





သေဆုံးသွားသူနဲ့ အရေးပေါ် ဆေးကုသခံနေသူ ၂ ဦးဟာ ကော့ကရိတ် အမှတ် ၇ တံတားဦးပိုင်းသားတွေ ဖြစ်ပါတယ်။
Yamoun Nar
...........

အဖြစ်မှန်ကိုပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံနေရတဲ့ ကော့ကရိတ်က လူသတ်မှု

ကော့ကရိတ် အာရှလမ်းကနေ မြဝတီသွားတဲ့လမ်း ကော့နွှဲအနီးမှာ မေလ ၁၃ ရက်နေ့ ည ၈ နာရီခွဲ လောက်က လူ ၂ ဦး ဆိုင်ကယ်မှောက်တယ်ဟုဆိုကာ ဒဏ်ရာတွေနဲ့အတူ ကော့ကရိတ် ဆေးရုံကြီးကို အရေးပေါ်ရောက်လာခဲ့တယ်။

အခင်းအဝါနဲ့လူ သေဆုံးခဲ့ပြီး
အခင်းအပြာနဲ့လူနာကို မဲဆောက်ဆေးရုံပို့ပြီး အရေးပေါ် ကုသနေရတယ်။

သေဆုံးသူရဲ့ ဝမ်ဘိုက်မှာ ကျည်ဝင်ကျည်ထွက်ဒဏ်ရာကို တွေ့ရပြီး ကာယကံရှင်မိသားစုကို အခြေအနေ မေးမြန်းကြည့်ရာမှာ လက်နက်ကိုင် အဖွဲ့တဖွဲ့က ဆိုင်ကယ်မှောက်တယ်လို့ပဲပြောခိုင်းထားပြီး အဖြစ်မှန်ပြောရင် သတ်ပစ်မယ် ခြိမ်းခြောက်ခံထားရတယ်လို့ ခိုင်လုံတဲ့ ဒေသခံ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရတယ်။

ကော့ကရိတ်ဆေးရုံကိုသွားကြည့်တဲ့ မျက်မြင်ကိုယ်တွေ့ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သူတို့ ၂ ဦး ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေဟာ ကားနဲ့ တိုက်၊ ထုထောင်းရိုက်နှက် ညှဉ်းပန်းထားတဲ့ ဒဏ်ရာမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူနဲ့ အရေးပေါ် ဆေးကုသခံနေသူ ၂ ဦးဟာ ကော့ကရိတ် အမှတ် ရ တံတားဦးပိုင်းသားတွေ ဖြစ်ပါတယ်။
Yamoun Nar


Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)