မုန်တိုင်း သောကြာနေ့သန်းခေါင်တွင် မော်လမြိုင်ကို တနာရီ မိုင်၅၀နှုန်းနဲ့ ဝင်မည်
ဆက်သွယ်မေးမြန်းပါ)
မုန်တိုင်းက
မိုးရွာသွန်းမှု
၇။သောကြာနေ့ ညနေမှာ အနောက်ဖက် ဟင်္သာတကနေ ပဲခူးရိုးမကိုကျောက်ပြီး ဖြူးကို ကျော်ပြီး ရှမ်းရိုးမပေါ်အထိ မိုးရေချိန် တလက်မခွဲကနေ နှစ်လက်မအထိ မိုးအလွန်ကြီးပါမယ် အမြန်လမ်းပေါ်ခရီးသွားများ အထူးသတိပြုစေလိုပါတယ် မိတ္ထီလာ ပော်ျဘွယ် ရမည်းသင်း ကနေ ကလော ပင်းတယ တောင်ကြီးဘက်တွေမှာပါ မိုးကြီးပါမယ် ကယားပြည်နယ် ကရင်ပြည်နယ်အထက်ပိုင်း မွန်ပြည်နယ်အထက်ပိုင်တွေလည်း မိုးကြီးပါမယ် လွိုင်ကော်ကနေ မော်လမြိုင်အထိ အောက်တကြော မိုးကြီးပါမယ် ထိုင်းနိုင်ငံထဲကို မိုးဝင်သွားပါပြီ ထိုင်းနိုင်ငံထဲက သံလွင်အမျိုးသားဥယာဉ်မှာ မိုးကြီးနေပါပြီ
________________________________
Credit: Ma Aye Mi Khine
Photo: U Htay Tint
..................
မုန်တိုင်းက သောကြာနေ့သန်းခေါင်မှာ မော်လမြိုင်ကို တနာရီ မိုင်၅၀နှုန်းနဲ့ ဝင်ပါမယ် (windyty ကရတဲ့ အချက်အလက်ပါ ဆရာဦးထွန်းလွင် နဲ့ ဆရာဦးဌေးတင့်တို့ကို ဆက်သွယ်မေးမြန်းပါ)
မုန်တိုင်းက
၁။ ရခိုင်ပြည်နယ် အပေါ်ပိုင်း ကျောက်ဖြူကို ကြာသပတေး ညဦးပိုင်းကနေ စဝင်ပါမယ် တနာရီလေတိုက်နှုန်း မိုင် ၄၀လောက်ရှိပါမယ်
၂။ ရခိုင်ကမ်းရိုးတမ်း တလျှောက်လုံး မုန်းတိုင်းဒဏ်ခံရပါမယ် သံတွဲ ငပလီ ချောင်းသာ ငွေဆောင် ဟိုင်းကြီးကျွန်း သောကြာနေ့တနေ့လုံးဖြစ်ပါတယ် လေကလည်း တနာရီ ၄၅မိုင်လောက်တိုက်ပါမယ်
၃။ အဲဒီ သောကြာတနေ့လုံးမှာ ဧရာဝတီတိုင်း အောက်ပိုင်းတခုလုံးလည်း မုန်တိုင်းဒဏ်ခံရပါမယ် ပြင်စလူ လပွတ္တာ ကဒုံကနိ မိန်းမလှကျွန်း ဘိုကလေး ဖျာပုံ ကျိုက်လတ် ဒေးဒရဲ ကွမ်းခြံကုန်း စတဲ့ မြစ်ဝကျွန်းပေါ် နေရာတွေမှာ လေကြမ်းပါမယ် တနာရီ ၄၅မိုင် ရှိပါမယ် မြောင်းမြ ငပုတော ပုသိမ် ဝါးခယ်မ မော်ကျွန်း မအူပင် တွံတေး စတဲ့နေရာတွေ အဖျားခတ်ပါမယ်
၄။ သေကြာနေ့ညနေ မုန်တိုင်းက ရန်ကုန်ကို ဝင်ပါပြီ ရန်ကုန် ဒလ သန်လျင် သုံးခွ ကျောက်တန်း တံတား ခရမ်း စစ်တောင်းမြစ်ဝှမ်း ပဲခူး ဝေါ ကျိုက်ထို ဘီးလင်း သထုံ စတဲ့နေရာတွေ အကုန်ပါပါတယ် တနာရီလေတိုက်နှုန်း ၄၅မိုင်ရှိပါမယ်
၅။ သောကြာနေ့ သန်းခေါင်အချိန်မှာ မုန်တိုင်းက မော်လမြိုင်ကို တနာရီမိုင် ၅၀ နှုန်း နဲ့ ဝင်ပါမယ် စစ်တောင်းမြစ်ဝ အရှေ့ဘက်ခြမ်းတွေမှာလည်း လေပိုကြမ်းလာပါမယ်
၆။ မုဒုံ သံဖြူဇရပ် ကျိုက်ခမီ လမိုင်း ရေး တို့ဘက်ကို လေစီးကြောင်း ရွေ့ပါမယ် ထားဝယ်ကို အဖျားခတ်ပါမယ် စနေနေ့ညနေမှာ မုန်တိုင်း အားပျော့သွားပါမယ်
မိုးရွာသွန်းမှု
၁။ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှ စကာ ဧရာဝတီတိုင်းအောက်ပိုင်းမှာ တိမ်ထူပြီး မိုးစရွာပါမယ် ကျန်ပြည်နယ် နဲ့ တိုင်းများမှာလည်း နေရာကျဲကျဲ မိုးရွာနိုင်ပါတယ်
၂။ ကြာသပတေး မနက် အရုဏ်တက်မှာ ပဲခူး နဲ့ ပဲခူးရိုးမပေါ်မှာ မိုးကြီးပါမယ် တနာရီကို ဒသမ တစ်သုံး လက်မနှုန်း ရွာပါမယ်
၃။ကြာသပတေး နေ့လည်မှာ မိုးစဲသွားပြီး ကြာသပတေးသန်းခေါင်မှာ ကျောက်ဖြူနဲ့ မာန်အောင်ကျွန်းတွေမှာ မိုးကြီးပါမယ် တနာရီကို လက်မဝက်နှုန်းလောက်နဲ့ ရွာပါမယ် သတိပြုရပါမယ်
၄။ သောကြနေ့ အရုဏ်တက်အချိန်မှာ မိုးကြီးမှုက ရခိုင်ရိုးမကို ကျော်လာပါပြီ အောင်လံ ပြည် ပေါင်းတည် မြန်အောင် တို့ဘက် မိုးကြီးပါမယ် တနာရီ လက်မဝက်လောက်ရွာပါမယ်
၅။ သောကြာနေ့ မနက်ဝေလီဝေလင်းမှာ တောင်ကုတ်တဝိုက် နဲ့ အနီးအနားက ရခိုင်ရိုးမပေါ်မှာ မိုးရေချိန် တနာရီ တလက်မခွဲနှုန်းလောက်ကိုရွာပါမယ် အထူးသတိပြုရပါမယ် ပဲခူးရိုးမအပေါ်မှာ မိုးကြီးနေပါပြီ နေပြည်တော်နဲ့ တောင်ငူဘက်မှာလည်း မိုးကြီးပါမယ် ကျိန်တလီ ဂွ ပုသိမ် မြောင်းမြ နဲ့ ဓရာဝတီ မြစ်ဝကျွန်းပေါ်တခုလုံး မိုးသည်းပါမယ်
၆။ သောကြာနေ့မွန်းတည့်အချိန်မှာ ရခိုင်ပြည်နယ်တောင်ပိုင်း ဧရာဝတီတိုင်း ပဲခူတိုင်း ရန်ကုန်တိုင်း ကယားပြည်နယ် ကရင်ပြည်နယ်အထက်ပိုင်း မွန်ပြည်နယ်အထက်ပိုင်း နေပြည်တော် တပ်ကုန်း ပျဉ်းမနား လယ်ဝေး ဧလာ ရေနီ တောင်ငူ ဖြူး အောက်တကြောလုံး မိုးအလွန်ကြီးပါမယ် ကျိန်တလီ ဂွ ကြားကနေ ဇီးကုန်း ကြို့ပင်ကောက်ကြား ဒါးလွယ်ခုတ်အတိုင်းနေရာတွေမှာ တနာရီကို တလက်မခွဲနှုန်းလောက်ရွာပါမယ် အထူးသတိပြုရပါမယ်
၇။သောကြာနေ့ ညနေမှာ အနောက်ဖက် ဟင်္သာတကနေ ပဲခူးရိုးမကိုကျောက်ပြီး ဖြူးကို ကျော်ပြီး ရှမ်းရိုးမပေါ်အထိ မိုးရေချိန် တလက်မခွဲကနေ နှစ်လက်မအထိ မိုးအလွန်ကြီးပါမယ် အမြန်လမ်းပေါ်ခရီးသွားများ အထူးသတိပြုစေလိုပါတယ် မိတ္ထီလာ ပောျ်ဘွယ် ရမည်းသင်း ကနေ ကလော ပင်းတယ တောင်ကြီးဘက်တွေမှာပါ မိုးကြီးပါမယ် ကယားပြည်နယ် ကရင်ပြည်နယ်အထက်ပိုင်း မွန်ပြည်နယ်အထက်ပိုင်တွေလည်း မိုးကြီးပါမယ် လွိုင်ကော်ကနေ မော်လမြိုင်အထိ အောက်တကြော မိုးကြီးပါမယ် ထိုင်းနိုင်ငံထဲကို မိုးဝင်သွားပါပြီ ထိုင်းနိုင်ငံထဲက သံလွင်အမျိုးသားဥယာဉ်မှာ မိုးကြီးနေပါပြီ
၈။သောကြာနေ့သန်းခေါင်မှာ ကယားပြည်နယ်တခုလုံး ပဲခူးတိုင်းအရှေ့ခြမ်း ကရင်ပြည်နယ်အထက်ပိုင်း မွန်ပြည်နယ်အထက်ပိုင်းတွေ မိုးဆက်ကြီးနေပါမယ် ရွှေကျင် ဖာပွန် ဖားဆောင်း ဒီမောဆိုး ဘော်လခဲ တို့မှာ တနာရီ မိုးရေချိန် လက်မဝက်နှုန်း အချို့နေရာတွေမှာ လက်မဝက်ကျော်အထိ မိုးကြီးပါမယ်
၉။ စနေနေ့ မနက်ခင်း ကယားပြည်နယ်မှ မိုးစဲသွားပြီး ကရင်ပြည်နယ်အထက်ပိုင်း မွန်ပြည်နယ်တွေမှာ မိုးဆက်သည်းနေပါဦးမယ်
မော်လမြိုင်မှာ မိုးရေချိန် တနာရီကို လက်မဝက်ကျော်ပါမယ် ဘားအံမှာ မိုးရေချိန် တလက်မနီပါးရွာပါမယ် လှိုင်းဘွဲ့ကနေ အရှေ့ဘက် ထိုင်းနယ်မြေထဲအထိ မိုးရေချိန် တနာရီ တလက်မခွဲကျော်တဲ့အထိ ရွာပါလိမ့်မယ်
၁၀။ စနေမွန်းတည့်အချိန်မှာ မိုးက မော်လမြိုင်အောက်ဘက်ရောက်သွားပါပြီ ထားဝယ်မှာ မိုးကြီးပါမယ် ကျိုက်ခမီမှာ မိုးရေချိန် တနာရီ လက်မဝက်ကျော်ပါမယ် ကွမ်းထာ သံဖြူဇရပ် ကျိုက်ပိ စခန်းကြီး နဲ့ အနင်းရွာတွေမှာ မိုးရေချိန် တနာရီ တလက်မခွဲလောက် ကြီးပါမယ် အဲဒီအရှေ့ဘက် တကြောလုံး ကြာအင်းဆိပ်ကြီး ကျိုက်ဒုံ နဲ့ ထိုင်းနယ်မြေထဲအထိ မိုးရေချိန် တလက်မခွဲကျော်ပါလိမ့်မယ်
၁၁။ စနေနေ့သန်းခေါင်အချိန်မှာ မွန်ပြည်နယ်အောက်ပိုင်း ကရင်ပြည်နယ်အောက်ပိုင်း နဲ့ တနင်္သာရီတိုင်းဒေသကြီးတခုလုံးမှာ မိုးကြီးပါမယ် မိုးရေချိန် တနာရီ လက်မဝက်လောက်ရှိပါမယ်
ကျန်တဲ့ရက်တွေမှာလည်း မိုးဆက်ဖို့ ရှိပါတယ် အချက်အလက်တွေက ၆နာရီတကြိမ် အပြောင်းအလဲရှိပါမယ်
ဒီတိမ်တိုက်ကြီးက မြန်မာနိုင်ငံထဲကို ဝင်မှာ သေချာသလောက်ရှိနေပါပြီ အင်္ဂါနေ့မနက်စောစောနောက်ဆုံးထားပြီး လေထန်မိုးသည်းနိုင်တဲ့နေရာတွေကို အရေးပေါ်အခြေအနေ ကြေညာသင့်နေပါပြီ မိုးလေဝသ သတင်းနဲ့ပတ်သတ်တဲ့ ရေဒီယို ရုပ်မြင်သံကြားလိုင်း သီးသန့်ထားရှိပေးစေလိုပါတယ် လေထန် မိုးသည်းတာရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ လှိုင်းကြီး ရေတက် တောင်ပြို သစ်ပင်လဲ တောင်ကျချောင်းရေ ကားလမ်းပိတ် မီးပျက် စတာတွေ နဲ့ မုန်းတိုင်းမတိုင်မှီကာလ ကြိုတင်ပြင်ဆင်ထားသင့်တာတွေ မုန်းတိုင်းလွန်ကာလ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ချက်တွေ မုန်တိုင်းကာလ ရင်ဆိုင်စီမံရမှာတွေကို စတင်သင့်နေပါပြီ။
________________________________
Credit: Ma Aye Mi Khine
Photo: U Htay Tint
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)