အင်းစိန်ဆေးရုံ နဲ့  facebook ပေါ်မှ ရိုက်ခတ်သံ


ဆေးရုံလား???




သွန်း(အေမီ)
Thoon Chit Thet (fb)

...................................................




ဆေးရုံလား???
အင်းစိန်ဆေးရုံ ပထမထပ် အမျိုးသားခွဲစိတ်ကုသဆောင်က လူနာတွေအတွက် အိမ်သာ, စွန့်ပြစ်ပစ္စည်း , အမှိုက်ပုံး ဘယ်သူမှရှင်းမယ့်သူမရှိဘူး..အနံ့တွေကလည်းဆိုးရွားလိုက်တာ ဆေးရုံကဆေးရုံနဲ့မတူပဲ အမှိုက်ပုံနဲ့ထူးမခြားနားဖြစ်နေတယ်..အခြားလူနာဆောင်တွေတော့မသိဘူး ခုရောက်နေတဲ့နေရာတော့ တော်တော်ဆိုးတယ်..ဆေးရုံရောက်တဲ့သူက ရောဂါကဖြစ်တာနည်း၂ ဆေးရုံရောက်မှ အနံ့သက်တွေကြောင့် ရောဂါကပိုကြီးထွားလာတယ်..ကျန်းမာရေးကောင်းတဲ့သူတောင် ခံနိုင်ရည်မရှိဘူး...လူနာဆိုရင်တော့ပိုဆိုးပေါ့..

 ဆေးရုံက သန့်ရှင်းမှုကိုမနိုင်နင်းတာလား လူနာတွေစောင့်တဲ့သူတွေကပဲ မသန့်ရှင်းတာလားလို့တွေးမိတယ်..ဘာပဲဖြစ်၂ ဆေးရုံဆိုတာ သန့်ရှင်းသန့်ရပ်ပြီး လေဝင်လေထွက်ကောင်းဖို့လိုတယ်လို့ထင်တာပဲ ဒါမှလည်း လူနာတွေအတွက်ပိုပြီး မြန်၂ကျန်းမာရေးပိုကောင်းလာမှာပေါ့.. ဒီလိုပြောလို့ တချို့လူတွေအမြင်မှာပြောစရာရှိပါလိမ့်မယ်.. အဲ့လိုပြောနေမယ့်အစား ဝင်လုပ်လိုက်ပါလား လို့ပြောချင်ပြောနေလိမ့်မယ်.. သွန်းတယောက်တည်းဖြစ်နေတာကတကြောင်း..လူနာကိုစောင့်နေရလို့မအားတာကတကြောင်း.. သွန်းကျန်းမာရေးကြောင့်မလုပ်ဖြစ်ခဲ့ဘူး.. ဒါတောင် အပြင်ပိုင်းလေးပဲပုံတွေရိုက်ခဲ့တယ်.. မြင်မကောင်းအောင် အခြေနေဆိုးတယ်.. ဤ post ကိုတင်တာ ဘယ်သူ့ကိုမှမရည်ရွယ်ပါ..စာထဲမှာအမှားပါရင်ခွင့်လွှတ်ပါလို့ ကြိုပြီးတောင်းပန်ပါရစေ...

သွန်း(အေမီ)
Thoon Chit Thet (fb)
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)