ကေနဒါႏိုင္ငံျခားေရး၀န္ႀကီး ဒီသီတင္းပတ္ ျမန္မာႏုိင္ငံသြားမည္



ကေနဒါႏုိင္ငံျခားေရး၀န္ႀကီး Stéphane Dion ဟာ ဧၿပီလ ၆ ရက္ကေန ၈ ရက္ေန႔အထိ ၃ ရက္ၾကာ ျမန္မာႏုိင္ငံကုိ သြားေရာက္မွာျဖစ္ေၾကာင္း ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ျမန္မာႏုိင္ငံမွာ ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း အရပ္သားအစုိးရ တက္လာတဲ့ စိတ္လႈပ္ရွားစရာ ေကာင္းတဲ့အခ်ိန္မွာ သြားေရာက္မွာျဖစ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထား ပါတယ္။

ျမန္မာႏုိင္ငံမွာ ေရာက္ရွိေနစဥ္အတြင္း ၀န္ႀကီး Dion ဟာ သမၼတ ဦးထင္ေက်ာ္၊ ႏုိင္ငံျခားေရးနဲ႔ ႏုိင္ငံေတာ္သမၼတ႐ုံး ၀န္ႀကီးရာထူးေတြကုိ ပူးတြဲ တာ၀န္ယူထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ ေတြ႔ဆုံမွာ ျဖစ္ပါတယ္။

၀န္ႀကီး Dion ဟာ မၾကာေသးခင္က ျမန္မာႏုိင္ငံမွာ ျဖစ္ေပၚခဲ့တဲ့ တုိးတက္ ေျပာင္းလဲမႈေတြ အပါအ၀င္ ျမန္မာႏုိင္ငံမွာ လက္ရွိလုပ္ေဆာင္ေနတဲ့ က်ယ္ျပန္႔တဲ့ ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းစဥ္ေတြမွာ ကေနဒါႏုိင္ငံအေနနဲ႔ ဘယ္လုိ အခန္းက႑ကေန ကူညီ ေဆာင္ရြက္ေပးႏုိင္မလဲ ဆုိတာေတြကုိ ေဆြးေႏြးမွာ ျဖစ္တဲ့အေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ႏုိင္ငံျခားေရး၀န္ႀကီး Dion ဟာ ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီနည္းလမ္းတက် ေရြးေကာက္ တင္ေျမႇာက္ခံထားရတဲ့ လႊတ္ေတာ္ကုိယ္စားလွယ္ေတြ၊ လူထုအေျချပဳ လူမႈအဖြဲ႔အစည္းေတြ အပါအ၀င္ သမုိင္းပညာရွင္လည္းျဖစ္၊ Yangon Heritage Trust - ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ ေစာင့္ေရွာက္ေရးအဖြဲ႔ကုိ စတင္ တည္ေထာင္သူလည္းျဖစ္တဲ့ ဦးသန္႔ျမင့္ဦးနဲ႔လည္း ေတြ႔ဆုံဖုိ႔ရွိၿပီး သမုိင္း၀င္ ေရႊတိဂုံေစတီေတာ္ကုိလည္း သြားေရာက္ ဖူးေမွ်ာ္မွာျဖစ္တဲ့အေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏုိင္ငံျခားေရး၀န္ႀကီး Stéphane Dion ဟာ ရန္ကုန္ၿမိဳ႕မွာ ၂၀၁၄ ခုႏွစ္၊ ၾသဂုတ္လက စတင္ ဖြင့္လွစ္ခဲ့တဲ့ ကေနဒါသံ႐ုံးက ၀န္ထမ္းေတြကုိလည္း သြားေရာက္ ေတြ႔ဆုံမွာ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ႏွစ္အနဲငယ္အတြင္း ကေနဒါနဲ႔ ျမန္မာႏုိင္ငံအၾကားက ကုန္သြယ္မႈပမာဏ ႀကီးထြားလာခဲ့တာမွာ ၂၀၁၅ ခုႏွစ္အတြင္း အေမရိကန္ေဒၚလာ ၅၁.၂၇ သန္း အထိ ရွိခဲ့ပါတယ္။ ျမန္မာႏုိင္ငံမွာ မႏွစ္ ႏုိ၀င္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ သမုိင္း၀င္ အေထြေထြ ေရြးေကာက္ပြဲကုိ ေစာင့္ၾကည့္ဖုိ႔အတြက္ ကေနဒါႏုိင္ငံက အဖြဲ႔ ၇ ဖြဲ႔ ေစလြတ္ခဲ့ပါတယ္။

ဒါ့အျပင္ ၂၀၁၅ ခုႏွစ္အတြင္း ျဖစ္သြားခဲ့တဲ့ ေရႀကီးမႈေတြနဲ႔ ဆုိင္ကလုံး ကုိမန္ေဘးဒဏ္ခံခဲ့ရသူေတြအတြက္ လူသားခ်င္း စာနာတဲ့ အကူအညီအျဖစ္ ကေနဒါႏုိင္ငံက ေဒၚလာ ၂ သန္း အကူအညီ ေပးခဲ့ပါတယ္။

NLD အစိုးရ တက္လာၿပီးတဲ့ေနာက္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံုဖို႔ ပထမဦးဆံုး အဆင့္ျမင့္သံတမန္ျဖစ္တဲ့ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီး Wang Yi သြားေရာက္ခဲ့ၿပီးတဲ့ေနာက္ မစၥတာ Dion ဟာ  ျမန္မာႏုိင္ငံကို သြားေရာက္တဲ့ ဒုတိယေျမာက္ ႏုိင္ငံျခားေရး၀န္ႀကီးလည္း ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..........................................................




ကနေဒါနိုင်ငံခြားရေးဝန်ကြီး Stéphane Dion ဟာ ဧပြီလ ၆ ရက်ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အရပ်သားအစိုးရ တက်လာတဲ့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့အချိန်မှာ သွားရောက်မှာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေစဉ်အတွင်း ၀န်ကြီး Dion ဟာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေးနဲ့ နိုင်ငံတော်သမ္မတရုံး ၀န်ကြီးရာထူးတွေကို ပူးတွဲ တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

၀န်ကြီး Dion ဟာ မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုးတက် ပြောင်းလဲမှုတွေ အပါအဝင် မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ကနေဒါနိုင်ငံအနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ကူညီ ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး Dion ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ အပါအဝင် သမိုင်းပညာရှင်လည်းဖြစ်၊ Yangon Heritage Trust - ရန်ကုန်မြို့ပြအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ကို စတင် တည်ထောင်သူလည်းဖြစ်တဲ့ ဦးသန့်မြင့်ဦးနဲ့လည်း တွေ့ဆုံဖို့ရှိပြီး သမိုင်းဝင် ရွှေတိဂုံစေတီတော်ကိုလည်း သွားရောက် ဖူးမျှော်မှာဖြစ်တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Stéphane Dion ဟာ ရန်ကုန်မြို့မှာ ၂၀၁၄ ခုနှစ်၊ သြဂုတ်လက စတင် ဖွင့်လှစ်ခဲ့တဲ့ ကနေဒါသံရုံးက ၀န်ထမ်းတွေကိုလည်း သွားရောက် တွေ့ဆုံမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနဲငယ်အတွင်း ကနေဒါနဲ့ မြန်မာနိုင်ငံအကြားက ကုန်သွယ်မှုပမာဏ ကြီးထွားလာခဲ့တာမှာ ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၁.၂၇ သန်း အထိ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မနှစ် နို၀င်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ သမိုင်းဝင် အထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့အတွက် ကနေဒါနိုင်ငံက အဖွဲ့ ရ ဖွဲ့ စေလွတ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်သွားခဲ့တဲ့ ရေကြီးမှုတွေနဲ့ ဆိုင်ကလုံး ကိုမန်ဘေးဒဏ်ခံခဲ့ရသူတွေအတွက် လူသားချင်း စာနာတဲ့ အကူအညီအဖြစ် ကနေဒါနိုင်ငံက ဒေါ်လာ ၂ သန်း အကူအညီ ပေးခဲ့ပါတယ်။

NLD အစိုးရ တက်လာပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ပထမဦးဆုံး အဆင့်မြင့်သံတမန်ဖြစ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi သွားရောက်ခဲ့ပြီးတဲ့နောက် မစ္စတာ Dion ဟာ  မြန်မာနိုင်ငံကို သွားရောက်တဲ့ ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)