ယူရုိေငြ သန္း ၈ဝ ေက်ာ္ စာရင္းရွင္းဖုိ႔ အစုိးရေဟာင္း ကုိ ေက်ာက္မ်က္လုပ္ငန္း ရွင္ေတြ ေတာင္းဆုိ


ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရးေကာ္မရွင္ ဥကၠဌ သူရ ဦးေရႊမန္း ကို ေတြ႔ရစဥ္။ Photo: RFA
သမၼတေဟာင္း ဦးသိန္းစိန္ဦးေဆာင္တဲ့ အစုိးရအဖြဲ႔ဝင္ေဟာင္းေတြအေနနဲ႔ ျမန္မာနိုင္ငံ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ရန္ပံုေငြထဲက စာရင္းေပ်ာက္ေနတဲ့ ယူရိုေငြ ၈၆ သန္းနဲ႔ ပတ္သက္ၿပီး ရွင္းလင္းေပးဖို႔ တိုင္ၾကားစာတေစာင္ကို ျပည္သူ႔လႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရးေကာ္မရွင္ထံ ေက်ာက္မ်က္ရတနာအသင္း ဥကၠဌ ဦးေဆာင္ၿပီး အသင္းရဲ႕အမႈေဆာင္ေတြက စုေပါင္းလက္မွတ္ထိုး ေပးပို႔ခဲ့တယ္လုိ႔ သိရပါတယ္။

ေက်ာက္မ်က္အသင္းရဲ႕ တိုင္ၾကားစာကိုလက္ခံရရွိထားၿပီး၊ ဒီကိစၥကို ကိုင္တြယ္ေျဖရွင္းေပးဖို႔ သက္ဆိုင္ရာဝန္ႀကီးဌာနကို လႊဲထားတယ္လို႔ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ သံုးသပ္ေရး ေကာ္မရွင္အဖြဲ႔ဝင္ ဦးေအးေမာက္က RFA ကိုေျပာပါတယ္။

"ဟုတ္ပါတယ္ တိုင္ၾကားစာေပါ့ မွန္ပါတယ္ခင္ခင္ဗ်၊ ေက်ာက္မ်က္မွာ ရန္ပံုေငြနဲ႔ပတ္သက္လို႔ အလြဲသံုးစားလုပ္ထားတယ္လို႔ ယူဆတဲ့သေဘာေပါ့ေလ၊ အဲ့ဒါေၾကာင့္ ဒါကိုစိစစ္ေပးဖို႔ဆိုၿပီးေတာ့ အဲ့လိုေတာ့ စာေရာက္တယ္လို႔ေျပာတယ္၊ က်ေနာ္တို႔ အဓိကေတာ့ သူတို႔တကယ္ေတာ့ ဝန္ႀကီးဌာနက ကိုင္တာေလ၊ သူတို႔ပဲဆက္ကိုင္မွာဗ်"

၂ဝဝ၉ ခုႏွစ္ကေန ၂ဝ၁၅ ခုႏွစ္အတြင္း ေက်ာက္မ်က္ျပပြဲေတြရဲ႕ ေရာင္းရေငြ ၁ ရာခိုင္ႏႈန္းကို အသင္းရဲ႕ရန္ပံုေငြအျဖစ္ထားခဲ့ေပမယ့္ အဲ့ဒီရန္ပံုေငြဟာ အခုခ်ိန္မွာ ယူရိုေငြ ၇ သန္းပဲ က်န္ေတာ့တဲ့အတြက္ ကြာဟေနတဲ့ ေငြေတြနဲ႔ပတ္သက္ၿပီး စာရင္းရွင္းေပးဖို႔နဲ႔ မရွင္းနိုင္ရင္ အေရးယူေပးဖို႔ တိုင္ၾကားခဲ့တာျဖစ္တယ္လို႔ မႏၱေလး ေက်ာက္မ်က္အသင္း ဥကၠဌ ဦးသန္းဝင္းက ေျပာပါတယ္။

"ႏိုင္ငံေတာ္အခြန္စာက ၇ ရာခိုင္ႏႈန္းေပါ့ေနာ္၊ ၃ ရာခိုင္ႏႈန္းက တကၠသိုလ္ဝန္ႀကီးဌာန၊ ၂ ရာခိုင္ႏႈန္းကေတာ့ ျပပြဲက်င္းပေရးေကာ္မတီေပါ့ေနာ္ အဲ့လိုေကာက္တယ္၊ က်ေနာ္တို႔ လုပ္ငန္းရွင္အသင္းက ဒီဟာကိုစီမံခန္႔ခြဲခြင့္မရဘူးေပါ့၊ ျပပြဲက်င္းပေရးဗဟိုေကာ္မတီက ေငြေၾကးေတြကိုင္တြယ္တယ္၊ သံုးစြဲတယ္ေပါ့ေနာ္၊ အဲ့ဒီကေန ဒီေန႔ဒီၾကားထဲမွာ စာရင္းရွင္းတမ္း တစ္ခါမွမရွိေသးဘူးေပါ့၊ စုစုေပါင္းကေတာ့ ၉၃ သန္းရွိတာေပါ့၊ အခုေလာေလာဆယ္ အၾကမ္းမ်ဥ္းက်န္တဲ့ေငြက ၇ သန္းေလာက္ပဲ က်န္ေတာ့တယ္ၾကားတယ္၊ ဒီအသင္းခြျေတြရဲ႕ ေခါင္းေဆာင္ေတြေပါ့ဗ်ာ ဥကၠဌ၊ အတြင္းေရးမွဴး၊ ဒု-ဥကၠဌတို႔ဘာတို႔ စုေပါင္းၿပီး ၁ဝ ေယာက္ေလာက္ လက္မွတ္ထိုးၿပီးေတာ့ စာပို႔ထားတာေပါ့၊ သူရ ဦးေရႊမန္းဆီကို"

အခုတုိင္ၾကားမႈနဲ႔ပတ္သက္ၿပီး သတၱဳတြင္းဝန္ႀကီးဌာနက သက္ဆုိင္ရာအရာရွိေတြနဲ႔ တိုင္ၾကားထားတဲ့ ေက်ာက္မ်က္အသင္းက ပုဂၢိဳလ္တခ်ဳိ႕ ဒီေန႔ညေနက ေတြ႔ဆုံေဆြးေႏြးခဲ့တယ္လို႔လည္း သိရပါတယ္။ ေဆြးေႏြးပြဲနဲ႔ ပတ္သက္ျပီး အေသးစိပ္ မသိရေသးပါဘူး။

RFA Burmese
http://www.rfa.org/burmese
...............
ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရ ဦးရွှေမန်း ကို တွေ့ရစဉ်။ Photo: RFA
သမ္မတဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေအနေနဲ့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပေးဖို့ တိုင်ကြားစာတစောင်ကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ထံ ကျောက်မျက်ရတနာအသင်း ဥက္ကဌ ဦးဆောင်ပြီး အသင်းရဲ့အမှုဆောင်တွေက စုပေါင်းလက်မှတ်ထိုး ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ကျောက်မျက်အသင်းရဲ့ တိုင်ကြားစာကိုလက်ခံရရှိထားပြီး၊ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနကို လွှဲထားတယ်လို့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအေးမောက်က RFA ကိုပြောပါတယ်။

"ဟုတ်ပါတယ် တိုင်ကြားစာပေါ့ မှန်ပါတယ်ခင်ခင်ဗျ၊ ကျောက်မျက်မှာ ရန်ပုံငွေနဲ့ပတ်သက်လို့ အလွဲသုံးစားလုပ်ထားတယ်လို့ ယူဆတဲ့သဘောပေါ့လေ၊ အဲ့ဒါကြောင့် ဒါကိုစိစစ်ပေးဖို့ဆိုပြီးတော့ အဲ့လိုတော့ စာရောက်တယ်လို့ပြောတယ်၊ ကျနော်တို့ အဓိကတော့ သူတို့တကယ်တော့ ဝန်ကြီးဌာနက ကိုင်တာလေ၊ သူတို့ပဲဆက်ကိုင်မှာဗျ"

၂ဝဝ၉ ခုနှစ်ကနေ ၂ဝ၁၅ ခုနှစ်အတွင်း ကျောက်မျက်ပြပွဲတွေရဲ့ ရောင်းရငွေ ၁ ရာခိုင်နှုန်းကို အသင်းရဲ့ရန်ပုံငွေအဖြစ်ထားခဲ့ပေမယ့် အဲ့ဒီရန်ပုံငွေဟာ အခုချိန်မှာ ယူရိုငွေ ရ သန်းပဲ ကျန်တော့တဲ့အတွက် ကွာဟနေတဲ့ ငွေတွေနဲ့ပတ်သက်ပြီး စာရင်းရှင်းပေးဖို့နဲ့ မရှင်းနိုင်ရင် အရေးယူပေးဖို့ တိုင်ကြားခဲ့တာဖြစ်တယ်လို့ မန္တလေး ကျောက်မျက်အသင်း ဥက္ကဌ ဦးသန်းဝင်းက ပြောပါတယ်။

"နိုင်ငံတော်အခွန်စာက ရ ရာခိုင်နှုန်းပေါ့နော်၊ ၃ ရာခိုင်နှုန်းက တက္ကသိုလ်ဝန်ကြီးဌာန၊ ၂ ရာခိုင်နှုန်းကတော့ ပြပွဲကျင်းပရေးကော်မတီပေါ့နော် အဲ့လိုကောက်တယ်၊ ကျနော်တို့ လုပ်ငန်းရှင်အသင်းက ဒီဟာကိုစီမံခန့်ခွဲခွင့်မရဘူးပေါ့၊ ပြပွဲကျင်းပရေးဗဟိုကော်မတီက ငွေကြေးတွေကိုင်တွယ်တယ်၊ သုံးစွဲတယ်ပေါ့နော်၊ အဲ့ဒီကနေ ဒီနေ့ဒီကြားထဲမှာ စာရင်းရှင်းတမ်း တစ်ခါမှမရှိသေးဘူးပေါ့၊ စုစုပေါင်းကတော့ ၉၃ သန်းရှိတာပေါ့၊ အခုလောလောဆယ် အကြမ်းမျဉ်းကျန်တဲ့ငွေက ရ သန်းလောက်ပဲ ကျန်တော့တယ်ကြားတယ်၊ ဒီအသင်းခြွတွေရဲ့ ခေါင်းဆောင်တွေပေါ့ဗျာ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဒု-ဥက္ကဌတို့ဘာတို့ စုပေါင်းပြီး ၁ဝ ယောက်လောက် လက်မှတ်ထိုးပြီးတော့ စာပို့ထားတာပေါ့၊ သူရ ဦးရွှေမန်းဆီကို"

အခုတိုင်ကြားမှုနဲ့ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာနက သက်ဆိုင်ရာအရာရှိတွေနဲ့ တိုင်ကြားထားတဲ့ ကျောက်မျက်အသင်းက ပုဂ္ဂိုလ်တချို့ ဒီနေ့ညနေက တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိပ် မသိရသေးပါဘူး။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)