ကျွန်းလှတွင် လင်မယားချင်း စကားများပြီး အမျိုးသားကြိုးဆွဲချသေဆုံး


စစ်ကိုင်းတိုင်းဒေသကြီးကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာအုပ်စု တွင် ယခုလ ၈ရက် နံနက် ၆နာရီခွဲက လင်မယားချင်း စကားများ ပြီး အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွန်းလှမြို့မရဲစခန်းမှ ဒုရဲအုပ်ရဲလင်းအောင်သည် တာဝန်မှူးဆောင်ရွက်နေစဉ် ဖုန်းသတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာသေဆုံးသူမှာ တင်ဝင်း(ဘ)ဦးကြည် အေးမှာ ရှမ်းစုကျေးရွာ ဇီးဖြူကုန်းကွင်းတွင် ကြိုးဆွဲချသေဆုံးနေ ကြောင်းသိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ကျွန်းလှမြို့မရဲစခန်းအမှုစစ် ဒုရဲမှူးမြင့်ဝင်းကဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)
The Union Daily
http://uniondaily.net/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)