ (သေဆုံး)သည့် ဆရာတော်မှာ ရှင်နန္ဒာရိယ(လူအမည် နိုင်ထွန်း) သက်တော် ၂၂ နှစ် ဝါတော်(၂)ဝါ (ဘ)ဦးစိန်လှိုင် ကရင်/ဗုဒ္ဓ မမဲတောင်၊ တောင်ပေါ်ဘုန်းကြီးကျောင်း လှာကာကျေးရွာအုပ်စု ဘားအံမြို့နယ်တွင် သီတင်းသုံးနေသူဖြစ်ကြောင်းသိရပြီး အလောင်း အားစစ်ဆေးရာပြင်ပဒဏ်ရာတစ်စုံတစ်ရာတွေ့ရှိရခြင်းမရှိကြောင်း စစ်ဆေး သိရှိရသည်။

ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ (၁၇ -၅ -၂၀၁၆) ရက်နေ့ညနေ(၆)နာရီ အချိန်ခန့် လှကာကျေးရွာအုပ်စု၊ မမဲတောင်ရွာ၊ မမဲတောင်ပေါ်ဘုန်းကြီးကျောင်း၌အတူ သီတင်းသုံးသည့် ဦးဇင်းဦးဝီရိယနှင့်အတူ (ပျံလွန်တော်မူသည့်) ရှင်နန္ဒရိယတို ့(၂)ပါး မှာ မမဲဲတောင်ခြေရှိ ရေတွင်းသို့ ရေချိုးဆင်းခဲ့ကြောင်း၊ ရေချိုးပြီးတောင်ပေါ် ကျောင်းသို့ပြန်တက်စဉ် ရှင်နန္နရိယမှာ ရေတွင်းနှုတ်ခမ်းဘေးခြေချော်လဲကျပြီး ရေတွင်းထဲသို့ပြုတ်ကျကာ
(ပျံလွန်သေဆုံး)ခြင်း ဖြစ်ကြောင်း၊ ဆရာတော်မှာ အတတ်ရောဂါ (ဝတ်ရူးပျံရောဂါ) ခံစားနေရသူလည်း ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး၊ ဆရာတော်၏ ရုပ်ကလပ်အား ဘားအံဆေးရုံကြီးသို့ ရဲဆေးစာဖြင့် ပို့ဆောင်ထားရှိခဲ့သည်။

အခင်းဖြစ်နေရာ စစ်ဆေးတွေ ့ရှိချက်များအရ ရေတွင်းမှာ အနက်(၉)ပေခန့်ရှိကြောင်း၊ ရေတွင်းဘေးပတ်လည်တွင် အကာအရန်ပြုလုပ်ထားခြင်း မရှိကြောင်း၊ ရေတွင်းဘေးမြေသားဘောင်မှာ ရေနှင့့်ထိတွေ့၍ ချော်နေသည့် အခြေအနေရှိကြောင်း အခင်းဖြစ်နေရာအား စစ်ဆေးတွေ့ရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆရာတော်သေဆုံးမှုအား အသေးစိတ်စစ်ဆေးနိုင်ရန်အတွက် ရဲအုပ်ဝင်းနိုင်မှ တရားလိုပြုလုပ်၍ ဘားအံမြို့မရဲစခန်း တွင် သေမှုသေခင်းအမှတ်စဉ်(၁၀/၂၀၁၆)ရေးဖွင့်၍ ဆက်လက်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။


ဘားအံသတင်း
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)