ကခ်င္မူးယစ္တုိက္ဖ်က္ေရးေန႔ လူေထာင္ခ်ီဆင္ႏႊဲ


ကခ်င္မူးယစ္တုိက္ဖ်က္ေရးအဖြဲ႔ Patjasan တို႔ခ်ီတက္လာစဥ္ ၂၃ ေဖဖ၀ါရီလ ၂၀၁၆။ (Photo-Ying kyang)
ကခ်င္ျပည္နယ္အတြင္းမွာ လူထုအေျချပဳမူးယစ္ေဆး၀ါးတုိက္ဖ်က္ေရး စီမံခ်က္ အေကာင္အထည္ေဖာ္ၿပီး ၂ႏွစ္အၾကာမွာ မူးယစ္ေဆးသံုးစဲြသူ၊ ေရာင္း၀ယ္သူေတြ သိသိသာသာေလ်ာ့က်လာသလို ဧက ေထာင္နဲ႔ခ်ီတဲ့ ဘိန္းခင္းေတြကိုလည္း ဖ်က္ဆီးႏိုင္ခဲ့တယ္လုိ႔ ေဒသဆုိင္ရာမူးယစ္ေဆးတိုက္ခ်က္ေရးအဖဲြ႔ေခါင္းေဆာင္ေတြက ဒီကေန႔ က်ေနရာက္တဲ့ ကခ်င္မူးယစ္ေဆး၀ါးဆန္႔က်င္ေန႔ မွာ ေျပာဆုိလုိက္ပါတယ္။ စီမံခ်က္ အေကာင္အထည္ ေဖာ္ေဆာင္ရြက္ခဲ့တဲ့ ကာလအတြင္းမွာ အခက္အခဲေတြရိွခဲ့ေပမဲ့ အစိုးရသစ္လက္ထက္မွာ အာဏာပုိင္ေတြ ဖက္က ပိုမိုပူးေပါင္းလာမယ္လုိ႔လညး္ ေမွ်ာ္လင့္ေနၾကပါတယ္။

 ဒီေန႔က်ေရာက္တဲ့ ကခ်င္မူးယစ္ေဆး၀ါးဆန္႔က်င္ေန႔အခမ္းအနားကို ကခ်င္ျပည္နယ္က ျမစ္ၾကီးနား၊ တႏိုင္းနဲ႔ ရွမ္းျပည္နယ္ကြတ္ခိုင္၊လားရိႈးၿမိဳ႔ စတဲ့ၿမိဳ႔ေတြမွာ က်င္းပခဲ့ၿပီး ျမစ္ၾကီးနားၿမိဳ႔မွာေတာ့ လူအင္အား ၅ ေထာင္နီီးပါးေလာက္ပါ၀င္တက္ေရာက္ခဲ့ၾကပါတယ္။


ျမစ္ၾကီးနားၿမိဳ႔အခမ္းအနားကို မေနာကြင္းမွာ မနက္ ၈ နာရီကေန ၁၀ နာရီအထိ က်င္းပခဲ့ၿပီး မႈးယစ္တိုက္ဖ်က္ေရးစီမံခ်က္ ၂ႏွစ္တာ ကာလအတြင္း ေအာင္ျမင္မႈ၊ က်ရံႈးမႈနဲ႔ အနာဂတ္မွာ ဆက္လက္ ေဆာင္ရြက္မယ့္ နည္းလမ္းေတြကို တင္ျပေဆြးေႏြးခဲ့ၾကသလုိ ခရစ္ယာန္သမၼာက်မး္စာပါ ဆံုးမၾသ၀ါဒေတြကိုလည္း မွ်ေ၀ ေဟာေျပာခဲ့ၾကပါတယ္။

အခမ္းအနားကို တက္ေရာက္ခဲ့တဲ့ ကခ်င္လူထုအေျချပဳ မူးယစ္တုိက္ဖ်က္ေရးအဖဲြ႔ရဲ႕ ၀ိုင္းေမာ္ၿမိဳ႔နယ္ တာ၀န္ခံ ဦးလြန္းေခါင္က ၂ ႏွစ္အတြင္း ရရိွခဲ့တဲ့ ေအာင္ျမင္မႈေတြကို အခုလုိ ေျပာပါတယ္။

“ဒီ မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရးကို ရြာတိုင္းအသင္းေတာ္အတိုင္းမွာ က်ေနာ္တို႔ ခရစ္ယာန္ ဘာသာေရးအလိုက္ ရြာထဲမွာ အသင္းေတာ္ေတြရွိတယ္ေပါ့။ အသင္းေတာ္တိုင္းမွာ က်ေနာ္တို႔ လူထုမူးယစ္ေဆး၀ါးတိုက္ဖ်က္ေရးေကာ္မတီ က်ေနာ္တို႔ဖြဲ႔လာႏိုင္တယ္။ ဖြဲ႔ၿပီးေတာ့ လႈပ္ရွားမႈ သူ႔ေနရာသူလုပ္သြားေတာ့ အခုေနရာတိုင္းမွာအရင္တုန္းကေလာက္ မူးယစ္ေဆး၀ါးျပႆနာ ေပါ့ ရြာထဲမွာ ဘိန္းစားေတြ၊ ဘိန္း၀ယ္၊ ဘိန္းရႈေနတဲ့ဟာ ဘိန္းထိုးေနတဲ့ဟာ က်ေနာ္တို႔လမ္းေဘးမွာေတြ႔ေနရတယ္။ ဒီၾကားထဲမွာ ၂ ႏွစ္လုပ္လိုက္တဲ့အခါမွာ ဘိန္းစားေတြ ေပ်ာက္သြားတယ္။ ၿပီးေတာ့ရြာထဲမွာ ခိုးလုယက္မႈေတြ၊ ပစၥည္းေပ်ာက္တဲ့ဟာေတြ ေတာ္ေတာ္ေလးက်သြားတယ္။ ဒီ ဘိန္းသံုးတဲ့လူေတြ ေတာ္ေတာ္ေလးက်ေနာ္တို႔ဖမ္းဆီးၿပီးေတာ့ ရွင္းလင္းႏိုင္တယ္ေပါ့။”

မူးယစ္ေဆး စဲြသူေတြကို ပထမအဆင့္ အသိပညာေပးတာ၊ ဒုတိယအဆင့္ေဆးဖ်တ္စခန္းမွာ ကုသေပးတာနဲ႔ တတိယအဆင့္အေနနဲ႔ ဥပေဒအရ အေရးယူတာေတြ အဆင့္လိုက္ေဆာင္ရြက္ေပးေနေၾကာင္းလည္း ေျပာပါ တယ္။

မူုးယစ္ေဆး၀ါးတုိက္ဖ်က္ေရးနဲ႔ပတ္သက္ၿပီး ၾကံဳရတဲ့အခက္အခဲေတြကိုေတာ့ အခုလို ေျပာပါတယ္။

“မေအာင္ျမင္ခဲ့တဲ့ဟာဆိုရင္ေတာ့ ဥပမာတခုေျပာရရင္ ဌာနဆိုင္ရာေတြက အားမေပးတဲ့ဟာမ်ိဳးေတြေၾကာင့္မို႔လို႔ တခါတေလေတာ့လုပ္ရကိုင္ရတဲ့ အခါမွာ အခက္အခဲေလးေတြေတာ့ရွိတယ္။ လြန္ခဲ့တဲ့ ဇန္န၀ါရီ ၊ ေဖဖ၀ါရီမွာ က်ေနာ္တို႔ဘိန္းခင္းစစ္ဆင္ေရး ဒီတႏိုင္းဘက္တို႔ တျခားေနရာတို႔ က်ေနာ္တို႔ေအးေအးေဆးေဆးအဆင္ေျပေျပသြားႏိုင္ေပမယ့္ က်ေနာ္တို႔ ၀ိုင္းေမာ္၊ ဆဒံုး၊ ကန္ပိုက္တီးဘက္မွာေတာ့ အစိုးရ တပ္သားပါ၀င္ေပးမႈမရွိလို႔ လူူစုၿပီးဘယ္ေလာက္ႀကိဳးစားႀကိဳးစား ေအာင္ျမင္မႈမရွိခဲ့ဘူး။ ဒီလက္ရွိအစိုးရသစ္ကေတာ့ ဒီမႈးယစ္ေဆး၀ါျပႆနာကို ထဲထဲ၀င္၀င္လုပ္လာမယ္လို႔ က်ေနာ္တို႔ေမွ်ာ္လင့္တယ္။”

တႏိုင္းၿမိဳ႔နယ္က မူးယစ္တိုက္ဖ်က္ေရးအဖဲြ႔ဥကၠဌ ဦးေနာ္ေတာင္က သူတုိ႔ၿမိဳ႔မွာေတာ့ လူတေထာင္ ေလာက္ပါ၀င္ၿပီး ၿမိဳ႔အႏွံခ်ီတက္ဆႏၵ ထုတ္ေဖာ္ခဲ့သလို ပညာေပးေဟာေျပာပဲြနဲ႔ ဆုေတာင္းပဲြေတြကို ေဆာင္ရြက္ခဲ့တယ္လုိ႔ ေျပာပါတယ္။

တႏိုင္းၿမိဳ႔နယ္အတြင္း ၿပီးခဲ့တဲ့ကာလက ေဆာင္ရြက္ခဲ့တဲ့အေျခအေနကို ဦးေနာ္ေတာင္က အခုလို ေျပာပါတယ္။

“အခုေတာ့ က်ေနာ္တို႔ျပည္သူလူထုေတြလည္း မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရးလုပ္ငန္းမွာပါ၀င္လာတာ က်ေနာ္တို႔ ေတြ႔ရပါတယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ ဒီဘိန္းခင္းကိုလည္း ဒီႏွစ္ ၂၀၁၆ မွာ ဧက ၁၀၀၀ ေက်ာ္ က်ေနာ္တို႔ ခုတ္ရွင္းလင္းႏိုင္ခဲ့တယ္။ ေနာက္ၿပီးေတာ့ မူးယစ္ေဆး၀ါးသံုးစြဲေနတဲ့လူေတြကိုလည္း က်ေနာ္တို႔ေတာ္ေတာ္မ်ားမ်ား စားသံုးသူဘ၀ကေန က်ေနာ္တို႔လူေကာင္းျဖစ္ေအာင္ျပန္လည္ျပဳျပင္ႏိုင္ခဲ့တယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ဒီေဟာေျပာျခင္း အသိပညာေပးျခင္းအားျဖင့္ေလ ေနာင္တရၿပီးေတာ့ မိမိဆႏၵနဲ႔ မူးယစ္ေဆး၀ါးစားသံုးတဲ့ဟာကို သူတို႔ဟာသူတို႔ ေဆး၀ါးေတြနဲ႔ ျဖတ္ယူတာေတြလည္းေတြ႔ပါတယ္ က်ေနာ္တို႔ ဒီမွာ။”

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႔ နဲ႔ကြတ္ခိုင္ၿမိဳ႔ ေတြမွာလည္း ကခ်င္မူးယစ္ေဆး၀ါးဆန္႔က်င္ေရးေန႔အခမ္းအနားကို ခရစ္ယာန္အသင္းေတာ္ေတြက ဦးေဆာင္က်င္းပခဲ့ပါတယ္။

လားရိႈးၿမိဳ႔မွာ က်င္းပတဲ့ ကခ်င္မူးယစ္ေဆး၀ါးဆန္႔က်င္ေရးေန႔ အခမ္းအနားကို လူထုအင္အား ၁၄၀၀ေလာက္ တက္ေရာက္ခဲ့ သလို ကြတ္ခိုင္ၿမိဳ႔မွာေတာ့လူ ၆၀၀နီးပါးပါ၀င္တက္ေရာက္ခဲ့တယ္လုိ႔ ပဲြျဖစ္ေျမာက္ေရး ေကာ္မတီ၀င္တဦးျဖစ္တဲ့ ေဒၚေဘာက္ခြန္က ေျပာပါတယ္။ ဒီလုိ အခမ္းအနားက်င္းပတဲ့အတြက္ လူထုက ပိုမိုအျမင္ပြင့္လင္းလာသလို အစိုးရနဲ႔လညး္ ပူးေပါင္းေဆာင္ရြက္ဖုိ႔ အစပ်ိဳးလာႏိုင္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ေဒၚေဘာက္ခြန္က ေျပာပါတယ္။

“က်မတို႔ျပည္သူလူထူလည္း ဒီေန႔လိုမ်ိဳး လုပ္လိုက္တဲ့အခါမွာ အျမင္ပြင့္လာမယ္လို႔ ေမွ်ာ္လင့္တယ္။ ျပီးေတာ့ အစိုးရနဲ႔ေရာ လက္တြဲႏိုင္တဖို႔ အစပ်ိဳးတဲ့အခ်ိန္လို႔ အမတို႔ ယံုၾကည္ပါတယ္။”

ကခ်င္ျပည္နယ္မွ မူးယစ္ေဆး၀ါး သံုးစဲြတာေတြျမင့္တက္လာခဲ့တာေၾကာင့္ ကခ်င္အမ်ိဳးသား ရပ္မိရပ္ဖေတြ၊ ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ ကခ်င္လြတ္လပ္ေရးအဖဲြ႔ KIO ေခါင္းေဆာင္ေတြ ေဆြးေႏြးတုိင္ပင္ၿပီး ကခ်င္မူးယစ္ေဆး၀ါးဆန္႔က်င္ေရးေန႔ က်င္းပဖုိ႔ကို ၂၀၁၃ခုႏွစ္ ဇြန္လ ၂၆ရက္ေန႔မွာက်ေရာက္တဲ့ ႏိုင္ငံတကာမူးယစ္ေဆး၀ါးသံုးစဲြေရာင္း၀ယ္မႈဆန္႔က်င္ေရးေန႔မွာ ဆံုးျဖတ္အတည္ျပဳခဲ့တာျဖစ္ပါတယ္။

ကိုမိုးေဇာ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.................................



ကချင်မူးယစ်တိုက်ဖျက်ရေးအဖွဲ့ Patjasan တို့ချီတက်လာစဉ် ၂၃ ဖေဖဝါရီလ ၂၀၁၆။ (Photo-Ying kyang)
ကချင်ပြည်နယ်အတွင်းမှာ လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက် အကောင်အထည်ဖော်ပြီး ၂နှစ်အကြာမှာ မူးယစ်ဆေးသုံးစွဲသူ၊ ရောင်းဝယ်သူတွေ သိသိသာသာလျော့ကျလာသလို ဧက ထောင်နဲ့ချီတဲ့ ဘိန်းခင်းတွေကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒေသဆိုင်ရာမူးယစ်ဆေးတိုက်ချက်ရေးအဖွဲ့ခေါင်းဆောင်တွေက ဒီကနေ့ ကျနေရာက်တဲ့ ကချင်မူးယစ်ဆေးဝါးဆန့်ကျင်နေ့ မှာ ပြောဆိုလိုက်ပါတယ်။ စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တဲ့ ကာလအတွင်းမှာ အခက်အခဲတွေရှိခဲ့ပေမဲ့ အစိုးရသစ်လက်ထက်မှာ အာဏာပိုင်တွေ ဖက်က ပိုမိုပူးပေါင်းလာမယ်လို့လညး် မျှော်လင့်နေကြပါတယ်။

 ဒီနေ့ကျရောက်တဲ့ ကချင်မူးယစ်ဆေးဝါးဆန့်ကျင်နေ့အခမ်းအနားကို ကချင်ပြည်နယ်က မြစ်ကြီးနား၊ တနိုင်းနဲ့ ရှမ်းပြည်နယ်ကွတ်ခိုင်၊လားရှိုးမြို့ စတဲ့မြို့တွေမှာ ကျင်းပခဲ့ပြီး မြစ်ကြီးနားမြို့မှာတော့ လူအင်အား ၅ ထောင်နီီးပါးလောက်ပါ၀င်တက်ရောက်ခဲ့ကြပါတယ်။



မြစ်ကြီးနားမြို့အခမ်းအနားကို မနောကွင်းမှာ မနက် ၈ နာရီကနေ ၁၀ နာရီအထိ ကျင်းပခဲ့ပြီး မှုးယစ်တိုက်ဖျက်ရေးစီမံချက် ၂နှစ်တာ ကာလအတွင်း အောင်မြင်မှု၊ ကျရှုံးမှုနဲ့ အနာဂတ်မှာ ဆက်လက် ဆောင်ရွက်မယ့် နည်းလမ်းတွေကို တင်ပြဆွေးနွေးခဲ့ကြသလို ခရစ်ယာန်သမ္မာကျမး်စာပါ ဆုံးမသြဝါဒတွေကိုလည်း မျှဝေ ဟောပြောခဲ့ကြပါတယ်။

အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ရဲ့ ၀ိုင်းမော်မြို့နယ် တာဝန်ခံ ဦးလွန်းခေါင်က ၂ နှစ်အတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို အခုလို ပြောပါတယ်။

“ဒီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ရွာတိုင်းအသင်းတော်အတိုင်းမှာ ကျနော်တို့ ခရစ်ယာန် ဘာသာရေးအလိုက် ရွာထဲမှာ အသင်းတော်တွေရှိတယ်ပေါ့။ အသင်းတော်တိုင်းမှာ ကျနော်တို့ လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ ကျနော်တို့ဖွဲ့လာနိုင်တယ်။ ဖွဲ့ပြီးတော့ လှုပ်ရှားမှု သူ့နေရာသူလုပ်သွားတော့ အခုနေရာတိုင်းမှာအရင်တုန်းကလောက် မူးယစ်ဆေးဝါးပြဿနာ ပေါ့ ရွာထဲမှာ ဘိန်းစားတွေ၊ ဘိန်းဝယ်၊ ဘိန်းရှုနေတဲ့ဟာ ဘိန်းထိုးနေတဲ့ဟာ ကျနော်တို့လမ်းဘေးမှာတွေ့နေရတယ်။ ဒီကြားထဲမှာ ၂ နှစ်လုပ်လိုက်တဲ့အခါမှာ ဘိန်းစားတွေ ပျောက်သွားတယ်။ ပြီးတော့ရွာထဲမှာ ခိုးလုယက်မှုတွေ၊ ပစ္စည်းပျောက်တဲ့ဟာတွေ တော်တော်လေးကျသွားတယ်။ ဒီ ဘိန်းသုံးတဲ့လူတွေ တော်တော်လေးကျနော်တို့ဖမ်းဆီးပြီးတော့ ရှင်းလင်းနိုင်တယ်ပေါ့။”

မူးယစ်ဆေး စွဲသူတွေကို ပထမအဆင့် အသိပညာပေးတာ၊ ဒုတိယအဆင့်ဆေးဖျတ်စခန်းမှာ ကုသပေးတာနဲ့ တတိယအဆင့်အနေနဲ့ ဥပဒေအရ အရေးယူတာတွေ အဆင့်လိုက်ဆောင်ရွက်ပေးနေကြောင်းလည်း ပြောပါ တယ်။

မူုးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ကြုံရတဲ့အခက်အခဲတွေကိုတော့ အခုလို ပြောပါတယ်။

“မအောင်မြင်ခဲ့တဲ့ဟာဆိုရင်တော့ ဥပမာတခုပြောရရင် ဌာနဆိုင်ရာတွေက အားမပေးတဲ့ဟာမျိုးတွေကြောင့်မို့လို့ တခါတလေတော့လုပ်ရကိုင်ရတဲ့ အခါမှာ အခက်အခဲလေးတွေတော့ရှိတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီ ၊ ဖေဖဝါရီမှာ ကျနော်တို့ဘိန်းခင်းစစ်ဆင်ရေး ဒီတနိုင်းဘက်တို့ တခြားနေရာတို့ ကျနော်တို့အေးအေးဆေးဆေးအဆင်ပြေပြေသွားနိုင်ပေမယ့် ကျနော်တို့ ၀ိုင်းမော်၊ ဆဒုံး၊ ကန်ပိုက်တီးဘက်မှာတော့ အစိုးရ တပ်သားပါ၀င်ပေးမှုမရှိလို့ လူူစုပြီးဘယ်လောက်ကြိုးစားကြိုးစား အောင်မြင်မှုမရှိခဲ့ဘူး။ ဒီလက်ရှိအစိုးရသစ်ကတော့ ဒီမှုးယစ်ဆေးဝါပြဿနာကို ထဲထဲဝင်ဝင်လုပ်လာမယ်လို့ ကျနော်တို့မျှော်လင့်တယ်။”

တနိုင်းမြို့နယ်က မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဥက္ကဌ ဦးနော်တောင်က သူတို့မြို့မှာတော့ လူတထောင် လောက်ပါ၀င်ပြီး မြို့အနှံချီတက်ဆန္ဒ ထုတ်ဖော်ခဲ့သလို ပညာပေးဟောပြောပွဲနဲ့ ဆုတောင်းပွဲတွေကို ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

တနိုင်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ကာလက ဆောင်ရွက်ခဲ့တဲ့အခြေအနေကို ဦးနော်တောင်က အခုလို ပြောပါတယ်။

“အခုတော့ ကျနော်တို့ပြည်သူလူထုတွေလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းမှာပါ၀င်လာတာ ကျနော်တို့ တွေ့ရပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ဒီဘိန်းခင်းကိုလည်း ဒီနှစ် ၂၀၁၆ မှာ ဧက ၁၀၀၀ ကျော် ကျနော်တို့ ခုတ်ရှင်းလင်းနိုင်ခဲ့တယ်။ နောက်ပြီးတော့ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့လူတွေကိုလည်း ကျနော်တို့တော်တော်များများ စားသုံးသူဘဝကနေ ကျနော်တို့လူကောင်းဖြစ်အောင်ပြန်လည်ပြုပြင်နိုင်ခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့ဒီဟောပြောခြင်း အသိပညာပေးခြင်းအားဖြင့်လေ နောင်တရပြီးတော့ မိမိဆန္ဒနဲ့ မူးယစ်ဆေးဝါးစားသုံးတဲ့ဟာကို သူတို့ဟာသူတို့ ဆေးဝါးတွေနဲ့ ဖြတ်ယူတာတွေလည်းတွေ့ပါတယ် ကျနော်တို့ ဒီမှာ။”


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ နဲ့ကွတ်ခိုင်မြို့ တွေမှာလည်း ကချင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့အခမ်းအနားကို ခရစ်ယာန်အသင်းတော်တွေက ဦးဆောင်ကျင်းပခဲ့ပါတယ်။

လားရှိုးမြို့မှာ ကျင်းပတဲ့ ကချင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့ အခမ်းအနားကို လူထုအင်အား ၁၄၀၀လောက် တက်ရောက်ခဲ့ သလို ကွတ်ခိုင်မြို့မှာတော့လူ ၆၀၀နီးပါးပါ၀င်တက်ရောက်ခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင်တဦးဖြစ်တဲ့ ဒေါ်ဘောက်ခွန်က ပြောပါတယ်။ ဒီလို အခမ်းအနားကျင်းပတဲ့အတွက် လူထုက ပိုမိုအမြင်ပွင့်လင်းလာသလို အစိုးရနဲ့လညး် ပူးပေါင်းဆောင်ရွက်ဖို့ အစပျိုးလာနိုင်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်ဘောက်ခွန်က ပြောပါတယ်။

“ကျမတို့ပြည်သူလူထူလည်း ဒီနေ့လိုမျိုး လုပ်လိုက်တဲ့အခါမှာ အမြင်ပွင့်လာမယ်လို့ မျှော်လင့်တယ်။ ပြီးတော့ အစိုးရနဲ့ရော လက်တွဲနိုင်တဖို့ အစပျိုးတဲ့အချိန်လို့ အမတို့ ယုံကြည်ပါတယ်။”

ကချင်ပြည်နယ်မှ မူးယစ်ဆေးဝါး သုံးစွဲတာတွေမြင့်တက်လာခဲ့တာကြောင့် ကချင်အမျိုးသား ရပ်မိရပ်ဖတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်တွေ ဆွေးနွေးတိုင်ပင်ပြီး ကချင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့ ကျင်းပဖို့ကို ၂၀၁၃ခုနှစ် ဇွန်လ ၂၆ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာမူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်မှုဆန့်ကျင်ရေးနေ့မှာ ဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)