Tuesday, April 5, 2016
ေသနတ္ကုိ တစ္ဦးႏွင့္တစ္ဦးေပးၾကည့္ရာမွ က်ည္ထြက္၍ ဒဏ္ရာရရွိ
တာခ်ီလိတ္ ဧၿပီ ၅
တာခ်ီလိတ္ၿမိဳ႕ ေဟာင္လိတ္လမ္းဆုံအနီး ဧၿပီ ၅ ရက္ေန႔ နံနက္ ၉ နာရီက အမိႈက္သိမ္းလုပ္သားမ်ား ေသနတ္ကို တစ္ဦးႏွင့္တစ္ဦး ေပးအပ္ၾကည့္ရာမွ ေသနတ္က်ည္ထြက္၍ အမႈိက္သိမ္းလုပ္သားတစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ တာခ်ီလိတ္ၿမိဳ႕ ေဟာင္လိတ္လမ္းဆုံအနီး လမ္းၾကား အတြင္းရွိ အမိႈက္ပုံနားတြင္ SKAT အမ်ဳိးအစား၊ ေျခာက္ဘီးယာဥ္ ျဖင့္ အမိႈက္သိမ္းၾကရာ ေမာင္ေရႊ (၂၂ ႏွစ္)၊ ဦးတင္ထြန္း (၅၄ ႏွစ္)အပါအဝင္ က်န္ေလးဦးတို႔သည္ အတူရွိေနၾကစဥ္ ေမာင္ေရႊက လြန္းက်ဳိင္းရြာ ပါဆတ္ရပ္ကြက္ အတြင္းမွ ရရွိလာေသာ နံပါတ္ပါ ၉ မမ ပစၥတို ေသနတ္တစ္လက္ကို ၎၏လြယ္အိတ္ထဲသို႔ ထည့္၍ သိမ္းထားရာမွ ထုတ္ယူျပသရာ ဦးတင္ထြန္းမွ ကိုင္ၾကည့္ၿပီး ခလုတ္ႏွိပ္လိုက္ရာ က်ည္ထြက္ၿပီး ေမာင္ေရႊ၏ ရင္ညြန္႔အား ထိမွန္ကာ ေနာက္ေက်ာမွ ေဖာက္ ထြက္သြားသျဖင့္ ေမာင္ေရႊအား ေဆး႐ုံသို႔ လိုက္လံပို႔ေဆာင္ခဲ့ၿပီး ေဆးကုသမႈ ခံယူခဲ့ေၾကာင္း သိရသည္။
အမႈမွာ ေသနတ္ျဖင့္ ပစ္ခတ္သူ ဦးတင္ထြန္းအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းက အေရးယူေဆာင္ရြက္ ထားေၾကာင္း သိရသည္။
ျမင့္မိုရ္(တာခ်ီလိတ္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
.............................................
တာချီလိတ် ဧပြီ ၅
တာချီလိတ်မြို့ ဟောင်လိတ်လမ်းဆုံအနီး ဧပြီ ၅ ရက်နေ့ နံနက် ၉ နာရီက အမှိုက်သိမ်းလုပ်သားများ သေနတ်ကို တစ်ဦးနှင့်တစ်ဦး ပေးအပ်ကြည့်ရာမှ သေနတ်ကျည်ထွက်၍ အမှိုက်သိမ်းလုပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တာချီလိတ်မြို့ ဟောင်လိတ်လမ်းဆုံအနီး လမ်းကြား အတွင်းရှိ အမှိုက်ပုံနားတွင် SKAT အမျိုးအစား၊ ခြောက်ဘီးယာဉ် ဖြင့် အမှိုက်သိမ်းကြရာ မောင်ရွှေ (၂၂ နှစ်)၊ ဦးတင်ထွန်း (၅၄ နှစ်)အပါအဝင် ကျန်လေးဦးတို့သည် အတူရှိနေကြစဉ် မောင်ရွှေက လွန်းကျိုင်းရွာ ပါဆတ်ရပ်ကွက် အတွင်းမှ ရရှိလာသော နံပါတ်ပါ ၉ မမ ပစ္စတို သေနတ်တစ်လက်ကို ၎င်း၏လွယ်အိတ်ထဲသို့ ထည့်၍ သိမ်းထားရာမှ ထုတ်ယူပြသရာ ဦးတင်ထွန်းမှ ကိုင်ကြည့်ပြီး ခလုတ်နှိပ်လိုက်ရာ ကျည်ထွက်ပြီး မောင်ရွှေ၏ ရင်ညွန့်အား ထိမှန်ကာ နောက်ကျောမှ ဖောက် ထွက်သွားသဖြင့် မောင်ရွှေအား ဆေးရုံသို့ လိုက်လံပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။
အမှုမှာ သေနတ်ဖြင့် ပစ်ခတ်သူ ဦးတင်ထွန်းအား တာချီလိတ်မြို့မ ရဲစခန်းက အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ေသနတ္ကုိ တစ္ဦးႏွင့္တစ္ဦးေပးၾကည့္ရာမွ က်ည္ထြက္၍ ဒဏ္ရာရရွိ
Reviewed by MP4 YoU
on
April 05, 2016
Rating: 5

Subscribe to:
Post Comments (Atom)