DKBA မွာ အေျပာင္းအလဲအခ်ိဳ႕ ျပဳလုပ္

 ကြယ္လြန္သူ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ေစာလာပြယ္ ေခၚ ဗိုလ္ႏွုတ္ခမ္းေမႊး ေနရာမွာဗိုလ္ခ်ဳပ္ႀကီး ေစာမိုေရွး ကို အစားထိုး ေရြးခ်ယ္
ဒီမိုကေရစီအက်ိဳးျပဳကရင္တပ္မေတာ္ DKBA မွာ ေခါင္းေဆာင္အသစ္တက္လာၿပီးတဲ့ အခ်ိန္မွာ မူဝါဒနဲ႔ ဖြဲ႕စည္းပုံေျပာင္းလဲတာေတြ႕ရပါတယ္။

DKBA ရဲ့အေရးႀကီးဆုံး အေျပာင္းအလဲကေတာ့ ဘာသာေရးနဲ႔ မပတ္သက္တဲ့မူကိုက်င့္သုံးလာ တာပါပဲ။

အရင္တုံးကဒီမိုကရက္တစ္ ကရင္ဗုဒၶဘာသာ တပ္မေတာ္ကေန အခု ဒီမိုကေရစီ အက်ိဳးျပဳ ကရင္တပ္မေတာ္ DKBA ဆိုၿပီးေျပာင္းခဲ့ၿပီး အရင္ကသူတို႔ရဲ့လက္ေမာင္း တံဆိပ္မွာ ဘာသာေရးအလံပုံတပ္ထားရာကေန ၿငိမ္းခ်မ္းေရးသေကၤတျဖစ္တဲ့အျပာေရာင္ေပၚ မွာ ဂ်ိဳးျဖဴ အမွတ္အသား ကို ေျပာင္းလဲ ခဲ့ပါတယ္။

ကြယ္လြန္သူ DKBA ေခါင္းေဆာင္ေဟာင္း၊ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ေစာလာပြယ္ ေခၚ ဗိုလ္ႏွုတ္ခမ္းေမႊး ေနရာမွာဗိုလ္ခ်ဳပ္ႀကီး ေစာမိုေရွး ကို အစားထိုး ေရြးခ်ယ္ၿပီးDKBA ရဲ့ ႒ာနခ်ဳပ္ ဆုံဆည္းၿမိဳင္မွာ က်င္းပတဲ့ ညီလာခံအခမ္းအနားမွာ ခန္႔အပ္ ခဲ့ပါတယ္။

အဲဒီမွာ စစ္ဦးစီးခ်ဳပ္အျပင္ ဒုတိယ စစ္ဦးစီးခ်ဳပ္ အျဖစ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေစာစတီး၊ စစ္ဦးစီး အရာရွိခ်ဳပ္ အျဖစ္ ဗိုလ္ခ်ဳပ္ ေစာႏုခုပ္ တို႔ကိုလည္း ေရြးခ်ယ္ လိုက္တယ္လို႔ DKBA ေခါင္းေဆာင္ အသိုင္း အဝိုင္းက ေျပာပါတယ္။

မူဝါဒပိုင္းမွာလဲ ဘယ္သူ႔ၾသဇာကိုမွမခံပဲ၊ ၿငိမ္းခ်မ္းေရး၊ဒီမိုကေရစီေရးနဲ႔ဖက္ဒရယ္အေရးကိုအဓိက အေလးထားၿပီးေဆာင္ရြက္သြားမယ္လို႔ ဒီမိုကေရစီအက်ိဳးျပဳကရင္တပ္မေတာ္ DKBA ရဲ့ဒုတိယစစ္ဉီးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေစာစတီးက ေျပာပါတယ္။

အရင္ စစ္ဉီးစီးခ်ဳပ္ ေစာလားပြယ္ ခ်မွတ္ ထားတဲ့ ၿငိမ္းခ်မ္းေရး လမ္းစဥ္ ကို ဆက္လက္ က်င့္သုံးမွာ ျဖစ္ၿပီး လက္ရွိ အစိုးရနဲ႔လည္း လက္တြဲ ပူးေပါင္းေဆာင္ရြက္မယ္လို႔ ေျပာပါတယ္။

သူတို႔ရဲ့တပ္ေတြကိုလည္းအရင္လိုမျပန္႔က်ဲေနပဲက်စ္က်စ္လစ္လစ္ျဖစ္ေအာင္ တပ္ရင္း ၉ ရင္းနဲ႔ ျပန္လည္ ဖြဲ႕စည္းထားေၾကာင္း ဒုတိယ စစ္ဉီးစီးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေစာစတီးက ေျပာပါတယ္။

က်န္တဲ့အေသးစိတ္ အခ်က္အလက္ေတြကို ဆက္ ေဆြးေႏြးၿပီးဧၿပီလ ၂၂ ရက္ေန႔ အထိ DKBA ရဲ့ ညီလာခံ ကို က်င္းပသြားမွာျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese

.................................


 ကွယ်လွန်သူ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလာပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး နေရာမှာဗိုလ်ချုပ်ကြီး စောမိုရှေး ကို အစားထိုး ရွေးချယ်
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA မှာ ခေါင်းဆောင်အသစ်တက်လာပြီးတဲ့ အချိန်မှာ မူဝါဒနဲ့ ဖွဲ့စည်းပုံပြောင်းလဲတာတွေ့ရပါတယ်။

DKBA ရဲ့အရေးကြီးဆုံး အပြောင်းအလဲကတော့ ဘာသာရေးနဲ့ မပတ်သက်တဲ့မူကိုကျင့်သုံးလာ တာပါပဲ။

အရင်တုံးကဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော်ကနေ အခု ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA ဆိုပြီးပြောင်းခဲ့ပြီး အရင်ကသူတို့ရဲ့လက်မောင်း တံဆိပ်မှာ ဘာသာရေးအလံပုံတပ်ထားရာကနေ ငြိမ်းချမ်းရေးသင်္ကေတဖြစ်တဲ့အပြာရောင်ပေါ် မှာ ဂျိုးဖြူ အမှတ်အသား ကို ပြောင်းလဲ ခဲ့ပါတယ်။

ကွယ်လွန်သူ DKBA ခေါင်းဆောင်ဟောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလာပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး နေရာမှာဗိုလ်ချုပ်ကြီး စောမိုရှေး ကို အစားထိုး ရွေးချယ်ပြီးDKBA ရဲ့ ဋ္ဌာနချုပ် ဆုံဆည်းမြိုင်မှာ ကျင်းပတဲ့ ညီလာခံအခမ်းအနားမှာ ခန့်အပ် ခဲ့ပါတယ်။

အဲဒီမှာ စစ်ဦးစီးချုပ်အပြင် ဒုတိယ စစ်ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီး၊ စစ်ဦးစီး အရာရှိချုပ် အဖြစ် ဗိုလ်ချုပ် စောနုခုပ် တို့ကိုလည်း ရွေးချယ် လိုက်တယ်လို့ DKBA ခေါင်းဆောင် အသိုင်း အဝိုင်းက ပြောပါတယ်။

မူဝါဒပိုင်းမှာလဲ ဘယ်သူ့သြဇာကိုမှမခံပဲ၊ ငြိမ်းချမ်းရေး၊ဒီမိုကရေစီရေးနဲ့ဖက်ဒရယ်အရေးကိုအဓိက အလေးထားပြီးဆောင်ရွက်သွားမယ်လို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့ဒုတိယစစ်ဉီးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောစတီးက ပြောပါတယ်။

အရင် စစ်ဉီးစီးချုပ် စောလားပွယ် ချမှတ် ထားတဲ့ ငြိမ်းချမ်းရေး လမ်းစဉ် ကို ဆက်လက် ကျင့်သုံးမှာ ဖြစ်ပြီး လက်ရှိ အစိုးရနဲ့လည်း လက်တွဲ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပါတယ်။

သူတို့ရဲ့တပ်တွေကိုလည်းအရင်လိုမပြန့်ကျဲနေပဲကျစ်ကျစ်လစ်လစ်ဖြစ်အောင် တပ်ရင်း ၉ ရင်းနဲ့ ပြန်လည် ဖွဲ့စည်းထားကြောင်း ဒုတိယ စစ်ဉီးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီးက ပြောပါတယ်။

ကျန်တဲ့အသေးစိတ် အချက်အလက်တွေကို ဆက် ဆွေးနွေးပြီးဧပြီလ ၂၂ ရက်နေ့ အထိ DKBA ရဲ့ ညီလာခံ ကို ကျင်းပသွားမှာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)