ရေသယ်ယာဉ် ကြိတ်မိ၍ အမျိုးသမီးတစ်ဦးသေဆုံး





............

မြင်းခြံမြို့ အမှတ် (၁) သံမဏိစက်ရုံ အေးရှားလ်ဝေါလ် ကုမ္ပဏီဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ယာတွင် မေလ (၃၀)ရက်နေ ့နံနက် ၁၁း၃၀ အချိန်က အမျိုးသမီးတစ်ဦး ရေသယ်ယာဉ် နောက်ဘီးဖြင့် ကြိတ်မိ သေဆုံး ခဲ့ကြောင်း သိရသည်။


ဖြစ်ပွားပုံမှာ- ယာဉ်မောင်းဦးညိုမောင်သည် 6A/7120(Hino) ရေသယ်ယာဉ်အား မောင်းနှင်လျက် အိမ်ယာအတွင်း ရေများလိုက်လံ ဖြန့်ဝေပေးနေစဉ် လိုင်းခန်းနေ ဒေါ်ပု(၇၈)နှစ်သည် ယာဉ်၏ဝဲဘက်ဘေးမှ ရေပိုက်ကို ကိုင်၍လိုက်သွားရာ အရှိန်မထိန်းနိုင်ဘဲ လဲကျသွားပြီး ယာဉ်၏ဝဲဘက် နောက်ဘီးဖြင့် ကြိတ်မိကာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေးဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါအမှုအား မြင်းခြံနယ်မြေ ရဲစခန်းမှယာဉ်(ပ) ၂၂/၂၀၁၆ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


Htun Lin Media - Taungtha
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)