သံလြင္ျမစ္အေနာက္ျခမ္း UWSA ထိန္းခ်ဳပ္ေဒသကပ္လ်က္ SSPP/SSA တပ္မ်ား ဆုတ္ခြာေပးရန္ တပ္မေတာ္ညြွန္ၾကား


ဧၿပီ ၁၉ ရက္ ၂၀၁၆

သွ်မ္းျပည္ေျမာက္ပိုင္း တန္႔ယန္းျမိဳ႕နယ္ သံလြင္ျမစ္ အေနာက္ဘက္ျခမ္းရိွ လြယ္ေစး လြယ္လန္း စသည့္ ေတာင္ေၾကာမ်ားေပၚတြင္ တပ္စြဲထားေသာ သွ်မ္းျပည္တပ္မေတာ္ SSA/SSPP တပ္မ်ားကို ဧျပီလ ၂၂ ရက္ေန႔ ေနာက္ဆံုးထား၍ ဆုတ္ခြာေပးရန္ လားရိွဳး အေျခစိုက္ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္မွ ညြွန္ၾကားထား သည္ဟု ဆိုသည္။

“တန္႔ယန္းနယ္ လြယ္ေစး လြယ္လန္းေတာင္ေပၚမွာရိွတဲ့ တို႔တပ္ေတြ ၂၂ရက္ေန႔ ေနာက္ဆုံးထား ဆုတ္ေပးဖို႔ တပ္မေတြ၀င္ရွင္းမယ္ ေျပာတယ္။ ရမခက အေၾကာင္းၾကားလာတာ” - ဟု သွ်မ္းတပ္မေတာ္ေျမာက္ပိုင္း ျပန္ၾကားေရးဌာနမွ တာ၀န္ရိွသူတစ္ဦးျဖစ္သည့္ ဗိုလ္မွဴးစိုင္းဘုန္းဟန္က ေျပာသည္။
အဆိုပါေဒသမွာ ျမစ္အေရွ႕ဘက္ကမ္း ၀ UWSA ထိန္းခ်ဳပ္ရာ ပန္ယန္း ( မိုင္းလင္း ) ေဒသကို လွမ္းျမင္ေနရ သည့္ ေဒသျဖစ္ျပီး ေတာင္ေပၚမွ လက္နက္ၾကီးျဖင့္ ပစ္ခတ္ပါက ပန္ယန္းျမိဳ႕အား ျခိမ္းေျခာက္ႏိုင္မည့္ ေနရာ မ်ားလည္း ျဖစ္သည္။

ျပည္ေထာင္စုုအဆင့္ အပစ္ခတ္ရပ္စဲထားေသာ္လည္း ႏိုင္ငံလံုးဆိုင္ရာ အပစ္ခတ္ရပ္စဲေရးကို လက္မွတ္ ေရးထိုးျခင္း မရိွေသးသည့္ SSPP ဘက္ကမူ အဆိုပါေဒသမွာ ရွမ္းလက္နက္ကိုင္မ်ား ဆယ္စုႏွစ္ေပါင္း မ်ား စြာတိုင္ အေျခခ်ခဲဲ့သည့္ ေဒသျဖစ္သည့္အတြက္ ဆုတ္ခြာေပးရန္ ခက္ခဲႏိုင္ေၾကာင္း ဗိုလ္မွဴးစိုင္းဘုန္းဟန္က ေျပာသည္။

' ဒီဂြင္ထဲမွာSSA ေနလာတာ တန့္ယန္းပဲေနာ္ နွစ္ေပါင္း ၄၀ - ၅၀ ရိွျပီ အစဥ္တစိုက္ေနလာခဲ့တဲ့ေနရာျဖစ္တဲ့အေၾကာင္း နားလည္ေပးေစခ်င္ေၾကာင္း ေျပာထားတယ္' ဟု ၄င္းက ေျပာသည္။

အဆိုပါ ေဒသအားေပးလိုက္ပါက ေအာက္ဘက္ရိွ မိုင္းရွဴးေဒသကိုပါ အစိုးရ စစ္တပ္မ်ား အသာစီးသြားႏိုင္ျပီး သွ်မ္းျပည္တပ္မေတာ္ ဌာနခ်ဳပ္ ၀မ္ဟိုင္းကိုပါ ပတ္ပတ္လည္ ၀ိုင္းထားသကဲ႔သို႔ ျဖစ္လာမည္လည္း ျဖစ္သည္။

လြယ္လန္းေၾကာက ဟိုးကတည္းက ဝ နယ္ နဲ႔ သွ်မ္းနယ္ဆက္သြယ္ေရး လမ္းေၾကာင္းကိုးမဆုတ္ လုိ႔ တကယ္တိုက္ရင္ ဝ ကိုပါ ရန္စတာ ျဖစ္သြားလိမ့္မယ္ - ဟု နယ္စပ္ စစ္ေရးႏိုင္ငံေရး ေလ့လာသူ ဦးဂါမဏိက သံုးသပ္သည္။ အဆိုပါနယ္ေျမမ်ားရိွ SSA/SSPP တပ္မ်ားကို ဆုတ္ခြာေပးရန္ ၂၀၁၄ ခုနစ္ကလည္း အစိုးရတပ္မေတာ္ဘက္မွ ညႊန္ၾကားဖူးေၾကာင္း သိရသည္။

သွ်မ္းသံေတာ္ဆင့္ / စိုင္းေအာင္ဆိုင္း
Panglong(Burmese)
https://www.facebook.com/Panglong.burmese

..........................................


ဧပြီ ၁၉ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ လွယ်စေး လွယ်လန်း စသည့် တောင်ကြောများပေါ်တွင် တပ်စွဲထားသော သျှမ်းပြည်တပ်မတော် SSA/SSPP တပ်များကို ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာပေးရန် လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ညွှန်ကြားထား သည်ဟု ဆိုသည်။

“တန့်ယန်းနယ် လွယ်စေး လွယ်လန်းတောင်ပေါ်မှာရှိတဲ့ တို့တပ်တွေ ၂၂ရက်နေ့ နောက်ဆုံးထား ဆုတ်ပေးဖို့ တပ်မတွေဝင်ရှင်းမယ် ပြောတယ်။ ရမခက အကြောင်းကြားလာတာ” - ဟု သျှမ်းတပ်မတော်မြောက်ပိုင်း ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောသည်။
အဆိုပါဒေသမှာ မြစ်အရှေ့ဘက်ကမ်း ၀ UWSA ထိန်းချုပ်ရာ ပန်ယန်း ( မိုင်းလင်း ) ဒေသကို လှမ်းမြင်နေရ သည့် ဒေသဖြစ်ပြီး တောင်ပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ပါက ပန်ယန်းမြို့အား ခြိမ်းခြောက်နိုင်မည့် နေရာ များလည်း ဖြစ်သည်။

ပြည်ထောင်စုုအဆင့် အပစ်ခတ်ရပ်စဲထားသော်လည်း နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးကို လက်မှတ် ရေးထိုးခြင်း မရှိသေးသည့် SSPP ဘက်ကမူ အဆိုပါဒေသမှာ ရှမ်းလက်နက်ကိုင်များ ဆယ်စုနှစ်ပေါင်း များ စွာတိုင် အခြေချခဲဲ့သည့် ဒေသဖြစ်သည့်အတွက် ဆုတ်ခွာပေးရန် ခက်ခဲနိုင်ကြောင်း ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောသည်။

' ဒီဂွင်ထဲမှာSSA နေလာတာ တန့်ယန်းပဲနော် နှစ်ပေါင်း ၄၀ - ၅၀ ရှိပြီ အစဉ်တစိုက်နေလာခဲ့တဲ့နေရာဖြစ်တဲ့အကြောင်း နားလည်ပေးစေချင်ကြောင်း ပြောထားတယ်' ဟု ၄င်းက ပြောသည်။

အဆိုပါ ဒေသအားပေးလိုက်ပါက အောက်ဘက်ရှိ မိုင်းရှူးဒေသကိုပါ အစိုးရ စစ်တပ်များ အသာစီးသွားနိုင်ပြီး သျှမ်းပြည်တပ်မတော် ဌာနချုပ် ၀မ်ဟိုင်းကိုပါ ပတ်ပတ်လည် ၀ိုင်းထားသကဲ့သို့ ဖြစ်လာမည်လည်း ဖြစ်သည်။

လွယ်လန်းကြောက ဟိုးကတည်းက ဝ နယ် နဲ့ သျှမ်းနယ်ဆက်သွယ်ရေး လမ်းကြောင်းကိုးမဆုတ် လို့ တကယ်တိုက်ရင် ဝ ကိုပါ ရန်စတာ ဖြစ်သွားလိမ့်မယ် - ဟု နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးဂါမဏိက သုံးသပ်သည်။ အဆိုပါနယ်မြေများရှိ SSA/SSPP တပ်များကို ဆုတ်ခွာပေးရန် ၂၀၁၄ ခုနစ်ကလည်း အစိုးရတပ်မတော်ဘက်မှ ညွှန်ကြားဖူးကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် / စိုင်းအောင်ဆိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)