အမ်ဳိးသမီးေတြသာ မအိုမင္းတတ္ရင္ ဘယ္ေလာက္ေကာင္းလိမ့္မလဲ..
ဒီအမ်ဳိးသမီးရဲ႕နာမည္က Isabel Preysler ျဖစ္ပါတယ္။ သူ႔ကို ၁၉၅၁ခုႏွစ္ ဖိလစ္ပိုင္ႏိုင္ငံမွာ မြားဖြားခဲ့တယ္။ ၾကည့္ရတာ အသက္ ၂ဝေက်ာ္အ႐ြယ္ေလာက္ပဲ႐ွိတဲ့ ဒီအမ်ဳိးသမီးဟာ ဒီႏွစ္မွာ အသက္ ၆၅ႏွစ္႐ွိၿပီးျဖစ္ပါတယ္။ သူ႔ခႏၶာကိုယ္က သူ႔လက္႐ွိအသက္ထက္ ၄ဝေက်ာ္ငယ္ေနပါတယ္။
သူက မဂၢဇင္းအယ္ဒီတာတစ္ဦးျဖစ္သလို ဇနီးေကာင္း၊ မိခင္ေကာင္းတစ္ဦးျဖစ္ပါတယ္။ ၿပီးေတာ့သူဟာ လုပ္ငန္း႐ွင္တစ္ဦးျဖစ္သလို ပရဟိတၱသမားတစ္ဦးလည္းျဖစ္ပါတယ္။ ဆယ္လဲပလီတီတစ္ဦးျဖစ္သလို ဖက္႐ွင္ေလာကမွာ မအိုတတ္တဲ့ေမာ္ဒယ္တစ္ဦးလို႔ ထင္႐ွားေက်ာ္ၾကားပါတယ္။ သူ႔ခင္ပြန္းက အဆိုေတာ္၊ အထက္တန္းလႊာ၊ အရာ႐ွိတစ္ဦးျဖစ္ပါတယ္။ သူဟာ သားသမီးငါးေယာက္ရဲ႕မိခင္ျဖစ္ၿပီး သားသမီးတိုင္းက အလွဆံုး႐ုပ္ရည္ေတြကိုပိုင္ဆိုင္ထားၾကပါတယ္။
သူ႔အေၾကာင္း ဒါအကုန္ပဲ မဟုတ္ေသးဘူးေနာ္… ဆက္ဖတ္ပါဦး…
Isabel ဟာ သူ႔ေမြးရပ္ေျမ ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕မွာေနစဥ္တည္းက အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မယ္ၿပိဳင္ပဲြမွာ နာမည္ရခဲ့သူျဖစ္တယ္။ လူေတြကသူ႔ကို “ဖိလစ္ပိုင္ပုလဲ”လို႔ တင္စားခဲ့ၾကတယ္။ သူ ၁၆ႏွစ္အ႐ြယ္မွာ သူ႔မိဘေတြက နာမည္ႀကီးလာတဲ့သူ႔သမီးကို အႏုပညာေလာကထဲဝင္မွာစိုးလို႔ သူတို႔အမ်ဳိးေတြ႐ွိတဲ့ စပိန္ႏိုင္ငံ Madridၿမိဳ႕ကို ပို႔ပစ္လိုက္တယ္။
အဲဒီခရီးစဥ္က သူ႔ရဲ႕ဒ႑ာရီဆန္ တမူထူးျခားလွပတဲ့ဘဝကို စတင္တဲ့ခရီးစဥ္ျဖစ္ခဲ့ပါတယ္။
စပိန္ႏိုင္ငံမွာေက်ာင္းၿပီးေတာ့ Isabelရဲ႕ ပထမဦးဆံုးအလုပ္က စပိန္နာမည္ႀကီး မဂၢဇင္းတစ္ေစာင္ျဖစ္တဲ့ Hola မွာ အယ္ဒီတာလုပ္တာပဲျဖစ္တယ္။ အဲဒီတုန္းကေတာ့ သူဟာ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ ဒီမဂၢဇင္းရဲ႕မ်က္ႏွာဖံုး႐ွင္တစ္ဦးျဖစ္လာခဲ့လိမ့္မယ္လို႔ သူဘယ္စဥ္းစားမိလိမ့္မလဲ။
ကံတရားက လွပတဲ့လူေနာက္ အၿမဲလိုက္ေနတယ္လို႔ပဲဆိုရမလား.. သူပထမဦးဆံုး အင္တာဗ်ဴးခဲ့တဲ့လူဟာ သူ႔ဘဝတစ္သက္တာကို ျပဇာတ္ဆန္ဆန္ ေျပာင္းလဲပစ္ခဲ့ပါတယ္။ သူပထမဆံုး အင္တာဗ်ဴးခဲ့တဲ့လူက Julio lglesias လို႔ေခၚတဲ့ ေဘာလံုးကစားသမားတစ္ဦးပါ။ အဆိုေတာ္ျဖစ္ခ်င္တဲ့ စိတ္ကူးအိပ္မက္႐ွိတဲ့ ေဘာလံုးသမားတစ္ဦးေပါ့။ အင္တာဗ်ဴးၿပီးေနာက္ သူက Isabelကို ေတးဂီတေျဖေဖ်ာ္ပဲြသြားဖို႔ ဖိတ္ေခၚခဲ့တယ္။ အဲဒီေနာက္ ႏွစ္ေယာက္သား အခ်စ္ျမစ္ထဲေမ်ာပါသြားခဲ့ၾကတယ္။
ခ်စ္ႀကိဳက္ၿပီး ၇လအၾကာ ၁၉၇၁ခုႏွစ္မွာ သူတို႔ႏွစ္ေယာက္ မဂၤလာေဆာင္လိုက္ၾကတယ္။ ဖိလစ္ပင္းမိန္းကေလးက စပိန္ရဲ႕ေခၽြးမျဖစ္လာခဲ့တယ္။ သူရဲ႕ပံ့ပိုးကူညီမႈေအာက္မွာ သူ႔ခင္ပြန္းက အႏုပညာေလာကထဲ ေျခလွမ္းဝင္ခဲ့တယ္။ ေအာင္ျမင္လာခဲ့တယ္။ တ႐ုတ္ႏိုင္ငံထိ ႏွစ္ႀကိမ္တိုင္တိုင္ သြားေရာက္ေဖ်ာ္ေျဖႏိုင္ခဲ့တယ္။
Isabel ကို ပိုၿပီးခ်စ္ျမတ္ႏိုးေစ၊ တန္ဖိုးထားေစတာက သူနဲ႔သူ႔ခင္ပြန္းေမြးဖြားခဲ့တဲ့ သားႏွစ္ေယာက္နဲ႔ သမီးတစ္ေယာက္ကိုပါပဲ။ ခင္ပြန္းက သီခ်င္းဆိုရင္း အိမ္ကိုေထာက္ပံ့တယ္၊ မိန္းမက ပန္းကေလးလိုလွတယ္.. လူတကာအားက်ရတဲ့ ဒီမိသားစုဟာ Isabel အလုပ္လုပ္ေနတဲ့ မဂၢဇင္းမ်က္ႏွာဖံုးေပၚေရာက္သြားခဲ့တယ္။ သူဟာ သာမန္အယ္ဒီတာတစ္ဦးကေန မဂၢဇင္းရဲ႕မ်က္ႏွာဖံုး႐ွင္ျဖစ္လာခဲ့တယ္။
ဓာတ္ပံုထဲက Isabel ရင္ခြင္ထက္က ကေလးငယ္ကို သတိထားမိၾကလား။ အေမ့ရဲ႕႐ုပ္ရည္၊ အေဖ့ရဲ႕အသံကို အေမြရထားတဲ့ အဲဒီကေလးငယ္ဟာ ႀကီးျပင္းလာတဲ့အခ်ိန္ ဂီတေလာကမွာ ဘုရင္တစ္ဆူျဖစ္လာခဲ့ပါတယ္။
သူႀကီးျပင္းလာခ်ိန္က ဒီပံုေပါ့။
သူ႔ကိုသိၾကမွာပါ.. သူဟာ လက္တင္ဂီတေလာကမွာ စူပါစတား၊ အခ်စ္သီခ်င္းမွာ မင္းသားတစ္ပါးျဖစ္တဲ့ Enrique Iglesias ပဲျဖစ္ပါတယ္။ သူရဲ႕ေက်ာ္ၾကားမႈက သူ႔အေဖရဲ႕ေက်ာ္ၾကားမႈထက္ေတာင္ ေက်ာ္လြန္ေနခဲ့ပါတယ္။ စပိန္ႏိုင္ငံသားတိုင္း သူ႔ကိုသိတဲ့အျပင္ အေမရိကန္နာမည္ႀကီး Billboard မွာ လက္တင္သီခ်င္းအဆို႐ွင္အျဖစ္ အၿမဲထိပ္ဆံုးမွာ႐ွိေနခဲ့တယ္။
သူအရမ္းေခ်ာ၊ အရမ္းေတာ္တာလူတိုင္းသိပါတယ္။ ဒါေပမယ့္ ပိုထူးျခားဆန္းၾကယ္တဲ့ ဒ႑ာရီဆန္တဲ့ သူ႔အေမအေၾကာင္းပဲ ကၽြန္မတို႔ဆက္ေျပာရေအာင္…
ခင္ပြန္းျဖစ္သူ Julio ဟာ နာမည္ႀကီးလာတာနဲ႔အမွ် ေပြ႐ႈပ္လာတယ္။ အျပင္မွာအေနမ်ားလာၿပီး ညညအိမ္ျပန္ေနာက္က်လာခဲ့တယ္။ ၁၉၇၈ခုႏွစ္မွာ လူတကာအားက်တဲ့ဒီအိမ္ေထာင္ေရး ၿပိဳပ်က္သြားခဲ့ပါတယ္။ ဒီအတြက္ Isabel အရမ္းနာက်င္ခဲ့ရတယ္။ ဒါေပမယ့္ လွပတဲ့အမ်ဳိးသမီးေနာက္ အခ်စ္က လိုက္ေနစၿမဲပါ။
၁၉၈ဝခုႏွစ္မွာ Carlos Falco လို႔တဲ့ စပိန္မႉးမတ္တစ္ေယာက္နဲ႔ သူေနာက္အိမ္ေထာင္ျပဳခဲ့ပါတယ္။ ဒါေပမယ့္ ဒီအိမ္ေထာင္ေရးက တာ႐ွည္မခံခဲ့ပါတယ္။ ၁၉၈၅ခုႏွစ္မွာ သူတို႔ကြာ႐ွင္းခဲ့ၾကတယ္။ သူတို႔မ်ဳိးဆက္အျဖစ္ လွပေခ်ာေမာတဲ့ Tamara Falcó လို႔ေခၚတဲ့ သမီးတစ္ေယာက္က်န္႐ွိခဲ့ပါတယ္။
အဆိုေတာ္ခင္ပြန္းက သူ႔ကို႐ိုမန္တစ္ဆန္တဲ့ဘဝတစ္ခုေပးခဲ့ပါတယ္။ မႉးမတ္ခင္ပြန္းက သူ႔ကို ဂုဏ္ပကာသနေတြရဲ႕ခန္႔ညားေစခဲ့ပါတယ္။ တတိယအိမ္ေထာင္ဆက္ ခင္ပြန္းျဖစ္သူ Miguel Boyer ကေတာ့ သူ႔ကို ႐ွည္လ်ားတဲ့ဝမ္းနည္းပူေဆြးျခင္းေတြ ေပးခဲ့ပါတယ္။ ၾကည့္ရတာ ဘုရားသခင္က လွပတဲ့ဒီအမ်ဳိးသမီးကို မနာလိုျဖစ္ေလာက္ၿပီထင္ပါရဲ႕….
စပိန္ဘ႑ာေရးဝန္ႀကီးေဟာင္းတစ္ဦးျဖစ္တဲ့ Miguel Boyer ဟာ ႏိုင္ငံေရးနယ္ပယ္မွာမင္းသားတစ္ပါးပါပဲ။ ဒါေပမယ့္ အျပင္ထြက္ခ်ိန္မွာ ဇနီး Isabel ရဲ႕ အိတ္ကိုကိုင္ေပးဖို႔၊ တြန္းေပးဖို႔ မတြန္႔တိုခဲ့ပါဘူး။
၂ဝ၁၄ခုႏွစ္မွာ Miguel Boyer အသက္ ၇၆ႏွစ္နဲ႔ သူကြယ္လြန္သြားခဲ့ပါၿပီ။ ဇနီး Isabel ကို အေဖာ္ျပဳဖို႔ သူ႔ကိုယ္စား သမီးအေခ်ာအလွ Ana Boyerကို ခ်န္ထားရစ္ခဲ့ပါတယ္။
“ဖိလစ္ပိုင္ပုလဲ” ေမြးဖြားခဲ့တဲ့ စပိန္သားသမီးေတြက ျမင္သူတကာကို ပင့္သက္႐ႈမွားရေလာက္ေအာင္ ေခ်ာလွခဲ့ၾကတယ္။ အေမကလည္း သမီးေတြရဲ႕ သူငယ္ခ်င္းလိုပဲ အ႐ြယ္တင္တုန္း။
Nine Nine Sanay @ ႏိုင္းႏိုင္းစေန
................................................
ဖိလစ်ပိုင်ပုလဲ သို့မဟုတ် Isabel Preysler
အမျိုးသမီးတွေသာ မအိုမင်းတတ်ရင် ဘယ်လောက်ကောင်းလိမ့်မလဲ..
ဒီအမျိုးသမီးရဲ့နာမည်က Isabel Preysler ဖြစ်ပါတယ်။ သူ့ကို ၁၉၅၁ခုနှစ် ဖိလစ်ပိုင်နိုင်ငံမှာ မွားဖွားခဲ့တယ်။ ကြည့်ရတာ အသက် ၂ဝကျော်အရွယ်လောက်ပဲရှိတဲ့ ဒီအမျိုးသမီးဟာ ဒီနှစ်မှာ အသက် ၆၅နှစ်ရှိပြီးဖြစ်ပါတယ်။ သူ့ခန္ဓာကိုယ်က သူ့လက်ရှိအသက်ထက် ၄ဝကျော်ငယ်နေပါတယ်။
သူက မဂ္ဂဇင်းအယ်ဒီတာတစ်ဦးဖြစ်သလို ဇနီးကောင်း၊ မိခင်ကောင်းတစ်ဦးဖြစ်ပါတယ်။ ပြီးတော့သူဟာ လုပ်ငန်းရှင်တစ်ဦးဖြစ်သလို ပရဟိတ္တသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဆယ်လဲပလီတီတစ်ဦးဖြစ်သလို ဖက်ရှင်လောကမှာ မအိုတတ်တဲ့မော်ဒယ်တစ်ဦးလို့ ထင်ရှားကျော်ကြားပါတယ်။ သူ့ခင်ပွန်းက အဆိုတော်၊ အထက်တန်းလွှာ၊ အရာရှိတစ်ဦးဖြစ်ပါတယ်။ သူဟာ သားသမီးငါးယောက်ရဲ့မိခင်ဖြစ်ပြီး သားသမီးတိုင်းက အလှဆုံးရုပ်ရည်တွေကိုပိုင်ဆိုင်ထားကြပါတယ်။
သူ့အကြောင်း ဒါအကုန်ပဲ မဟုတ်သေးဘူးနော်… ဆက်ဖတ်ပါဦး…
Isabel ဟာ သူ့မွေးရပ်မြေ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာနေစဉ်တည်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မယ်ပြိုင်ပွဲမှာ နာမည်ရခဲ့သူဖြစ်တယ်။ လူတွေကသူ့ကို “ဖိလစ်ပိုင်ပုလဲ”လို့ တင်စားခဲ့ကြတယ်။ သူ ၁၆နှစ်အရွယ်မှာ သူ့မိဘတွေက နာမည်ကြီးလာတဲ့သူ့သမီးကို အနုပညာလောကထဲဝင်မှာစိုးလို့ သူတို့အမျိုးတွေရှိတဲ့ စပိန်နိုင်ငံ Madridမြို့ကို ပို့ပစ်လိုက်တယ်။
အဲဒီခရီးစဉ်က သူ့ရဲ့ဒဏ္ဍာရီဆန် တမူထူးခြားလှပတဲ့ဘဝကို စတင်တဲ့ခရီးစဉ်ဖြစ်ခဲ့ပါတယ်။
စပိန်နိုင်ငံမှာကျောင်းပြီးတော့ Isabelရဲ့ ပထမဦးဆုံးအလုပ်က စပိန်နာမည်ကြီး မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Hola မှာ အယ်ဒီတာလုပ်တာပဲဖြစ်တယ်။ အဲဒီတုန်းကတော့ သူဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒီမဂ္ဂဇင်းရဲ့မျက်နှာဖုံးရှင်တစ်ဦးဖြစ်လာခဲ့လိမ့်မယ်လို့ သူဘယ်စဉ်းစားမိလိမ့်မလဲ။
ကံတရားက လှပတဲ့လူနောက် အမြဲလိုက်နေတယ်လို့ပဲဆိုရမလား.. သူပထမဦးဆုံး အင်တာဗျူးခဲ့တဲ့လူဟာ သူ့ဘဝတစ်သက်တာကို ပြဇာတ်ဆန်ဆန် ပြောင်းလဲပစ်ခဲ့ပါတယ်။ သူပထမဆုံး အင်တာဗျူးခဲ့တဲ့လူက Julio lglesias လို့ခေါ်တဲ့ ဘောလုံးကစားသမားတစ်ဦးပါ။ အဆိုတော်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်ရှိတဲ့ ဘောလုံးသမားတစ်ဦးပေါ့။ အင်တာဗျူးပြီးနောက် သူက Isabelကို တေးဂီတဖြေဖျော်ပွဲသွားဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဲဒီနောက် နှစ်ယောက်သား အချစ်မြစ်ထဲမျောပါသွားခဲ့ကြတယ်။
ချစ်ကြိုက်ပြီး ရလအကြာ ၁၉၇၁ခုနှစ်မှာ သူတို့နှစ်ယောက် မင်္ဂလာဆောင်လိုက်ကြတယ်။ ဖိလစ်ပင်းမိန်းကလေးက စပိန်ရဲ့ချွေးမဖြစ်လာခဲ့တယ်။ သူရဲ့ပံ့ပိုးကူညီမှုအောက်မှာ သူ့ခင်ပွန်းက အနုပညာလောကထဲ ခြေလှမ်းဝင်ခဲ့တယ်။ အောင်မြင်လာခဲ့တယ်။ တရုတ်နိုင်ငံထိ နှစ်ကြိမ်တိုင်တိုင် သွားရောက်ဖျော်ဖြေနိုင်ခဲ့တယ်။
Isabel ကို ပိုပြီးချစ်မြတ်နိုးစေ၊ တန်ဖိုးထားစေတာက သူနဲ့သူ့ခင်ပွန်းမွေးဖွားခဲ့တဲ့ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ကိုပါပဲ။ ခင်ပွန်းက သီချင်းဆိုရင်း အိမ်ကိုထောက်ပံ့တယ်၊ မိန်းမက ပန်းကလေးလိုလှတယ်.. လူတကာအားကျရတဲ့ ဒီမိသားစုဟာ Isabel အလုပ်လုပ်နေတဲ့ မဂ္ဂဇင်းမျက်နှာဖုံးပေါ်ရောက်သွားခဲ့တယ်။ သူဟာ သာမန်အယ်ဒီတာတစ်ဦးကနေ မဂ္ဂဇင်းရဲ့မျက်နှာဖုံးရှင်ဖြစ်လာခဲ့တယ်။
ဓာတ်ပုံထဲက Isabel ရင်ခွင်ထက်က ကလေးငယ်ကို သတိထားမိကြလား။ အမေ့ရဲ့ရုပ်ရည်၊ အဖေ့ရဲ့အသံကို အမွေရထားတဲ့ အဲဒီကလေးငယ်ဟာ ကြီးပြင်းလာတဲ့အချိန် ဂီတလောကမှာ ဘုရင်တစ်ဆူဖြစ်လာခဲ့ပါတယ်။
သူကြီးပြင်းလာချိန်က ဒီပုံပေါ့။
သူ့ကိုသိကြမှာပါ.. သူဟာ လက်တင်ဂီတလောကမှာ စူပါစတား၊ အချစ်သီချင်းမှာ မင်းသားတစ်ပါးဖြစ်တဲ့ Enrique Iglesias ပဲဖြစ်ပါတယ်။ သူရဲ့ကျော်ကြားမှုက သူ့အဖေရဲ့ကျော်ကြားမှုထက်တောင် ကျော်လွန်နေခဲ့ပါတယ်။ စပိန်နိုင်ငံသားတိုင်း သူ့ကိုသိတဲ့အပြင် အမေရိကန်နာမည်ကြီး Billboard မှာ လက်တင်သီချင်းအဆိုရှင်အဖြစ် အမြဲထိပ်ဆုံးမှာရှိနေခဲ့တယ်။
သူအရမ်းချော၊ အရမ်းတော်တာလူတိုင်းသိပါတယ်။ ဒါပေမယ့် ပိုထူးခြားဆန်းကြယ်တဲ့ ဒဏ္ဍာရီဆန်တဲ့ သူ့အမေအကြောင်းပဲ ကျွန်မတို့ဆက်ပြောရအောင်…
ခင်ပွန်းဖြစ်သူ Julio ဟာ နာမည်ကြီးလာတာနဲ့အမျှ ပွေရှုပ်လာတယ်။ အပြင်မှာအနေများလာပြီး ညညအိမ်ပြန်နောက်ကျလာခဲ့တယ်။ ၁၉၇၈ခုနှစ်မှာ လူတကာအားကျတဲ့ဒီအိမ်ထောင်ရေး ပြိုပျက်သွားခဲ့ပါတယ်။ ဒီအတွက် Isabel အရမ်းနာကျင်ခဲ့ရတယ်။ ဒါပေမယ့် လှပတဲ့အမျိုးသမီးနောက် အချစ်က လိုက်နေစမြဲပါ။
၁၉၈ဝခုနှစ်မှာ Carlos Falco လို့တဲ့ စပိန်မှူးမတ်တစ်ယောက်နဲ့ သူနောက်အိမ်ထောင်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီအိမ်ထောင်ရေးက တာရှည်မခံခဲ့ပါတယ်။ ၁၉၈၅ခုနှစ်မှာ သူတို့ကွာရှင်းခဲ့ကြတယ်။ သူတို့မျိုးဆက်အဖြစ် လှပချောမောတဲ့ Tamara Falcó လို့ခေါ်တဲ့ သမီးတစ်ယောက်ကျန်ရှိခဲ့ပါတယ်။
အဆိုတော်ခင်ပွန်းက သူ့ကိုရိုမန်တစ်ဆန်တဲ့ဘဝတစ်ခုပေးခဲ့ပါတယ်။ မှူးမတ်ခင်ပွန်းက သူ့ကို ဂုဏ်ပကာသနတွေရဲ့ခန့်ညားစေခဲ့ပါတယ်။ တတိယအိမ်ထောင်ဆက် ခင်ပွန်းဖြစ်သူ Miguel Boyer ကတော့ သူ့ကို ရှည်လျားတဲ့ဝမ်းနည်းပူဆွေးခြင်းတွေ ပေးခဲ့ပါတယ်။ ကြည့်ရတာ ဘုရားသခင်က လှပတဲ့ဒီအမျိုးသမီးကို မနာလိုဖြစ်လောက်ပြီထင်ပါရဲ့….
စပိန်ဘဏ္ဍာရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ Miguel Boyer ဟာ နိုင်ငံရေးနယ်ပယ်မှာမင်းသားတစ်ပါးပါပဲ။ ဒါပေမယ့် အပြင်ထွက်ချိန်မှာ ဇနီး Isabel ရဲ့ အိတ်ကိုကိုင်ပေးဖို့၊ တွန်းပေးဖို့ မတွန့်တိုခဲ့ပါဘူး။
၂ဝ၁၄ခုနှစ်မှာ Miguel Boyer အသက် ရ၆နှစ်နဲ့ သူကွယ်လွန်သွားခဲ့ပါပြီ။ ဇနီး Isabel ကို အဖော်ပြုဖို့ သူ့ကိုယ်စား သမီးအချောအလှ Ana Boyerကို ချန်ထားရစ်ခဲ့ပါတယ်။
“ဖိလစ်ပိုင်ပုလဲ” မွေးဖွားခဲ့တဲ့ စပိန်သားသမီးတွေက မြင်သူတကာကို ပင့်သက်ရှုမှားရလောက်အောင် ချောလှခဲ့ကြတယ်။ အမေကလည်း သမီးတွေရဲ့ သူငယ်ချင်းလိုပဲ အရွယ်တင်တုန်း။
Nine Nine Sanay @ နိုင်းနိုင်းစနေ