မုန္းေဒသ ေရာ္ေခ်ာင္းအတြင္း အမ်ိဳးသား အေလာင္း ေတြ႕ရွိ


ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူခရိုင္၊ ေက်ာက္ႀကီးၿမိဳ႕နယ္ ၊ မုန္းနယ္ေျမရဲစခန္း၏  အေရွ႕ေျမာက္ဘက္  (၈) မိုင္ခန္႕အကြာ ေရာ္ေခ်ာင္းအတြင္း အမ်ိဳးသား အေလာင္း ေတြ႕ရွိေၾကာင္း သတင္းရရိွပါသည္။


အဆုိပါ ေခ်ာင္းအတြင္ လူတစ္ဦးေသဆံုးေနေၾကာင္း ေညာင္ပင္သာေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္မင္းစိုး  မွ  မုန္းနယ္ေျမရဲစခန္း သို႕  ဖုန္းဆက္  အေၾကာင္းၾကားသျဖင့္ တာဝန္မွဴးဒုရဲအုပ္မ်ိဳးမင္းသန္႕ ႏွင့္အဖြဲ႕မွ ေညာင္ပင္သာေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္မင္းစိုး ၊ ဦးေက်ာ္ထူး ၊ ဦးေဌးဝင္း  တို႕ႏွင့္အတူ သြားေရာက္စစ္ေဆးခဲ႔ရာ ေရာ္ေခ်ာင္းကမ္းပါးေဘးရွိ ဦးေက်ာ္ထူး၏ လယ္တဲ ႏွင့္ ကိုက္(၁၅၀) ခန္႕အကြာ ေခ်ာင္းအတြင္း ေသဆံုးေနသည္မွာ မုန္းေဒသ  ေညာင္ပင္သာေက်းရြာေန  ဦးေရႊေတာ(၅၅)ႏွစ္ (ဘ) ဦးေမာင္ပု   (လယ္စာရင္းငွား လုပ္သူ) ျဖစ္ေၾကာင္း သိရပါသည္။


 ေရာ္ေခ်ာင္းအတြင္းမွာ  ေမွာက္လွ်က္အေနအထားျဖင့္ ေသဆံုးေနသည့္ ဦးေရႊေတာ၏ အေလာင္းအား  ေခ်ာင္းအတြင္းမွ ကမ္းပါးေပၚသို႕ ဆယ္ယူ၍ စစ္ေဆးၾကည္႕ရႈ႕ရာ အေလာင္းမွာ  ႏွာေခါင္းႏွင့္ ပါးစပ္တို႕ မွ အျမဳပ္ မ်ားထြက္  ေျခဖဝါး  လက္ဖဝါး တို႕တြင္  ေဖြးျဖဴေနျခင္း  ေက်ာႏွင့္ဝမ္းဘိုက္တို႕တြင္  မဲေနသည္႕လကၡဏာေတြ႕ရွိရျပီး  ႏုတ္ခမ္းႏွင့္ဝဲဘက္နားရြက္ထိပ္ ၊ လည္ပင္းယာဘက္ ေနရာတြင္  ငါးကိုက္ထားဟုယူဆရေသာ လကၡဏာမ်ားေတြ႕ရွိရ၍ ရဲေဆးစာႏွင့္အတူ မုန္းတိုက္နယ္ေဆးရံုသို႕ ပို႕ေဆာင္ ကာေဆးစစ္ခ်က္ရယူခဲ႔သည္။


 ဦးေရႊေတာ ေသဆံုးရျခင္းမွာ ဓမၼတာအတိုင္း ေသဆံုးျခင္းဟုတ္ မဟုတ္  စံုစမ္းစစ္ေဆး အေရးယူေပးႏိုင္ရန္  ဒုရဲအုပ္မ်ိဳးမင္းသန္႕ မွ တရားလိုျပဳလုပ္ တိုင္တန္းသျဖင့္  မုန္းနယ္ေျမ ရဲစခန္းမွ  ေသမႈေသခင္း အမွတ္စဥ္  ၂/၂၀၁၆  ျဖင့္  အမႈ႕ဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

ပန္းခ်ီသန္းဝင္း(ေက်ာက္ႀကီး)
.....

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ၊ မုန်းနယ်မြေရဲစခန်း၏  အရှေ့မြောက်ဘက်  (၈) မိုင်ခန့်အကွာ ရော်ချောင်းအတွင်း အမျိုးသား အလောင်း တွေ့ရှိကြောင်း သတင်းရရှိပါသည်။



အဆိုပါ ချောင်းအတွင် လူတစ်ဦးသေဆုံးနေကြောင်း ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မင်းစိုး  မှ  မုန်းနယ်မြေရဲစခန်း သို့  ဖုန်းဆက်  အကြောင်းကြားသဖြင့် တာဝန်မှူးဒုရဲအုပ်မျိုးမင်းသန့် နှင့်အဖွဲ့မှ ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မင်းစိုး ၊ ဦးကျော်ထူး ၊ ဦးဌေးဝင်း  တို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရော်ချောင်းကမ်းပါးဘေးရှိ ဦးကျော်ထူး၏ လယ်တဲ နှင့် ကိုက်(၁၅၀) ခန့်အကွာ ချောင်းအတွင်း သေဆုံးနေသည်မှာ မုန်းဒေသ  ညောင်ပင်သာကျေးရွာနေ  ဦးရွှေတော(၅၅)နှစ် (ဘ) ဦးမောင်ပု   (လယ်စာရင်းငှား လုပ်သူ) ဖြစ်ကြောင်း သိရပါသည်။



 ရော်ချောင်းအတွင်းမှာ  မှောက်လျှက်အနေအထားဖြင့် သေဆုံးနေသည့် ဦးရွှေတော၏ အလောင်းအား  ချောင်းအတွင်းမှ ကမ်းပါးပေါ်သို့ ဆယ်ယူ၍ စစ်ဆေးကြည့်ရှု့ရာ အလောင်းမှာ  နှာခေါင်းနှင့် ပါးစပ်တို့ မှ အမြုပ် များထွက်  ခြေဖဝါး  လက်ဖဝါး တို့တွင်  ဖွေးဖြူနေခြင်း  ကျောနှင့်ဝမ်းဘိုက်တို့တွင်  မဲနေသည့်လက္ခဏာတွေ့ရှိရပြီး  နုတ်ခမ်းနှင့်ဝဲဘက်နားရွက်ထိပ် ၊ လည်ပင်းယာဘက် နေရာတွင်  ငါးကိုက်ထားဟုယူဆရသော လက္ခဏာများတွေ့ရှိရ၍ ရဲဆေးစာနှင့်အတူ မုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင် ကာဆေးစစ်ချက်ရယူခဲ့သည်။



 ဦးရွှေတော သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ်  စုံစမ်းစစ်ဆေး အရေးယူပေးနိုင်ရန်  ဒုရဲအုပ်မျိုးမင်းသန့် မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့်  မုန်းနယ်မြေ ရဲစခန်းမှ  သေမှုသေခင်း အမှတ်စဉ်  ၂/၂၀၁၆  ဖြင့်  အမှု့ဖွင့် စစ်ဆေးနေကြောင်း သိရသည်။


ပန်းချီသန်းဝင်း(ကျောက်ကြီး)
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)