SNLD အမှုဆောင်အဖွဲ့ပြန် လည်ရွေးချယ်
"ပါတီဥက္ကဌကနေစပြီးတော့မှ နောက်ဆုံးဗဟိုကော်မတီဝင်ထိပေါ့နော်၊ ပါတီဥက္ကဌ ကနေ ဗဟိုအလုပ် မှုဆောင်ထိဆိုရင် ၂၅ ယောက်ရှိပါတယ်၊ ဗဟိုကော်မတီ မှာက ၇၅ ပေါ့နော်၊ ၇၅ ယောက်ကနေမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၂၅ ကိုပြန်ရွေးတာပါ၊ အဲ့မှာပြန်ရွေးတော့ ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဒုဥက္ကဌ ၁ ကတော့ ဦးစိုင်းစောအောင်၊ ဒုဥက္ကဌ ၂ ကတော့ အရင်တောင်ကြီးဥက္ကဌ ဦးစိုင်းခမ်းဟုမ်ဖ ခေါ် ဦးစိုင်းခင်မောင်ညွန့်ပေါ့နော်၊ အထွေထွေအတွင်းရေးမှူးကတော့ အရင်လူ ပါပဲ ဦးစိုင်းညွန့်လွင်ပါ"
ပါတီဥက္ကဌကနေ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၂၅ ဦးရှိပြီး ဗဟိုကော်မတီဝင် ၇၅ ဦးရှိတယ်လို့ ပြောပါတယ်။
အဲဒီပါတီဗဟိုကော်မတီဝင် ၇၅ ဦးထဲကမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို ရွေးချယ်တာ ဖြစ်တယ် လို့ ပြောပါတယ်။
RFA Burmese
........................................
SNLD ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဧပြီလ ၅ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှာ ကျင်းပနေစဉ်။ Photo: Kan Thar/ RFA
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ ၃ ရက်ကြာ ညီလာခံကနေ ဦးခွန်ထွန်းဦးကို ဥက္ကဌအဖြစ် နဲ့ ဦးစိုင်းညွန့်လွင်ကို အထွေထွေအတွင်းရေးမှူး အဖြစ် ပြန်လည်ရွေးချယ်လိုက်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ကျားငါးကောင်တိုင်းရင်းဆေးတိုက်မှာ ဧပြီလ ၃ ရက်ကနေ ၅ ရက် နေ့ ဒီနေ့အထိ ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပခဲ့တဲ့အခမ်းအနားမှာ ရွေးချယ်လိုက်တာဖြစ်တယ်လို့ ပါတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ ဦးစိုင်းလိတ်က ပြောပါတယ်။
"ပါတီဥက္ကဌကနေစပြီးတော့မှ နောက်ဆုံးဗဟိုကော်မတီဝင်ထိပေါ့နော်၊ ပါတီဥက္ကဌ ကနေ ဗဟိုအလုပ် မှုဆောင်ထိဆိုရင် ၂၅ ယောက်ရှိပါတယ်၊ ဗဟိုကော်မတီ မှာက ရ၅ ပေါ့နော်၊ ရ၅ ယောက်ကနေမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၂၅ ကိုပြန်ရွေးတာပါ၊ အဲ့မှာပြန်ရွေးတော့ ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဒုဥက္ကဌ ၁ ကတော့ ဦးစိုင်းစောအောင်၊ ဒုဥက္ကဌ ၂ ကတော့ အရင်တောင်ကြီးဥက္ကဌ ဦးစိုင်းခမ်းဟုမ်ဖ ခေါ် ဦးစိုင်းခင်မောင်ညွန့်ပေါ့နော်၊ အထွေထွေအတွင်းရေးမှူးကတော့ အရင်လူ ပါပဲ ဦးစိုင်းညွန့်လွင်ပါ"
SNLD ပါတီရဲ့မူဝါဒပိုင်းဆိုင်ရာပြောင်းလဲမှုမရှိပဲ လက်ရှိစိုးရသစ်နဲ့လည်း လက်တွဲဆောင်ရွက်သွားမယ် လို့ ပြောပါတယ်။
ပါတီဥက္ကဌကနေ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၂၅ ဦးရှိပြီး ဗဟိုကော်မတီဝင် ရ၅ ဦးရှိတယ်လို့ ပြောပါတယ်။
အဲဒီပါတီဗဟိုကော်မတီဝင် ရ၅ ဦးထဲကမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို ရွေးချယ်တာ ဖြစ်တယ် လို့ ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)