ေတာင္သမန္အင္း သဘာဝအတိုင္း ထားရွိရန္ အင္းေရမ်ားကို ဧရာဝတီ ျမစ္အတြင္း ေဖာက္ခ်မည္



မႏၲေလး ေမ ၉

မႏၲေလးတုိင္း ေဒသႀကီး အမရပူရၿမိဳ႕နယ္ရွိ ေတာင္သမန္အင္းကို ယခင္ကကဲ့သို႔ သဘာဝအတုိင္း ထားရွိေရး အတြက္ အင္းေရမ်ားကို ေရထိန္းတံခါးမ်ားမွ တစ္ဆင့္ ဧရာဝတီျမစ္ အတြင္းသို႔ ေဖာက္ခ်ရန္ စီစဥ္ ထားေၾကာင္း မႏၲေလးတုိင္း ေဒသႀကီး သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန ဝန္ႀကီး ဦးမ်ဳိးသစ္က ေျပာသည္။

 ယခုအခါ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ ေရထုတ္ ေျမာင္းမ်ားကို စစ္ေဆး၍ သက္ဆုိင္ရာသို႔ တင္ျပထားၿပီးျဖစ္ရာ ေဖာက္ခ်မည့္ အခ်ိန္ကို စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာနႏွင့္ ညိႇႏႈိင္း ေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ သိရသည္။

 ေတာင္သမန္အင္း၌ ယခင္ကတည္းက ေရရွိသည့္ အခ်ိန္တြင္ တံငါလုပ္ငန္း လုပ္ကိုင္ၾကၿပီး ေရမရွိသည့္ အခ်ိန္တြင္ စိုက္ပ်ဳိးေရး လုပ္ငန္းမ်ား လုပ္ကိုင္ခဲ့ၾကရာ ယခုကဲ့သို႔ ေရမ်ား ေဖာက္ခ်ၿပီးပါက ေဒသခံ ေတာင္သူမ်ား အေနျဖင့္ ယခင္အတိုင္း စပါးႏွင့္ ပဲအမ်ဳိးမ်ဳိး တုိ႔ကို ျပန္လည္ စိုက္ပ်ဳိးႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

 ေတာင္သမန္အင္း အတြင္းမွ ေရမ်ား ထုတ္ၿပီးပါက မိုးရာသီကာလ မေရာက္မီ ေရမရွိေတာ့သည့္ အတြက္ အင္းပတ္ဝန္းက်င္၌ ပိုမိုသန္႔ရွင္းေနမည္ ျဖစ္သည္။

 ထို႔ျပင္ အင္းအတြင္းရွိ သဘာဝ အလွအပမ်ားသည္ ယခင္ကဲ့သို႔ ေျပာင္းလဲသြားမည္ျဖစ္ၿပီး ႏိုင္ငံျခားခရီးသြား ဧည့္သည္မ်ားကို ဆဲြေဆာင္ႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

ျမ၀တီ
https://www.facebook.com/mwdmedia
.......



မန္တလေး မေ ၉

မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းကို ယခင်ကကဲ့သို့ သဘာဝအတိုင်း ထားရှိရေး အတွက် အင်းရေများကို ရေထိန်းတံခါးများမှ တစ်ဆင့် ဧရာဝတီမြစ် အတွင်းသို့ ဖောက်ချရန် စီစဉ် ထားကြောင်း မန္တလေးတိုင်း ဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

 ယခုအခါ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရေထုတ် မြောင်းများကို စစ်ဆေး၍ သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်ရာ ဖောက်ချမည့် အချိန်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 တောင်သမန်အင်း၌ ယခင်ကတည်းက ရေရှိသည့် အချိန်တွင် တံငါလုပ်ငန်း လုပ်ကိုင်ကြပြီး ရေမရှိသည့် အချိန်တွင် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြရာ ယခုကဲ့သို့ ရေများ ဖောက်ချပြီးပါက ဒေသခံ တောင်သူများ အနေဖြင့် ယခင်အတိုင်း စပါးနှင့် ပဲအမျိုးမျိုး တို့ကို ပြန်လည် စိုက်ပျိုးနိုင်မည် ဖြစ်ကြောင်း သိရသည်။

 တောင်သမန်အင်း အတွင်းမှ ရေများ ထုတ်ပြီးပါက မိုးရာသီကာလ မရောက်မီ ရေမရှိတော့သည့် အတွက် အင်းပတ်ဝန်းကျင်၌ ပိုမိုသန့်ရှင်းနေမည် ဖြစ်သည်။

 ထို့ပြင် အင်းအတွင်းရှိ သဘာဝ အလှအပများသည် ယခင်ကဲ့သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြဝတီ
https://www.facebook.com/mwdmedia
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)