




5 Plus News



....................................

 စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့ ဖခင်က သမီးဖြစ်သူကို ကတ်ကြေးနဲ့ ထိုးသတ်ခဲ့မှု သာကေတမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

 မေလ (၁၇)ရက်၊ မနက် (၁၀)နာရီ (၄၅)မိနစ်ခန့်က သာကေတမြို့နယ် မာန်ပြေ(၁၀)လမ်းမှာ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ ဖခင်က သမီးဖြစ်သူ မယဉ်ယဉ်ထွန်းကို ပန်းညှပ်ကပ်ကြေးနဲ့ ထိုးသတ်ခဲ့တာကြောင့် နေရာမှာတင် ပွဲချင်းပြီးသေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။

 သားဖနှစ်ယောက် စကားများရာကနေ ဖခင်ကကတ်ကြေးနဲ့ ထိုးခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူဟာ စိတ်ရောဂါဆေးတွေသောက်နေရတဲ့ သူဖြစ်တယ်လို့ သာကေတမြို့မ ရဲစခန်းရဲ့ စခန်းမှူးက 5Plus ကိုပြောပါတယ်။

 ဒီအမှုနဲ့ပတ်သတ်ပြီး ကပ်ကြေးနဲ့ထိုးခဲ့တဲ့ ဖခင်ဖြစ်သူကို သာကေတမြို့မရဲစခန်းက ပြစ်မှုပုဒ်မ (၃၀၂)အရ အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews

Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)