အာဆီယံ-႐ုရွား ထိပ္သီးစည္းေ၀းပြဲ သမၼတဦးထင္ေက်ာ္ တက္မည္


အာဆီယံ-႐ုရွား ထိပ္သီးစည္းေ၀းပြဲ အင္တာနက္စာမ်က္ႏွာ
႐ုရွားႏုိင္ငံ၊ ဆိုခ်ီၿမိဳ႕မွာက်င္းပမယ့္ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) နဲ႔ ႐ုရွား ဆက္ဆံေရး ႏွစ္ ၂၀ ျပည့္ ထိပ္သီးအစည္းအေ၀းကို တက္ေရာက္ဖို႔ သမၼတဦးထင္ေက်ာ္ ႐ုရွားႏုိင္ငံကို သြားေရာက္မွာျဖစ္ပါတယ္။ အာဆီယံ-႐ုရွား ထိပ္သီးစည္းေ၀းပြဲကိုေတာ့ ေမလ ၁၉ ရက္နဲ႔ ၂၀ ရက္ ႏွစ္ရက္ၾကာ က်င္းပမွ ျဖစ္ပါတယ္။

သမၼတဦးထင္ေက်ာ္ရဲ႕ ႐ုရွားႏုိင္ငံ ခရီးစဥ္မတိုင္ခင္မွာဘဲ ျမန္မာ - ႐ုရွား စစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး သေဘာတူညီခ်က္တရပ္ကို ၿပီးခဲ့တဲ့ အဂၤါေန႔ကမွ လႊတ္ေတာ္က အတည္ျပဳထားတာ ျဖစ္ပါတယ္။ တပ္ပိုင္းဆိုင္ရာ ေလ့က်င့္ေရးလုပ္ငန္းေတြအျပင္ တျခား စစ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈေတြ ပါ၀င္တဲ့ ျမန္မာ-႐ုရွား စစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး သေဘာတူညီခ်က္ကို သမၼတဦးထင္ေက်ာ္ရဲ႕ ခရီးစဥ္ အတြင္းမွာ လက္မွတ္ေရးထိုးလိမ့္မယ္လို႔လည္း ခန္႔မွန္းထားၾကပါတယ္။

႐ုရွားႏုိင္ငံဟာဆိုရင္ အေနာက္ႏုိင္ငံေတြရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈခံေနရဆဲျဖစ္တဲ႔ ျမန္မာႏုိင္ငံကို စစ္လက္နက္ အမ်ားဆံုး ေရာင္းခ်ေပးေနတဲ့ ႏုိင္ငံတႏုိင္ငံ ျဖစ္ပါတယ္။ ဥေရာပသမဂၢက ျမန္မာႏိုင္ငံအေပၚ လက္နက္တင္ပို႔ ေရာင္းခ်မႈ ပိတ္ပင္ထားတာ သက္တမ္းတိုးတဲ့အေၾကာင္း ေၾကျငာခ်က္ထုတ္ျပန္ခဲ့တဲ့ ဧၿပီလ ၂၂ ရက္ေန႔မွာပဲ ႐ုရွားႏိုင္ငံပိုင္ လက္နက္ထုတ္လုပ္ေရးလုပ္ငန္း Rosoboronexport နဲ႔ Irkut တုိ႕က အခုႏွစ္ကုန္မွာ ျမန္မာႏိုင္ငံ ကို Yak – 130 အမ်ဳိးအစား ေလ့က်င့္ေရး တိုက္ေလယာဥ္ ေရာင္းခ်သြားဖို႔ ရွိတယ္လို႔ ႐ုရွား သတင္းမီဒီယာ ေတြမွာ ေဖာ္ျပခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com/
.............


အာဆီယံ-ရုရှား ထိပ်သီးစည်းဝေးပွဲ အင်တာနက်စာမျက်နှာ
ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နဲ့ ရုရှား ဆက်ဆံရေး နှစ် ၂၀ ပြည့် ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ သမ္မတဦးထင်ကျော် ရုရှားနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ အာဆီယံ-ရုရှား ထိပ်သီးစည်းဝေးပွဲကိုတော့ မေလ ၁၉ ရက်နဲ့ ၂၀ ရက် နှစ်ရက်ကြာ ကျင်းပမှ ဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်မတိုင်ခင်မှာဘဲ မြန်မာ - ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တရပ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ လွှတ်တော်က အတည်ပြုထားတာ ဖြစ်ပါတယ်။ တပ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေးလုပ်ငန်းတွေအပြင် တခြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပါ၀င်တဲ့ မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို သမ္မတဦးထင်ကျော်ရဲ့ ခရီးစဉ် အတွင်းမှာ လက်မှတ်ရေးထိုးလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ရုရှားနိုင်ငံဟာဆိုရင် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံနေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံကို စစ်လက်နက် အများဆုံး ရောင်းချပေးနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားတာ သက်တမ်းတိုးတဲ့အကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာပဲ ရုရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးလုပ်ငန်း Rosoboronexport နဲ့ Irkut တို့က အခုနှစ်ကုန်မှာ မြန်မာနိုင်ငံ ကို Yak – 130 အမျိုးအစား လေ့ကျင့်ရေး တိုက်လေယာဉ် ရောင်းချသွားဖို့ ရှိတယ်လို့ ရုရှား သတင်းမီဒီယာ တွေမှာ ဖော်ပြခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)