ဆီးရီးယား Aleppo အနီး တိုက္ပဲြ လူ ၇၀ ေက်ာ္ ေသဆံုး

ဆီးရီးယား Aleppo ၿမိဳ႕။
ဆီးရီးယားႏုိင္ငံ Aleppo ၿမိဳ႕နားက ေက်းရြာတခုမွာ အယ္လ္-ကိုင္းဒါးအဖြဲ႔နဲ႔ အခ်ိတ္အဆက္ရွိတဲ့ လက္နက္ကိုင္ေတြနဲ႔ ဆီးရီးယား အစိုးရတပ္ေတြအၾကား တုိက္ပြဲေတြအတြင္း လူ ၇၃ ေယာက္ ေသဆံုးသြားတယ္လုိ႔ ဆီးရီးယား လူ႔အခြင့္အေရးအေျခအေန ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔က ဒီကေန႔ေျပာပါတယ္။

အစိုးရစစ္တပ္နဲ႔ တရက္နီးပါးၾကာ တိုက္ခိုက္ၾကၿပီးတဲ့ေနာက္ Khan Touman ရြာနဲ႔ ပတ္၀န္းက်င္က တျခားရြာေတြကို အစြန္း ေရာက္ ဂ်ီဟဒ္၀ါဒီေတြက ဒီကေန႔ အေစာပိုင္းမွာ ျပန္သိမ္းသြားပါတယ္။

Aleppo နားက Khan Touman ရြာ
အဲဒီ့ရြာဟာ Aleppo ၿမိဳ႕ အေနာက္ေတာင္ဘက္ ၁၅ ကီလိုမီတာ အကြာေလာက္မွာ ရွိပါတယ္။ ရြာဟာ Damascus-Aleppo အေ၀း ေျပးလမ္းမနဲ႔ နီးတာေၾကာင့္ သူပုန္ေတြအတြက္ မဟာဗ်ဴဟာေျမာက္ အေရးပါတဲ့ေနရာတခုပါ။ အဲဒီအေ၀းေျပးလမ္းဟာ ဒမတ္စ္ကပ္စ္ၿမိဳ႕ေတာ္နဲ႔ ဆီးရီးယားအေနာက္ဘက္ နယ္စပ္တေလွ်ာက္က အဓိကၿမိဳ႕ႀကီးေတြကို ဆက္သြယ္တဲ့လမ္းပါ။

Jaish al-Fatah လို႔သိၾကတဲ့ အစၥလာမ္အစြန္းေရာက္ လက္နက္ကိုင္တစုက တုိက္ခုိက္တာျဖစ္ၿပီး Aleppo ၿမိဳ႕မွာ တိုက္ခိုက္တာ ေတြ အရွိန္ေလ်ာ့သြားဖို႔ အေမရိကန္နဲ႔ ႐ုရွားတို႔ မၾကာေသးခင္က ႀကိဳးစားတာကို ဒီအဖြဲ႔က ပယ္ခ်ထားပါတယ္။

VOA (ျမန္မာပုိင္း)
http://burmese.voanews.com

.............................................


ဆီးရီးယား Aleppo မြို့။
ဆီးရီးယားနိုင်ငံ Aleppo မြို့နားက ကျေးရွာတခုမှာ အယ်လ်-ကိုင်းဒါးအဖွဲ့နဲ့ အချိတ်အဆက်ရှိတဲ့ လက်နက်ကိုင်တွေနဲ့ ဆီးရီးယား အစိုးရတပ်တွေအကြား တိုက်ပွဲတွေအတွင်း လူ ရ၃ ယောက် သေဆုံးသွားတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဒီကနေ့ပြောပါတယ်။

အစိုးရစစ်တပ်နဲ့ တရက်နီးပါးကြာ တိုက်ခိုက်ကြပြီးတဲ့နောက် Khan Touman ရွာနဲ့ ပတ်ဝန်းကျင်က တခြားရွာတွေကို အစွန်း ရောက် ဂျီဟဒ်ဝါဒီတွေက ဒီကနေ့ အစောပိုင်းမှာ ပြန်သိမ်းသွားပါတယ်။


Aleppo နားက Khan Touman ရွာ
အဲဒီ့ရွာဟာ Aleppo မြို့ အနောက်တောင်ဘက် ၁၅ ကီလိုမီတာ အကွာလောက်မှာ ရှိပါတယ်။ ရွာဟာ Damascus-Aleppo အဝေး ပြေးလမ်းမနဲ့ နီးတာကြောင့် သူပုန်တွေအတွက် မဟာဗျူဟာမြောက် အရေးပါတဲ့နေရာတခုပါ။ အဲဒီအဝေးပြေးလမ်းဟာ ဒမတ်စ်ကပ်စ်မြို့တော်နဲ့ ဆီးရီးယားအနောက်ဘက် နယ်စပ်တလျှောက်က အဓိကမြို့ကြီးတွေကို ဆက်သွယ်တဲ့လမ်းပါ။

Jaish al-Fatah လို့သိကြတဲ့ အစ္စလာမ်အစွန်းရောက် လက်နက်ကိုင်တစုက တိုက်ခိုက်တာဖြစ်ပြီး Aleppo မြို့မှာ တိုက်ခိုက်တာ တွေ အရှိန်လျော့သွားဖို့ အမေရိကန်နဲ့ ရုရှားတို့ မကြာသေးခင်က ကြိုးစားတာကို ဒီအဖွဲ့က ပယ်ချထားပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)