ဆရာတော်က သိမ်ဆောက်ဖို့ ပန္နက်ချတဲ့နေရာကိုတောင် ဆရာတော်လိုချင်ရင် ယူလိုက်


မြိုင်ကြီးငူဆရာတော်က ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း စေတီများလိုက်လံတည်နေခြင်းကြောင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ခရစ်ယာန်သာသနာပိုင်ဆရာတော်များအား တောင်းပန်ခဲ့ပြီး ခရစ်ယာန် သာသနာပိုင်ဆရာတော် စောစတိုင်လိုက နားလည် လက်ခံပေးခဲ့ပါတယ်။

‘‘ဝန်ကြီးက ကွမ်းတောက ခရစ်ယာန်ဘုရားကျောင်းမှာ ခရစ်ယာန်သာသနာပိုင် ဆရာတော် တွေနဲ့ တွေ့တယ်။ တွေ့တဲ့အခါ ညှိနှိုင်းတာပေါ့။ ကျွန်တော် တောင်းပန်ပါတယ်ပေါ့။ ဒီလိုဖြစ် တဲ့ကိစ္စကို။ အဲဒါကို ဘယ်လိုဖြစ် ချင်လဲဆိုတာ အေးအေးဆေးဆေးဖြစ်တဲ့အခါ ကျွန်တော်တို့ ပြန်ပြီး ညှိကြရအောင်။ အခုလောလောဆယ် တစ်ဖက်နဲ့တစ်ဖက် ပဋိပက္ခမပွားအောင် နေကြပေါ့။ အဲဒီလိုပြောတဲ့အခါ ခရစ်ယာန်သာသနာ ပိုင် ဆရာတော်တွေကလည်း ကောင်းပါတယ်။ ဒါနဲ့ပတ်သက်ပြီး အခု လောလောဆယ် ဆရာတော်က သိမ်ဆောက်ဖို့ ပန္နက်ချတဲ့နေရာကိုတောင် ဆရာတော်လိုချင်ရင် ယူလိုက်ဆိုပြီး ပေးပါတယ်’’
ဦးမန်းတင်ဝင်း
ကရင်ပြည်နယ် သာသနာရေးဝန်ကြီး


Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)