မုဒုံတွင် ညီအစ်ကိုချင်းစကားများရန်ဖြစ်ရာမှ တုတ်ဖြင့်ရိုက်သဖြင့် ညီဖြစ်သူသေဆုံး


မွန်ပြည်နယ် မုဒုံမြို့နယ် ဝက်တဲကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထံသို့ ယမန်နေ့နံနက် ၁၁ နာရီက ယင်းကျေးရွာနေ ဒေါ်မီး(၅၉နှစ်) ရောက်ရှိလာပြီး တစ်အိမ်တည်းအတူနေ ၄င်း၏သားများဖြစ်ကြသော မောင်ဗတ်(၂၇နှစ်)နှင့် မောင်ချမ်းမွန်(၂၅နှစ်) တို့နှစ်ဦးသည် ယခုလ ၅ရက် ညနေ ၅ နာရီက မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာ အနောက်ပိုင်းရှိ အစ်မဖြစ်သူ မငွေအိမ်(၃၆)နှစ်၏ နေအိမ် ခြံဝင်းအတွင်း ၄င်းတို့ မိသားစုရှင်ပြုရဟန်းခံ ကိစ္စဆွေးနွေးညှိနှိုင်းရာမှ စကားများရန်ဖြစ်ကြကြောင်း အကြောင်းကြားခဲ့သည်။

မောင်ဗတ်က ညီဖြစ်သူ ချမ်းမွန်အား တစ်ပေခြောက်လက်မခန့်ရှိ သစ်သားတုတ်ဖြင့် ဦးခေါင်းရိုက်နှက်ခဲ့ရာ ချမ်းမွန်၏ ဝဲဘက် ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံသို့ တင်ပို့ကုသစဉ် ရရှိသောဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းနှင့် မောင်ဗတ်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိ ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝက်တဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က မုဒုံမြို့မရဲ စခန်းသို့ ဆက်လက် သတင်းပေးပို့ခဲ့ရာ ရဲစခန်းမှ ယင်းနေ့ည ၁၂ နာရီတွင် မောင်ဗတ်အပေါ် (ပ) ၆ဝ/၂ဝ၁၆၊ ပြစ်မှုပုဒ် ၃ဝ၂ အရ အမှု ဖွင့်လှစ်၍ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်နိုင်(မွန်)
The Union Daily
https://www.facebook.com/uniondaily.net
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)