လှိုင်းဘွဲ့ခရစ်ယာန်ချာ့ခ်ျတွင်း မြိုင်ကြီးငူ ကျူးအဆောက်အအုံ တိုးချဲ့ဆောက်နေပြန်


ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာရှိ ရှင်မာကု အင်္ဂလိကန် ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းခြံစည်းရိုးကိုဖြိုဖျက်ပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့က မြိုင်ကြီးငူဆရာတော် ဦးသုဇန ဦးဆောင်သော လူအုပ်ဖြင့်အ တင်းဝင်ရောက် စေတီတည်သွားခဲ့သည်။
ယခုအခါတွင် ဒုတိယမ္မိအနေဖြင့် ထိုစေတီကို အကြောင်းပြုပြီး အဆိုပါ ခရစ် ယာန် ဘုရားကျောင်းဝင်းအတွင်းတွင် နောက်ထပ်အဆောက်အအုံများ ဆက် လက်ဆောက်လုပ်ရန် ၂၀၁၆ ခုနှစ် မေလ ၂ရက်နေ့ ညနေ ငါးနာရီခန့်မှစြ ပီး မြိုင်ကြီးငူ ဆရာတော် နှင့် လူ သုံးလေးရာခန့် ထပ်မံလာရောက်ခဲ့ပြီး ဘုရားေ ကျာင်းဝင်းအတွင်းရှိ သစ်ပစ်များကို ခုတ်ခြင်း၊ မြေညှိခြင်း စသည်များကို ခရစ် ယာန်ဘုရားကျောင်း၏ ခွင့်ပြုချက်မရှိဘဲ အတင်းအဓမ္မ ဆက်လက်လုပ်ကိုင်နေခဲ့သည်။
မေလ ၃ရက်နေ့တွင်လည်း အဆောက်အအုံသစ်အတွက် မြေသန့်ခြင်း ၊ ဖော င်ဒေးရှင်းချခြင်း၊ ပရိတ်ရွတ်ခြင်း နှင့် အဆောက်အအုံဆက်လက်ဆောက် လု ပ်ခြင်းများကို ရှေ့တိုးဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။ ယခုတင် ထားေ သာပုံများမှာ ၂၀၁၆ ခုနှစ်၊ မေလ ၂ရက်နေ့ကပုံများနှင့် ၊ ၂၀၁၆ ခုနှစ် မေလ ၃ရ က်နေ့၊ ပြီးခဲ့သည့် နာရီပိုင်းအတွင်းက ရိုက်ကူးထားခဲ့သည့် ဓာတ်ပုံ များဖြစ်ပါ သည်။ မြိုင်ကြီးငူဆရာတော်မှာ ကားပေါ်မှပင် ပဋ္ဌာန်းတိုင်ပြီးရွတ် ဖတ် ပေးကြော င်း သိရသည်။
ခရစ်ယာန်ဘုရားကျောင်းမှ အသင်းသူအသင်းသားများမှာ လွန်စွာစိုးရွံ့ထိတ် လန့်နေကြပြီး စိတ်ထိခိုက်လျက်ရှိကြောင်း သက်ဆိုင်ရာ အသင်းတော်မှ ဆရာတော်တစ်ဦး၏ facebook စာမျက်နှာတွင် ရေးသားထားသည်ကိုလ ည်း တွေ့ရသည်။
Photo credit : Saw Francis Smile Lynn & John Kanyaw Say
........................................................
3.5.2016 အင်္ဂါနေ့
ကွမ်းတောဘုရားကျောင်းဝင်းအတွင်း သိမ်ဆောက်ရန်မြေနေရာ, စေတီနောက်တစ်ဆူထပ်တည်ရန်မြေနေရာကို ဌာပနာလုပ်ထားခြင်း, သစ်ပင်များခုတ်လှဲထားခြင်း။
အားလုံးသိရှိအောင်တင်ပြထားခြင်းဖြစ်ပါသည်။Postကိုမတင်ချင်တော့ဘူး ဒါပေမယ့်ကျွန်တော်တို့အင်္ဂလီကန်အသင်းသားများသိစေရန် ရည်ရွယ်တာပါ။ အားကြရင်လည်း လာရောက်နှစ်သိမ့်အားပေးနိုင်ပါတယ်။အသင်းသူ အသင်းသားတွေလည်း အရမ်းစိတ်ထိခိုက်နေကြရတယ် ထိတ်လှန့်နေကြရတယ် သူတို့အတွက်လည်းအထူးဆုတောင်းပေးကြပါအုံး
Saw Francis Smile Lynn









Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)