တရုတ္စြမ္းအင္ကုမၸဏီ ေဒၚလာ ၃ ဘီလ်ံစီမံကိန္းႀကီး ျမန္မာႏုိင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံခြင့္ရရွိ

Guangdong Zhenrong စြမ္းအင္ကုမၸဏီ ဝက္ဘ္ဆိုဒ္ကို ေတြ႔ရစဥ္။ Photo: Guangdong Zhenrong Energy Website
တရုတ္အစုိးရပုိင္ ဂြမ္ေဒါင္း ဂ်န္ေရာင္း Guangdong Zhenrong စြမ္းအင္ကုမၸဏီဟာ ျမန္မာႏုိင္ငံမွာ ၃ ဘီလ်ံ ရင္းႏွီးျမွဳပ္ႏွံၿပီး အေကာင္အထည္ေဖာ္မယ့္ ေရနံသန္႔စင္စက္ရံုစီမံကိန္းအတြက္ သေဘာတူခြင့္ျပဳခ်က္ ရရွိသြားၿပီလုိ႔ ေၾကညာလုိက္ပါတယ္။

ဒီစီမံကိန္းဟာ ျမန္မာႏုိင္ငံမွာ ၁၀ စုႏွစ္ေပါင္းမ်ားစြာအတြင္း အႀကီးမားဆံုး ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈလည္း ျဖစ္ ပါတယ္။ မိမိတုိ႔ ဂြမ္ေဒါင္း ဂ်န္ေရာင္းကုမၸဏီအေနနဲ႔ ျမန္မာအစုိးရသစ္နဲ႔ လက္တြဲေဆာင္ရြက္ဖုိ႔ အဆင္သင့္ ရွိေနေၾကာင္း တရုတ္ကုမၸဏီ အရာရွိေတြက ေျပာပါတယ္။

တစ္ေန႔ကုိ ေရနံစည္ ၁ သိန္း သန္႔စင္ႏုိင္မယ့္ အဲဒီစီမံကိန္းကုိ တနသၤာရီတုိင္းေဒသႀကီး ထားဝယ္ေဒသမွာ အေကာင္အထည္ေဖာ္မွာျဖစ္ၿပီး၊ ေရနံတင္ဆိပ္ခံတံတားနဲ႔ ေရနံသုိေလွာင္ျဖန္႔ျဖဴးေရး အေဆာက္အဦးေတြ ပါဝင္မယ္လုိ႔ ဆုိပါတယ္။ ျပည္တြင္းက ဦးေတဇပုိင္ ထူးကုမၸဏီနဲ႔ လက္တြဲေဆာင္ရြက္မွာျဖစ္ၿပီး တရုတ္ကုမၸဏီက ၇၀ ရာခုိင္ႏႈန္း၊ ထူးကုမၸဏီက ၃၀ ရာခုိင္ႏႈန္း ပုိင္ဆုိင္မွာျဖစ္တယ္လုိ႔လည္း သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese

..........................................................


Guangdong Zhenrong စွမ်းအင်ကုမ္ပဏီ ဝက်ဘ်ဆိုဒ်ကို တွေ့ရစဉ်။ Photo: Guangdong Zhenrong Energy Website
တရုတ်အစိုးရပိုင် ဂွမ်ဒေါင်း ဂျန်ရောင်း Guangdong Zhenrong စွမ်းအင်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်မယ့် ရေနံသန့်စင်စက်ရုံစီမံကိန်းအတွက် သဘောတူခွင့်ပြုချက် ရရှိသွားပြီလို့ ကြေညာလိုက်ပါတယ်။

ဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ၁၀ စုနှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ဖြစ် ပါတယ်။ မိမိတို့ ဂွမ်ဒေါင်း ဂျန်ရောင်းကုမ္ပဏီအနေနဲ့ မြန်မာအစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့် ရှိနေကြောင်း တရုတ်ကုမ္ပဏီ အရာရှိတွေက ပြောပါတယ်။

တစ်နေ့ကို ရေနံစည် ၁ သိန်း သန့်စင်နိုင်မယ့် အဲဒီစီမံကိန်းကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဒေသမှာ အကောင်အထည်ဖော်မှာဖြစ်ပြီး၊ ရေနံတင်ဆိပ်ခံတံတားနဲ့ ရေနံသိုလှောင်ဖြန့်ဖြူးရေး အဆောက်အဦးတွေ ပါဝင်မယ်လို့ ဆိုပါတယ်။ ပြည်တွင်းက ဦးတေဇပိုင် ထူးကုမ္ပဏီနဲ့ လက်တွဲဆောင်ရွက်မှာဖြစ်ပြီး တရုတ်ကုမ္ပဏီက ရ၀ ရာခိုင်နှုန်း၊ ထူးကုမ္ပဏီက ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)