တပ္စခန္းေတြကို ဖယ္ရွားေပးဖို႔ SSPP/SSA အဖဲြ႔က ျငင္းဆို



ရွမ္းျပည္နယ္ ေျမာက္ပိုင္း တန္႔ယန္းၿမိဳ႕နယ္ လြယ္လန္းႏွင့္ လြယ္ေဖးေတာင္ေၾကာတစ္ ဝိုက္မွာရွိတဲ့ SSPP/SSA တပ္စခန္းေတြကို ဒီေန႔ ေနာက္ဆံုးထားဖယ္ရွားေပးဖို႔ တပ္မေတာ္က ညႊန္ၾကားထားတာကို လက္မခံေၾကာင္း SSPP/SSA ရွမ္းျပည္တုိးတက္ေရးပါတီ ဗဟိုေကာ္မတီ အဖြဲ႕က ဆံုးျဖတ္လိုက္ပါတယ္။

တပ္စခန္းေတြ ေျပာင္းေရႊ႕ေပးဖို႔ ညႊန္ၾကားခ်က္ကို လက္မခံႏိုင္ေၾကာင္း အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္ (ရမခ) က တာ၀န္ရွိသူေတြကို ဒီေန႔ ေျပာခဲ့တယ္လို႔ SSPP/SSA ရွမ္းျပည္တုိး တက္ေရးပါတီ ရွမ္းျပည္တပ္မေတာ္ လားရိႈး ဆက္ဆံေရးရံုးတာ၀န္ခံ ဗိုလ္မႈးေအာင္လတ္ က ေျပာပါတယ္။

တပ္မေတာ္က ဆုတ္ခြာဖို႔ ညႊန္ၾကားထားတဲ့ SSPP/SSA စခန္းေတြဟာ သံလြင္ျမစ္အေနာက္ဘက္ျခမ္းမွာ ရွိၿပီး SSPP/SSA ရွမ္းျပည္တပ္မေတာ္ရဲ႕ မဟာမိတ္ျဖစ္တဲ့ UWSP/UWSA 'ဝ’ ျပည္ေသြးစည္းညီၫြတ္ေရးပါတီ ထိန္းခ်ဳပ္ေဒသေတြက သံလြင္ျမစ္အေရွ႕ဘက္ျခမ္းမွာ ရွိေနတာေၾကာင့္ စစ္ေရးအရ အေရးပါတဲ့ စခန္းေတြျဖစ္ပါတယ္။

တစ္ႏိုင္ငံလံုးအပစ္အခတ္ရပ္စဲေရး လက္မွတ္မထိုးတဲ့ အဖြဲ႕ျဖစ္တဲ့ SSPP/SSA နဲ႔ တပ္မေတာ္တို႕ဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလက စတင္ၿပီး တုိက္ပြဲေတြျဖစ္ပြားခဲ့ရာ မိုင္းရႈးနဲ႔ မိုင္းေနာင္ၿမိဳ႕နယ္ေတြမွာ စစ္ေဘးဒုကၡသည္ တစ္ေသာင္းေက်ာ္ ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ အရပ္ဖပ္အဖြဲ႕အစည္းေတြက ေျပာပါတယ္။

လာမယ့္ ဧၿပီလ ၂၄ ရက္ေန႔မွာ SSPP/SSA ၀မ္ဟိုင္း႒ာနခ်ဳပ္မွာ ရွမ္းျပည္တပ္မေတာ္ ၅၂ ႏွစ္ေျမာက္ေန႔ကို က်င္းပဖို႔ရွိတယ္လို႔ လဲ ဗိုလ္မႈးေအာင္လတ္ က ေျပာပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese

....................................




ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်လန်းနှင့် လွယ်ဖေးတောင်ကြောတစ် ဝိုက်မှာရှိတဲ့ SSPP/SSA တပ်စခန်းတွေကို ဒီနေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ တပ်မတော်က ညွှန်ကြားထားတာကို လက်မခံကြောင်း SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုကော်မတီ အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

တပ်စခန်းတွေ ပြောင်းရွှေ့ပေးဖို့ ညွှန်ကြားချက်ကို လက်မခံနိုင်ကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) က တာဝန်ရှိသူတွေကို ဒီနေ့ ပြောခဲ့တယ်လို့ SSPP/SSA ရှမ်းပြည်တိုး တက်ရေးပါတီ ရှမ်းပြည်တပ်မတော် လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှုးအောင်လတ် က ပြောပါတယ်။

တပ်မတော်က ဆုတ်ခွာဖို့ ညွှန်ကြားထားတဲ့ SSPP/SSA စခန်းတွေဟာ သံလွင်မြစ်အနောက်ဘက်ခြမ်းမှာ ရှိပြီး SSPP/SSA ရှမ်းပြည်တပ်မတော်ရဲ့ မဟာမိတ်ဖြစ်တဲ့ UWSP/UWSA 'ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်ဒေသတွေက သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာ ရှိနေတာကြောင့် စစ်ရေးအရ အရေးပါတဲ့ စခန်းတွေဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးတဲ့ အဖွဲ့ဖြစ်တဲ့ SSPP/SSA နဲ့ တပ်မတော်တို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ မိုင်းရှုးနဲ့ မိုင်းနောင်မြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အရပ်ဖပ်အဖွဲ့အစည်းတွေက ပြောပါတယ်။

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ SSPP/SSA ၀မ်ဟိုင်းဋ္ဌာနချုပ်မှာ ရှမ်းပြည်တပ်မတော် ၅၂ နှစ်မြောက်နေ့ကို ကျင်းပဖို့ရှိတယ်လို့ လဲ ဗိုလ်မှုးအောင်လတ် က ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)