အစိုးရအဖြဲ႕ေတြထဲ ပါဝင္ဖို႔ ကမ္းလွမ္းခံရေပမယ့္ SNLD က ျငင္းပယ္ခဲ့တာလို႔ ထုတ္ေျပာ


 SNLD ပါတီ ရဲ့ ဗဟို ေကာ္မတီ နဲ႔ ဗဟို အလုပ္အမွုေဆာင္ ေကာ္မတီ ဝင္ ေတြ ကို အသစ္ ျပန္လည္ ေရြးခ်ယ္ တင္ေျမႇာက္ ၾကမယ္။
ရွမ္းျပည္နယ္ မွာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီက ဦးေဆာင္ ဖြဲ႕တဲ့ ျပည္နယ္ အစိုးရ အဖြဲ႕ ဝင္ အမည္စာရင္း ဧၿပီ ၄ ရက္ ေန႔က ထြက္ေပၚ လာခဲ့ၿပီ ျဖစ္ေပမယ့္ ရွမ္းျပည္နယ္ အေျခစိုက္ အဓိက တိုင္းရင္းသားပါတီႀကီး တစ္ခု ျဖစ္တဲ့ SNLD ပါတီဝင္ တစ္ဦးတစ္ေယာက္မွ ပါဝင္ လာျခင္း မရွိပါဘူး။

ျပည္ေထာင္စု အဆင့္မွာေရာ ျပည္နယ္ အဆင့္မွာပါ အစိုးရ အဖြဲ႕ထဲ ပါဝင္ဖို႔ NLD ပါတီဘက္က ကမ္းလွမ္း ခဲ့ ေပမယ့္ ပါတီရဲ့ အေျခအေန နဲ႔ နိုင္ငံေရး ရည္မွန္းခ်က္ ေတြ ေၾကာင့္ ျငင္းပယ္ ခဲ့တယ္ ဆိုၿပီး SNLD ပါတီရဲ့ ေျပာခြင့္ရ ဦးစိုင္းလိတ္ က ဘီဘီစီ ကို ေျပာပါတယ္။

အစိုးရ အဖြဲ႕ထဲ ပါဝင္ျခင္း မရွိေပမယ့္ ဖြဲ႕စည္းပုံ ျပင္ဆင္ ေရး နဲ႔ ျပည္တြင္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေတြ အားလုံးမွာ NLD ပါတီ နဲ႔ ပူးေပါင္း ေဆာင္ရြက္ ဖို႔ SNLD လႊတ္ေတာ္ အမတ္ ေတြကို ပါတီ က လမ္းညႊန္ ထားတယ္ လို႔လည္း ဦးစိုင္းလိတ္ က ဆိုပါတယ္။

ဒါ့အျပင္ လႊတ္ေတာ္ ျပင္ပ မွာလည္း အားလုံး ပါဝင္ တဲ့ နိုင္ငံေရး ေဆြးေႏြးပြဲႀကီး ေပၚေပါက္ လာရင္ SNLD ဘက္က ပါဝင္ ေဆြးေႏြးဖို႔ အဆင္သင့္ ရွိတယ္ လို႔ ဦးစိုင္းလိတ္ က ေျပာပါတယ္။

ဒီကေန႔ ဧၿပီလ ၅ ရက္ အဂၤါေန႔ မွာ ေတာ့ SNLD ပါတီ ရဲ့ ဗဟို ေကာ္မတီ နဲ႔ ဗဟို အလုပ္အမွုေဆာင္ ေကာ္မတီ ဝင္ ေတြ ကို အသစ္ ျပန္လည္ ေရြးခ်ယ္ တင္ေျမႇာက္ ၾကဖို႔ ရွိေနတာ မွာ ဗဟို ေကာ္မတီ ဝင္ ၇၅ ေယာက္ နဲ႔ ဗဟို အလုပ္အမွုေဆာင္ ေကာ္မတီ ဝင္ ၂၅ ေယာက္ ထားရွိမွာ ျဖစ္ပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲ ၿမိဳ႕မွာ ၿပီး ခဲ့တဲ့ တနဂၤေႏြ ကစလို႔ SNLD ပါတီ ရဲ့ ၿမိဳ႕နယ္ စုံညီ အစည္းအေဝး က်င္းပ ေနပါတယ္။

BBC Burmese
http://www.bbc.com/burmese

...........................................................



 SNLD ပါတီ ရဲ့ ဗဟို ကော်မတီ နဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ ဝင် တွေ ကို အသစ် ပြန်လည် ရွေးချယ် တင်မြှောက် ကြမယ်။
ရှမ်းပြည်နယ် မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဦးဆောင် ဖွဲ့တဲ့ ပြည်နယ် အစိုးရ အဖွဲ့ ဝင် အမည်စာရင်း ဧပြီ ၄ ရက် နေ့က ထွက်ပေါ် လာခဲ့ပြီ ဖြစ်ပေမယ့် ရှမ်းပြည်နယ် အခြေစိုက် အဓိက တိုင်းရင်းသားပါတီကြီး တစ်ခု ဖြစ်တဲ့ SNLD ပါတီဝင် တစ်ဦးတစ်ယောက်မှ ပါဝင် လာခြင်း မရှိပါဘူး။

ပြည်ထောင်စု အဆင့်မှာရော ပြည်နယ် အဆင့်မှာပါ အစိုးရ အဖွဲ့ထဲ ပါဝင်ဖို့ NLD ပါတီဘက်က ကမ်းလှမ်း ခဲ့ ပေမယ့် ပါတီရဲ့ အခြေအနေ နဲ့ နိုင်ငံရေး ရည်မှန်းချက် တွေ ကြောင့် ငြင်းပယ် ခဲ့တယ် ဆိုပြီး SNLD ပါတီရဲ့ ပြောခွင့်ရ ဦးစိုင်းလိတ် က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ အဖွဲ့ထဲ ပါဝင်ခြင်း မရှိပေမယ့် ဖွဲ့စည်းပုံ ပြင်ဆင် ရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ အားလုံးမှာ NLD ပါတီ နဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ SNLD လွှတ်တော် အမတ် တွေကို ပါတီ က လမ်းညွှန် ထားတယ် လို့လည်း ဦးစိုင်းလိတ် က ဆိုပါတယ်။

ဒါ့အပြင် လွှတ်တော် ပြင်ပ မှာလည်း အားလုံး ပါဝင် တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီး ပေါ်ပေါက် လာရင် SNLD ဘက်က ပါဝင် ဆွေးနွေးဖို့ အဆင်သင့် ရှိတယ် လို့ ဦးစိုင်းလိတ် က ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၅ ရက် အင်္ဂါနေ့ မှာ တော့ SNLD ပါတီ ရဲ့ ဗဟို ကော်မတီ နဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ ဝင် တွေ ကို အသစ် ပြန်လည် ရွေးချယ် တင်မြှောက် ကြဖို့ ရှိနေတာ မှာ ဗဟို ကော်မတီ ဝင် ရ၅ ယောက် နဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ ဝင် ၂၅ ယောက် ထားရှိမှာ ဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ မြို့မှာ ပြီး ခဲ့တဲ့ တနင်္ဂနွေ ကစလို့ SNLD ပါတီ ရဲ့ မြို့နယ် စုံညီ အစည်းအဝေး ကျင်းပ နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)