အစာအဆိပ်သင့်ပြီး ဟိုတယ်တွင်ဇနီးမောင်နှံသေဆုံး
မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ် ကဉ္စနမဟီရပ်ကွက် လမ်း၃ဝ၊ ၇၆လမ်းနှင့်၇၇လမ်းကြားရှိ ရွှေ မြန်မာဟိုတယ် အခန်းအမှတ် ၃ဝ၂ တွင် ယခုလ ၁၇ရက် နံနက် ၁၁ နာရီ၄၅မိနစ်က ချမ်းအေးသာစံမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအုန်းခင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်သာဦး နှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ စိုးညွန့်(၂၇နှစ်) ကျောက်ဖူးကျေးရွာ တောင်သာ မြို့နယ်နေသူနှင့် တစ်ရွာတည်းနေ မရွှေဝါ (၂၇နှစ်)တို့ဖြစ်ပြီး ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ အန် ဖတ်များဖြင့် သေဆုံးနေသည်ကို တွေ့ရသဖြင့်မန္တလေးဆေးရုံကြီးသို့ ပို့အပ်ခဲ့သည်။
၎င်းတို့နှစ်ဦးအား မှုခင်းဆရာ ဝန်ကြီးနှင့်အဖွဲ့က ရင်ခွဲစစ်ဆေး စဉ် ဒုရဲမှူးကျော်သာဦးနှင့် အဖွဲ့က ကြည့်ရှုရာ အစာအဆိပ်သင့်သည့် လက္ခဏာရှိကြောင်း သိရသဖြင့် ချမ်းအေးသာစံမြို့မရဲစခန်းကသေမှု သေခင်းအမှတ်စဉ်၁၁/၂ဝ၁၆ ရေး ဖွင့်စစ်ဆေးလျက်ရှိသည်။
မောင်ပြည်သူ(မန္တလေး)
The Union Daily
.......
မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ် ကဥ္စနမဟီရပ်ကွက် လမ်း၃ဝ၊ ရ၆လမ်းနှင့်ရ၇လမ်းကြားရှိ ရွှေ မြန်မာဟိုတယ် အခန်းအမှတ် ၃ဝ၂ တွင် ယခုလ ၁၇ရက် နံနက် ၁၁ နာရီ၄၅မိနစ်က ချမ်းအေးသာစံမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအုန်းခင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်သာဦး နှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ စိုးညွန့်(၂၇နှစ်) ကျောက်ဖူးကျေးရွာ တောင်သာ မြို့နယ်နေသူနှင့် တစ်ရွာတည်းနေ မရွှေဝါ (၂၇နှစ်)တို့ဖြစ်ပြီး ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ အန် ဖတ်များဖြင့် သေဆုံးနေသည်ကို တွေ့ရသဖြင့်မန္တလေးဆေးရုံကြီးသို့ ပို့အပ်ခဲ့သည်။
ဖြစ်စဉ်အားစုံစမ်းရာသေဆုံးသူ စိုးညွန့်မသေဆုံးမီ နောက်ဆုံး ခေါ်ဆိုထားသည့် ဖုန်းနံပါတ်နှင့် ဆက်သွယ်စိစစ်ရာ အဆိုပါဖုန်းမှာ ၄င်း၏အစ်ကို ဖုန်းမြင့် (၃ဝနှစ်) ယာဉ်မောင်း လမ်း၆ဝ၊၃၁ လမ်း နှင့်၃၂လမ်းကြား ယာဉ်ပျံရပ်ကွက် ချမ်းအေးသာစံမြို့နယ်နေသူဖြစ် ကြောင်း သိရသည်။
ဖုန်းမြင့်၏ပြောပြချက်အရ စိုး ညွန့်နှင့်မရွှေဝါတို့သည်လွန်ခဲ့သည့် လေးလခန့်က လက်ထပ်ခဲ့ပြီး မန္တလေး-မြစ်ကြီးနားဖိနပ်အရောင်း အဝယ် လုပ်ကိုင်ကြောင်း၊ ယခုလ ၁၆ရက်တွင် မြစ်ကြီးနားမှမန္တလေး သို့ရောက်ရှိစဉ်၄င်းတို့တွင်လူမှုရေး ပြဿနာဖြစ်နေ၍ မန္တလေးသို့ ပြန်လာပြီးဟိုတယ်တွင်သာတည်းခို နေကြောင်းဖုန်းဖြင့်ဆက်သွယ်ပြော ကြားခဲ့၍သိရသည်။ဟိုတယ်စာရေး မတင်တင်ဝင်းအား စစ်မေးရာ ယခုလ ၁၇ရက် နံနက် ၈နာရီက စိုးညွန့်နှင့်မရွှေဝါတို့သည်ဟိုတယ် အပြင်သို့ထွက်၍ခဏအကြာအခန်း သို့ပြန်လာခဲ့ကြောင်း နံနက် ၁၁ နာရီခွဲတွင် ဟိုတယ်မှအခန်းအား ဆက်လက်ယူမယူ ဖုန်းဖြင့်ဆက် သွယ်ရာ ဖုန်းမကိုင်သဖြင့် မတင် တင်ဝင်းက ဟိုတယ်လုပ်သား မောင်ရွက်ဝင်းနှင့်အတူ အခန်းသို့ သွားရောက်မေးမြန်းရာစိုးညွန့်နှင့် မရွှေဝါတို့သည် အိပ်ရာခုတင်ပေါ် တွင် ပက်လက်အနေအထား အန်ဖတ်များဖြင့် တစ်ဦးလက် တစ်ဦးချိတ်ထားသည်ကိုတွေ့ရှိရ ပြီး ခေါ်၍မရသဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
၄င်းတို့နှစ်ဦးအား မှုခင်းဆရာ ဝန်ကြီးနှင့်အဖွဲ့က ရင်ခွဲစစ်ဆေး စဉ် ဒုရဲမှူးကျော်သာဦးနှင့် အဖွဲ့က ကြည့်ရှုရာ အစာအဆိပ်သင့်သည့် လက္ခဏာရှိကြောင်း သိရသဖြင့် ချမ်းအေးသာစံမြို့မရဲစခန်းကသေမှု သေခင်းအမှတ်စဉ်၁၁/၂ဝ၁၆ ရေး ဖွင့်စစ်ဆေးလျက်ရှိသည်။
မောင်ပြည်သူ(မန္တလေး)
The Union Daily
http://uniondaily.net/News
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)