ေဝါေလၿမိဳ႕နယ္ခြဲအတြင္းတြင္ KNDO ႏွင့္ အစိုးရတပ္တို႔အၾကား တင္းမာမႈျဖစ္ပြားခဲ့


ဧၿပီ ၂၅ရက္၊ ၂၀၁၆ခုႏွစ္။ ေကအိုင္စီ

ကရင္ျပည္နယ္၊ ျမ၀တီခ႐ုိင္၊ ေဝါေလၿမိဳ႕နယ္ခြဲအတြင္း အေျခခ်သည့္ ကရင္အမ်ဳိးသားအစည္းအ႐ံုး (KNU) လက္ေအာက္ခံ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႔ KNDO ႏွင့္ ေဝါေလအေျခစိုက္ အစိုးရတပ္တို႔အၾကား ဧၿပီ ၂၃ရက္၊ ေန႔လည္ ၂နာရီအခ်ိန္ခန္႔က ပစ္ခတ္လုနီးပါး တင္းမာမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

KNDO ဌာနခ်ဳပ္နယ္ေျမျဖစ္သည့္ အူးကေရ႕ခီးေနရာအတြင္း ေဝါေလအေျခစိုက္ အစုိးရ၏ စစ္ဆင္ကြပ္ကဲမႈ ႒ာနခ်ဳပ္-စကခ(၁၉)လက္ေအာက္ခံ ဗ်ဳဟာ(၂)ဗ်ဴဟာမႉး ဗိုလ္မႉးႀကီး မ်ိဳးေက်ာ္သူဦးေဆာင္သည့္ အင္အား ၂၀ ခန္႔မွာ တားျမစ္သည့္ၾကားက သတ္မွတ္နယ္ေျမအတြင္း ဝင္ေရာက္လာမႈေၾကာင့္ ပစ္ခတ္မႈျဖစ္လုနီးပါး ျဖစ္ပြားရျခင္းျဖစ္ေၾကာင္း KNDO စစ္ဦးစီးခ်ဳပ္ ဗိုလ္မႉးခ်ဳပ္ ေစာနယ္ဒါးျမက ေျပာသည္။

၎က “အစိုးရတပ္က လာမယ္လို႔ အေၾကာင္းၾကားတယ္။ သူတို႔ကလည္း တာဝန္အရ လာတာပါလို႔ ေျပာတယ္။ က်ေနာ္တို႔က ခြင့္မျပဳဘူး။ လာရင္ ပစ္ခတ္မႈျဖစ္မယ္လို႔ ေျပာထားတယ္။ တားတဲ့ ၾကားက သူတို႔က လူထုကို ဓားစာခံ သေဘာလုပ္ၿပီး ဝင္လာေတာ့ လူထုအသက္ကို ငဲ့လို႔ က်ေနာ္တို႔လည္း မပစ္ေတာ့ဘူး”ဟု ေကအိုင္စီသို႔ ေျပာသည္။

ဗ်ဴဟာမႉး ဗိုလ္မႉးႀကီး မ်ိဳးေက်ာ္သူ ကိုယ္တိုင္ဦးေဆာင္ၿပီး လက္နက္အျပည့္အစံုပါသည့္ တပ္ဖြဲ႔ဝင္မ်ားမွာ ကား ၂စီးျဖင့္ ရြာသား အနည္းဆံုး ၄ဦးကို ကားေပၚ တင္ေခၚေဆာင္လာခဲ့ၿပီး အူးကေရ႕ခီးရြာအတြင္း လွည့္လည္ကာ မိနစ္ ၃၀ ခန္႔ ဓာတ္ပံု႐ုိက္ျခင္းမ်ား လုပ္ေဆာင္ကာ ျပန္လည္ထြက္ခြာသြားေၾကာင္း သိရသည္။

အထက္ပါ ကိစၥႏွင့္ပတ္သက္၍ JMC-U ဒုဥကၠဌ KNLA စစ္ေထာက္ခ်ဳပ္ဗိုလ္ခ်ဳပ္ေစာအိုင္းဇက္ဖိုးထံ တင္ျပ အေၾကာင္းထားသလို ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေနသည့္ကာလအတြင္း အစိုးရတပ္အေနျဖင့္ ႏွစ္ဖက္ ေလးစားေသာအားျဖင့္ ေနာက္ေနာင္ယင္းအျပဳအမူမ်ိဳး မျပဳလုပ္သင့္ေၾကာင္းလည္း ဗိုလ္မႉးခ်ဳပ္ ေစာနယ္ဒါးျမက ဆက္ေျပာသည္။

NCA စာခ်ဳပ္ပါ သေဘာတူညီမႈအရ အေကာင္အထည္ေဖာ္ရမည့္ ႏွစ္ဖက္ေလးစားလိုက္နာရမည့္ ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ စစ္ဖက္ဆိုင္ရာက်င့္၀တ္မ်ားတြင္ လံုၿခံဳေရး ကန္႔သတ္ ေနရာမ်ားမွအပ မည္သည့္ေနရာမဆို လက္နက္မပါဘဲ အရပ္၀တ္ျဖင့္ လြတ္လပ္စြာ သြားလာခြင့္ ျပဳရန္၊ ထိန္းခ်ဳပ္နယ္ေျမမ်ားအတြင္း လက္နက္ျဖင့္ သြားလာရန္လိုအပ္ပါက ႏွစ္ဖက္ညိႇႏိိႈင္း သေဘာတူညီခ်က္ျဖင့္ သြားလာရန္ စသည့္ အခ်က္မ်ား ပါဝင္သည္။

ယင္းျဖစ္စဥ္အေပၚ KNU မွ JMC နည္းပညာအေထာက္အကူျပဳအဖြဲ႔ဝင္ ပဒိုေစာအယ္ကလူေစးက “ႏွစ္ဖက္တပ္ေနရာခ်ထားေရးကိစၥေတြ ႏွစ္ဖက္ေစာင့္ၾကည့္ေလ့လာေရးလုပ္ငန္းေတြကို ပီျပင္ မလုပ္ ေဆာင္ႏိုင္ေသးတဲ့ အခ်ိန္မွာ ဒီလုိကိစၥေတြအနည္းနဲ႔ အမ်ားေတာ့ျဖစ္မွာ ျဖစ္ပါတယ္။ အဲဒါေတြကို အဆင့္ဆင့္ ေဖာ္ေဆာင္ႏိုင္မယ္ဆိုရင္ေတာ့ တျဖည္းျဖည္း ေျပလည္သြားမွာပါ”ဟု ေျပာသည္။

KNU လက္ေအာက္တြင္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA ႏွင့္ ကရင္အမ်ိဳးသား ကာကြယ္ေရးတပ္ KNDO စသည့္လက္နက္ကိုင္တပ္ဖြဲ႔မ်ားရွိၿပီး KNU ၏ တပ္မဟာ ၇ ခုတြင္ တပ္ရင္း အလိုက္ KNDO တပ္ဖြဲ႔ဝင္မ်ားရွိေၾကာင္း သိရသည္။

ေကအုိင္စီ - KIC
http://kicnews.org

...............................................


ဧပြီ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြို့နယ်ခွဲအတွင်း အခြေချသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့် ဝေါလေအခြေစိုက် အစိုးရတပ်တို့အကြား ဧပြီ ၂၃ရက်၊ နေ့လည် ၂နာရီအချိန်ခန့်က ပစ်ခတ်လုနီးပါး တင်းမာမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

KNDO ဌာနချုပ်နယ်မြေဖြစ်သည့် အူးကရေ့ခီးနေရာအတွင်း ဝေါလေအခြေစိုက် အစိုးရ၏ စစ်ဆင်ကွပ်ကဲမှု ဋ္ဌာနချုပ်-စကခ(၁၉)လက်အောက်ခံ ဗျုဟာ(၂)ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးကျော်သူဦးဆောင်သည့် အင်အား ၂၀ ခန့်မှာ တားမြစ်သည့်ကြားက သတ်မှတ်နယ်မြေအတွင်း ဝင်ရောက်လာမှုကြောင့် ပစ်ခတ်မှုဖြစ်လုနီးပါး ဖြစ်ပွားရခြင်းဖြစ်ကြောင်း KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ပြောသည်။

၎င်းက “အစိုးရတပ်က လာမယ်လို့ အကြောင်းကြားတယ်။ သူတို့ကလည်း တာဝန်အရ လာတာပါလို့ ပြောတယ်။ ကျနော်တို့က ခွင့်မပြုဘူး။ လာရင် ပစ်ခတ်မှုဖြစ်မယ်လို့ ပြောထားတယ်။ တားတဲ့ ကြားက သူတို့က လူထုကို ဓားစာခံ သဘောလုပ်ပြီး ဝင်လာတော့ လူထုအသက်ကို ငဲ့လို့ ကျနော်တို့လည်း မပစ်တော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးကျော်သူ ကိုယ်တိုင်ဦးဆောင်ပြီး လက်နက်အပြည့်အစုံပါသည့် တပ်ဖွဲ့ဝင်များမှာ ကား ၂စီးဖြင့် ရွာသား အနည်းဆုံး ၄ဦးကို ကားပေါ် တင်ခေါ်ဆောင်လာခဲ့ပြီး အူးကရေ့ခီးရွာအတွင်း လှည့်လည်ကာ မိနစ် ၃၀ ခန့် ဓာတ်ပုံရိုက်ခြင်းများ လုပ်ဆောင်ကာ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အထက်ပါ ကိစ္စနှင့်ပတ်သက်၍ JMC-U ဒုဥက္ကဌ KNLA စစ်ထောက်ချုပ်ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးထံ တင်ပြ အကြောင်းထားသလို ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့်ကာလအတွင်း အစိုးရတပ်အနေဖြင့် နှစ်ဖက် လေးစားသောအားဖြင့် နောက်နောင်ယင်းအပြုအမူမျိုး မပြုလုပ်သင့်ကြောင်းလည်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဆက်ပြောသည်။

NCA စာချုပ်ပါ သဘောတူညီမှုအရ အကောင်အထည်ဖော်ရမည့် နှစ်ဖက်လေးစားလိုက်နာရမည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်များတွင် လုံခြုံရေး ကန့်သတ် နေရာများမှအပ မည်သည့်နေရာမဆို လက်နက်မပါဘဲ အရပ်ဝတ်ဖြင့် လွတ်လပ်စွာ သွားလာခွင့် ပြုရန်၊ ထိန်းချုပ်နယ်မြေများအတွင်း လက်နက်ဖြင့် သွားလာရန်လိုအပ်ပါက နှစ်ဖက်ညှိနိိှုင်း သဘောတူညီချက်ဖြင့် သွားလာရန် စသည့် အချက်များ ပါဝင်သည်။

ယင်းဖြစ်စဉ်အပေါ် KNU မှ JMC နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ပဒိုစောအယ်ကလူစေးက “နှစ်ဖက်တပ်နေရာချထားရေးကိစ္စတွေ နှစ်ဖက်စောင့်ကြည့်လေ့လာရေးလုပ်ငန်းတွေကို ပီပြင် မလုပ် ဆောင်နိုင်သေးတဲ့ အချိန်မှာ ဒီလိုကိစ္စတွေအနည်းနဲ့ အများတော့ဖြစ်မှာ ဖြစ်ပါတယ်။ အဲဒါတွေကို အဆင့်ဆင့် ဖော်ဆောင်နိုင်မယ်ဆိုရင်တော့ တဖြည်းဖြည်း ပြေလည်သွားမှာပါ”ဟု ပြောသည်။

KNU လက်အောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO စသည့်လက်နက်ကိုင်တပ်ဖွဲ့များရှိပြီး KNU ၏ တပ်မဟာ ရ ခုတွင် တပ်ရင်း အလိုက် KNDO တပ်ဖွဲ့ဝင်များရှိကြောင်း သိရသည်။

ကေအိုင်စီ - KIC
http://kicnews.org
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)