ခရစ္ယာန္ဘုရားေက်ာင္း၀င္းထဲမွာ ေစတီတည္သည့္ ျဖစ္ရပ္အား KNU ေခါင္းေဆာင္မ်ား ေျဖရွင္းဖို ့ ၾကိဳးစား






မေအးေအးမာ
ကရင္ျပည္နယ္၊ လိႈင္းဘြဲ႔ၿမိဳ႕နယ္၊ ကြမ္းေတာေက်းရြာမွာတည္ရွိတဲ့ ခရစ္ယာန္ဘုရားေက်ာင္း၀င္းထဲမွာ
 ၿမိဳင္ႀကီးငူဆရာေတာ္နဲ႔ တပည့္ေတြက ေစတီတည္တဲ့လုပ္ရပ္ဟာ ကရင္ျပည္နယ္တြင္း ဘာသာေပါင္းစံု
 ခ်စ္ၾကည္ရင္းနွွီးမႈကို ထိခိုက္ေစတယ္လို႔ဆိုၿပီး အဲဒီေဒသမွာရွိတဲ့ ကရင္အမ်ဳိးသားအစည္းအ႐ံုး KNU တာ၀န္ရွိသူေတြက ေျဖရွင္းဖို႔ ႀကိဳးစားေနၾကပါတယ္။
ၿမိဳင္ႀကီးငူဆရာေတာ္ အစီအစဥ္နဲ႔ ရဟန္းသာမေဏေတြ၊ ေနာက္ပါကပၸိယေတြ၊ လူငွားေတြ အင္အား
ရာနဲ႔ခ်ီၿပီးေတာ့ ဧၿပီလ ၂၃ ရက္ေန႔အၿပီး ေစတီကို တည္ေဆာက္ေနတာပါ။ အခုေတာ့ KNU ျပည္ထဲေရးနဲ႔ သာသနာေရးဌာနက တာ၀န္ရွိသူဟာ ျပည္နယ္အစိုးရနဲ႔ ေတြ႔ဆံုေျဖရွင္းဖို႔ သြားေနပါၿပီ။ အျပည့္အစံုကို
 ထိုင္းအေျခစိုက္သတင္းေထာက္ မေအးမာက သတင္းေပးပို႔ထားပါတယ္။

ဒီမိုကေရစီကရင္အက်ိဳးျပဳတပ္မေတာ္ ဒီေကဘီေအနဲ႔ တုိးတက္ေသာ ကရင္ ဗုဒၶဘာသာ အမ်ိဳးသား
တပ္မေတာ္ ဒီေကဘီေအ ၂ဖဲြလံုးနဲ႔ ထိစပ္ၿပီး ကရင္လက္နက္ကုိင္အဖဲြ႔ရဲ ့နာယကဆရာေတာ္ အျဖစ္
တင္ေျမာက္ခံထားရတဲ့ျမိဳင္ႀကီးငူဆရာေတာ္ဟာ ခရစ္ယာန္ဘာသာ၀င္ေတြရဲ႕ ဘုရားေက်ာင္း၀င္း အတြင္းမွာေစတီေတာ္တဆူကုိ လူအင္အားသံုးၿပီး တည္ေဆာက္ေနတာပါ။
ဒီလုပ္နဲ႔ ပတ္သက္လို ့ကရင္အမ်ိဳးသား အစည္းအရံုး ျပည္ထဲေရးနဲ႔သာသနာေရးဌာန
တဲြဘက္အတြင္းေရးမွဴး မန္းမ်ိဳးျမင့္က အခုလိုေျပာျပပါတယ္။
“အဲဒီ အင္ဂလင္ကန္ ဘုရားရွိခိုးေက်ာင္းထဲမွာ ၿမိဳင္ႀကီးငူဆရာေတာ္ကေနၿပီးေတာ့ တစံုတရာ ခြင့္ျပဳေတာင္းခံ ညိွႏိွုင္းျခင္းမရွိပဲနဲ႔ မေန႔တုန္းကေပါ့  က်ေနာ္တို႔ကြမ္းေတာေက်းရြာ ဘုရားေက်ာင္အတြင္းမွာ ေစတီတည္တယ္။ ျခံစည္းရိုးေတြကို ရိုက္ခ်ိဳးၿပီးေတာ့ ၀င္ေရာက္ၿပီးေတာ့ ေစတီတည္တာေပါ့ေနာ္ အတင္းအဓမၼ
၀င္ေဆာက္တဲ့အေနအထားေတြျဖစ္ေတာ့ ေဒသခံေတြလည္းစိတ္မေကာင္းၾကဘူးေပါ့။ အခုေလာေလာ
ဆယ္ ဘယ္သူမွလည္း ၀င္ေရာက္ေျဖရွင္းတာမရွိဘူး။ ျပည္ထဲေရးနဲ႔ သာသနာေရးဌာနမွဴးကေတာ့ ဒီေန႔ ဘားအံကိုဆင္းသြားၿပီးေတာ့ ကရင္အစိုးရအပါအ၀င္ ဘာသာေပါင္းစံု ခ်စ္ၾကည္ေရးအဖြဲ႔ေတြနဲ႔
သြားေတြ႔မယ္။ ဒီကိစၥကိုေဆြးေႏြးဖို႔ ဒီေန႔ ဘားအံကို ဆင္းသြားၿပီ။”
ကရင္ျပည္နယ္အတြင္းမွာလူမ်ိဳးဘာသာေပါင္းစံုခ်စ္ၾကည္ေရးေဆြးေႏြးပဲြေတြမၾကာခနျပဳလုပ္ခဲ့တာေတြ
လည္းရွိခဲ့ၿပီး ဒီလို ခရစ္ယာန္ဘာသာ၀င္ေတြရဲ႕ ဘုရားေက်ာင္း၀င္းအတြင္းမွာ လူအင္အားနဲ႔ အတင္းအက်ပ္ ေစတီတည္ေဆာက္မူဟာ ထိလြယ္ရွလြယ္ျဖစ္ေနတဲ့ အခ်ိန္ျဖစ္တာေၾကာင့္ ဘာသာေပါင္းစံုညီညြတ္ေရးကိုထိခုိက္ေစႏိုင္တယ္လုိ႔လည္း ဆက္ေျပာျပပါတယ္။
“အဲဒီ ဘာသာေရးေပါင္းစံုခ်စ္ၾကည္ေရးေဆြးေႏြးပြဲေတြ ၊ေတြ႔ဆြံုေဆြးေႏြးပြဲေတြလည္းလုပ္ၾကတယ္။ အဲဒီလိုလုပ္ေနတဲ့ၾကားက ဒီလုိျဖစ္တာေတာ့မေကာင္းဘူးေပါ့အမရယ္။ က်ေနာ္တို႔ကရင္ျပည္နယ္အတြက္လည္း ပံုရိပ္မေကာင္းဘူး။ ဒါကေတာ့ မျဖစ္သင့္တဲ့အေနအထားေလ။”
ျမိဳင္ႀကီးငူဆရာေတာ္ဟာ အရင္အစိုးရလက္ထက္တုန္းကလည္း ကရင္ျပည္နယ္အတြင္းမွာ ခရစ္ယာန္ဘာသာ၀င္ေတြပိုင္တဲ့ ေနရာမွာအခုလိုအတင္းအက်ပ္ ေစတီတည္ေဆာက္မူကိုလုပ္ခဲ့တာပါ။ အခုအစိုးရ
သစ္လက္ထက္မွာလည္း ထပ္မံလုပ္ေဆာင္လာတာျဖစ္လုိ႔ အစိုးရသစ္အေနနဲ့ဘယ္လို ေျဖရွင္းမလဲဆိုတာ ေဒသခံေတြက ေမ်ွာ္လင့္ေနႀကတယ္လို ့ဆုိပါတယ္။
“မႏွစ္ကဆိုရင္လည္း က်ေနာ္တို႔ကရင္ျပည္နယ္ သံလြင္ျမစ္အေနာက္ဘက္ျခမ္းေပါ့ မိဇိုင္းဆိုတဲ့ရြာမွာလည္း အဲလိုပဲေပါ့။ မိဇိုင္းခရစ္ယာန္ဘုရားေက်ာင္းမွာလည္း ေစတီနဲ႔ အိမ္ေၾကာင္းတေဆာင္ကိုေဆာက္တဲ့အျဖစ္အပ်က္ေတြလည္းရွိခဲ့တာေပါ့။ ဘယ္သူမွလည္း ေသခ်ာတိက်တဲ့ အေနအထားမ်ိဳးနဲ႔ ေျဖရွင္းေပးမႈေတြလည္းမရွိဘူးေလ။ အဲဒါကလည္း မႏွစ္ကရွိခဲ့တယ္ေလ။ အေရးယူဖို႔ေပါ့ေလ အဲလိုေတြဆက္မလုပ္ဖို႔ ကူညီေျဖ
ရွင္းေပးဖို႔ေတာင္းဆိုတာေတြေတာ့ရွိတယ္ေပါ့။ ဒါေပမယ့္ ဘယ္သူမွလည္း တိက်ေသခ်ာတဲ့ ေျဖရွင္းေပးတာမရွိဘူးေလ။ဒါကေတာ့ အရင္အစိုးရလက္ထက္ေပါ့။ ဒါေပမယ့္ ဒီအစိုးရအသစ္က ဘယ္လိုေျဖရွင္းေပးမလဲဆိုေတာေတာ့မသိဘူးေပါ့။ လက္ရွိအစိုးရကိုလည္း အမ်ားက အားကိုး၊ စိတ္ခ်တဲ့သေဘာမ်ိဳးလည္း
၇ွိတယ္ေလ။ ဒီအစိုးရလက္ထက္မွာ ေကာင္းမြန္တဲ့ ရလဒ္တခုကို ကူညီေျဖရင္းမယ္လို႔ ေဒသခံေတြက ေမွ်ာ္လင့္ၾကတယ္ေလ။”
ဧျပီလ၂၃ရက္ေန့ကေတာ့ ေစတီေတာ္ကို တည္ေဆာက္ျပိီးညတြင္းခ်င္း ထိီးတင္တာမ်ိဳး.ေတြလုပ္တာ
မ်ိဳးေတြေၾကာင့္ ေဒသခံခရစ္ယာန္ဘာသာ၀င္ေတြသာမက ဗုဒၶဘာသာ၀င္ေတြက ပါ စိတ္မသက္မသာ
ျဖစ္ေနရပါတယ္။
ဒီကိစၥနဲ႔ပတ္သက္လို႔ ကရင္ျပည္နယ္အစိုးရဘက္ကိုေတာ့ဆက္သြယ္လို့မရေသးပါဘူး။ကရင္ျပည္နယ္
၀န္ႀကီးခ်ဳပ္ကေတာ့ႏိုင္ငံျခားခရီးစဥ္တခုသြားေရာက္ေနခ်ိန္လည္းျဖစ္ပါတယ္။ဒီကိစၥအေပၚမွာ အရင္အစုိးရ
တုန္းကလည္းတာ၀န္ရွိခဲတဲ့့ လက္ရွိအစိုးရသစ္က သာသနာေရး၀န္ႀကီးအေနနဲ႔ ဘယ္လိုကိုင္တြယ္ေျဖရွင္းမလဲဆိုတာ ကိုလည္း ေဒသခံေတြ
ဒီလုပ္ရပ္ေႀကာင့္ လူမ်ိဳးေရး ဘာသာေရး ထိလြယ္ရွလြယ္ျဖစ္ခ႔ဲျပီး ပဋိပကၡေတြျဖစ္ခဲ့တဲ့ျမန္မာႏုိင္ငံတြင္းမွာ
 ေနာက္ထပ္ဘာသာေရးအရ ႏွစ္ဘက္တင္းမာမူေတြ ျဖစ္လာမွာကုိလည္း စိုးရိမ္တာေၾကာင့္ ေကအန္ယူ ကရင္အမ်ိဳးသားအစည္းအရံုးရဲ႕ျပည္ထဲေရးနဲ႔ သာသနာေရးဌာန တာ၀န္ခံကိုယ္တုိင္သြားေရာက္ေျဖရွင္းဖို႔
အတြက္ဘားအံျမိဳ႔ကို ခရီးထြက္ေနျပီျဖစ္ေၾကာင္းေကအန္ယူဘက္ကေတာ့ ေျပာဆုိခဲ့ပါတယ္။
http://burmese.voanews.com/…/building-pagoda-…/3300400.html…
ဓါတ္ပံု
Ei Ei Swe
Chrihtoo Eh
Social Action for Women - SAW

................................



မအေးအေးမာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာမှာတည်ရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲမှာ မြိုင်ကြီးငူဆရာတော်နဲ့ တပည့်တွေက စေတီတည်တဲ့လုပ်ရပ်ဟာ ကရင်ပြည်နယ်တွင်း ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှှီးမှုကို ထိခိုက်စေတယ်လို့ဆိုပြီး အဲဒီဒေသမှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တာဝန်ရှိသူတွေက ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။
မြိုင်ကြီးငူဆရာတော် အစီအစဉ်နဲ့ ရဟန်းသာမဏေတွေ၊ နောက်ပါကပ္ပိယတွေ၊ လူငှားတွေ အင်အားရာနဲ့ချီပြီးတော့ ဧပြီလ ၂၃ ရက်နေ့အပြီး စေတီကို တည်ဆောက်နေတာပါ။ အခုတော့ KNU ပြည်ထဲရေးနဲ့ သာသနာရေးဌာနက တာဝန်ရှိသူဟာ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဖြေရှင်းဖို့ သွားနေပါပြီ။ အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။
ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် ဒီကေဘီအေနဲ့ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အမျိုးသားတပ်မတော် ဒီကေဘီအေ ၂ဖွဲလုံးနဲ့ ထိစပ်ပြီး ကရင်လက်နက်ကိုင်အဖွဲ့ရဲ ့နာယကဆရာတော် အဖြစ် တင်မြောက်ခံထားရတဲ့
မြိုင်ကြီးငူဆရာတော်ဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားကျောင်းဝင်း အတွင်းမှာစေတီတော်တဆူကို လူအင်အားသုံးပြီး တည်ဆောက်နေတာပါ။
ဒီလုပ်နဲ့ ပတ်သက်လို ့ကရင်အမျိုးသား အစည်းအရုံး ပြည်ထဲရေးနဲ့သာသနာရေးဌာန
တွဲဘက်အတွင်းရေးမှူး မန်းမျိုးမြင့်က အခုလိုပြောပြပါတယ်။
“အဲဒီ အင်ဂလင်ကန် ဘုရားရှိခိုးကျောင်းထဲမှာ မြိုင်ကြီးငူဆရာတော်ကနေပြီးတော့ တစုံတရာ ခွင့်ပြုတောင်းခံ ညှိနှိုင်းခြင်းမရှိပဲနဲ့ မနေ့တုန်းကေါပ ကျနော်တို့ကွမ်းတောကျေးရွာ ဘုရားကျောင်အတွင်းမှာ စေတီတည်တယ်။ ခြံစည်းရိုးတွေကို ရိုက်ချိုးပြီးတော့ ၀င်ရောက်ပြီးတော့ စေတီတည်တာပေါ့နော် အတင်းအဓမ္မဝင်ဆောက်တဲ့အနေအထားတွေဖြစ်တော့ ဒေသခံတွေလည်းစိတ်မကောင်းကြဘူးပေါ့။ အခုလောလောဆယ် ဘယ်သူမှလည်း ၀င်ရောက်ဖြေရှင်းတာမရှိဘူး။ ပြည်ထဲရေးနဲ့ သာသနာရေးဌာနမှူးကတော့ ဒီနေ့ ဘားအံကိုဆင်းသွားပြီးတော့ ကရင်အစိုးရအပါအဝင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွေနဲ့သွားတွေ့မယ်။ ဒီကိစ္စကိုဆွေးနွေးဖို့ ဒီနေ့ ဘားအံကို ဆင်းသွားပြီ။”
ကရင်ပြည်နယ်အတွင်းမှာလူမျိုးဘာသာပေါင်းစုံချစ်ကြည်ရေးဆွေးနွေးပွဲတွေမကြာခနပြုလုပ်ခဲ့တာတွေလည်းရှိခဲ့ပြီး ဒီလို ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားကျောင်းဝင်းအတွင်းမှာ လူအင်အားနဲ့ အတင်းအကျပ် စေတီတည်ဆောက်မူဟာ ထိလွယ်ရှလွယ်ဖြစ်နေတဲ့ အချိန်ဖြစ်တာကြောင့် ဘာသာပေါင်းစုံညီညွတ်ရေးကိုထိခိုက်စေနိုင်တယ်လို့လည်း ဆက်ပြောပြပါတယ်။
“အဲဒီ ဘာသာရေးပေါင်းစုံချစ်ကြည်ရေးဆွေးနွေးပွဲတွေ ၊တွေ့ဆွုံဆွေးနွေးပွဲတွေလည်းလုပ်ကြတယ်။ အဲဒီလိုလုပ်နေတဲ့ကြားက ဒီလိုဖြစ်တာတော့မကောင်းဘူးပေါ့အမရယ်။ ကျနော်တို့ကရင်ပြည်နယ်အတွက်လည်း ပုံရိပ်မကောင်းဘူး။ ဒါကတော့ မဖြစ်သင့်တဲ့အနေအထားလေ။”
မြိုင်ကြီးငူဆရာတော်ဟာ အရင်အစိုးရလက်ထက်တုန်းကလည်း ကရင်ပြည်နယ်အတွင်းမှာ ခရစ်ဘာသာဝင်တွေပိုင်တဲ့ နေရာမှာ
အခုလိုအတင်းအကျပ် စေတီတည်ဆောက်မူကိုလုပ်ခဲ့တာပါ။ အခုအစိုးရသစ်လက်ထက်မှာလည်း ထပ်မံလုပ်ဆောင်လာတာဖြစ်လို့ အစိုးရသစ်အနေနဲ့ဘယ်လို ဖြေရှင်းမလဲဆိုတာ ဒေသခံတွေက မျှော်လင့်နေကြတယ်လို ့ဆိုပါတယ်။
“မနှစ်ကဆိုရင်လည်း ကျနော်တို့ကရင်ပြည်နယ် သံလွင်မြစ်အနောက်ဘက်ခြမ်းပေါ့ မိဇိုင်းဆိုတဲ့ရွာမှာလည်း အဲလိုပဲပေါ့။ မိဇိုင်းခရစ်ယာန်ဘုရားကျောင်းမှာလည်း စေတီနဲ့ အိမ်ကြောင်းတဆောင်ကိုဆောက်တဲ့အဖြစ်အပျက်တွေလည်းရှိခဲ့တာပေါ့။ ဘယ်သူမှလည်း သေချာတိကျတဲ့ အနေအထားမျိုးနဲ့ ဖြေရှင်းပေးမှုတွေလည်းမရှိဘူးလေ။ အဲဒါကလည်း မနှစ်ကရှိခဲ့တယ်လေ။ အရေးယူဖို့ပေါ့လေ အဲလိုတွေဆက်မလုပ်ဖို့ ကူညီဖြေရှင်းပေးဖို့တောင်းဆိုတာတွေတော့ရှိတယ်ပေါ့။ ဒါပေမယ့် ဘယ်သူမှလည်း တိကျသေချာတဲ့ ဖြေရှင်းပေးတာမရှိဘူးလေ။ဒါကတော့ အရင်အစိုးရလက်ထက်ပေါ့။ ဒါပေမယ့် ဒီအစိုးရအသစ်က ဘယ်လိုဖြေရှင်းပေးမလဲဆိုတောတော့မသိဘူးပေါ့။ လက်ရှိအစိုးရကိုလည်း အများက အားကိုး၊ စိတ်ချတဲ့သဘောမျိုးလည်း ရှိတယ်လေ။ ဒီအစိုးရလက်ထက်မှာ ကောင်းမွန်တဲ့ ရလဒ်တခုကို ကူညီဖြေရင်းမယ်လို့ ဒေသခံတွေက မျှော်လင့်ကြတယ်လေ။”
ဧပြီလ၂၃ရက်နေ့ကတော့ စေတီတော်ကို တည်ဆောက်ပြိီးညတွင်းချင်း ထိီးတင်တာမျိုး.တွေလုပ်တာမျိုးတွေကြောင့် ဒေသခံခရစ်ယာန်ဘာသာဝင်တွေသာမက ဗုဒ္ဓဘာသာဝင်တွေက ပါ စိတ်မသက်သာဖြစ်နေရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကရင်ပြည်နယ်အစိုးရဘက်ကိုတော့ဆက်သွယ်လို့မရသေးပါဘူး။ကရင်ပြည်နယ်ဝန်ကြီးချုပ်ကတော့နိုင်ငံခြားခရီးစဉ်တခုသွားရောက်နေချိန်လည်းဖြစ်ပါတယ်။ဒီကိစ္စအပေါ်မှာ အရင်အစိုရတုန်းကလည်းတာဝန်ရှိခဲတဲ့့ လက်ရှိအစိုးရသစ်က သာသနာရေးဝန်ကြီးအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ကိုလည်း ဒေသခံတွေ
ဒီလုပ်ရပ်ကြောင့် လူမျိုးရေး ဘာသာရေး ထိလွယ်ရှလွယ်ဖြစ်ခဲ့ပြီး ပဋိပက္ခတွေဖြစ်ခဲ့တဲ့မြန်မာနိုင်ငံတွင်းမှာ နောက်ထပ်ဘာသာရေးအရ နှစ်ဘက်တင်းမာမူတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်တာကြောင့် ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ပြည်ထဲရေးနဲ့ သာသနာရေးဌာန တာဝန်ခံကိုယ်တိုင်သွားရောက်ဖြေရှင်းဖို့အတွက်
ဘားအံမြို့ကို ခရီးထွက်နေပြီဖြစ်ကြောင်းကေအန်ယူဘက်ကတော့ ပြောဆိုခဲ့ပါတယ်။
http://burmese.voanews.com/…/building-pagoda-…/3300400.html…
ဓါတ်ပုံ
Ei Ei Swe
Chrihtoo Eh
Social Action for Women - SAW
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)