မဂၤလာေဆာင္မွျပန္လာသူမ်ားလိုက္ပါလာသည့္ ပဲအိတ္တင္ယာဥ္တိမ္းေမွာက္ သံုးဦးေသဆံုး၍ အမ်ားအျပားဒါဏ္ရာမ်ားရရွိ


ေရတာရွည္ ဧၿပီ

ပဲခူးတုိင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္၊ ဆြာၿမိဳ႕အေနာက္ဘက္(၁ဝ)မိုင္ရွိ ဖိုးက်ားဆင္စခန္း အနီး သာဂရ-ကိုးပင္ရိုးမျဖတ္ေက်ာ္လမ္းတြင္ ဧၿပီ ၂၈ ရက္ေန႔ နံနက္(၉)နာရီအခ်ိန္ခန္႔ ပဲအိတ္ႏွင့္ ခရီး သည္မ်ားတင္ေဆာင္လာေသာ (၆)ဘီးေဖာကားတစ္စီး ဘရိတ္ေပါက္၍တိမ္းေမွာက္သြားခဲ့ရာ အမ်ိဳးသား ႏွစ္ဦး၊အမ်ိဳးသမီးတစ္ဦးေသဆံုးကာ အမ်ိဳးသားႏွင့္အမ်ိဳးသမီး(၁၆)ဦးဒါဏ္ရာမ်ားရရွိခဲ့ၿပီး အမ်ိဳးသမီး(၆) ဦးမွာ စိုးရိမ္ရ၍ ေနျပည္ေတာ္ကုတင္(၁ဝဝဝ)ေဆးရံုႀကီးသို႔ ထပ္မံပို႔ေဆာင္ေပးခဲ့ရေၾကာင္းသိရသည္။

သာဂရေက်းရြာအုပ္စု၊ ငါးခံုးမေခ်ာင္း(အေနာက္)ရပ္ကြက္ေန ေႏြးေထြးေအာင္(၂၃)ႏွစ္၊ ေမာင္းႏွင္ေသာ NJP ၆င/-----(၆)ဘီးေဖာကားျဖင့္ လံုးရမ္းေက်းရြာမွ ပဲအိတ္မ်ားႏွင့္ ခရီးသည္မ်ားတင္ေဆာင္၍ အေနာက္မွအေရွ႕သို႔ ရိုးမျဖတ္ေက်ာ္ကားလမ္းအတိုင္းေမာင္းႏွင္လာစဥ္ မိုင္တိုင္အမွတ္ ၁ဝ/၆ ႏွင့္ ၇ ၾကားအေရာက္တြင္ ဘရိတ္ေပါက္သြားရာမွ လမ္း၏ယာဘက္သို႔တိမ္းေမွာက္သြားခဲ့သည္။ ယာဥ္တိမ္း ေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္စီးနင္းလိုက္ပါလာၾကသူမ်ားအနက္ ဦးဝင္းၫႊန္႔(၄၈)ႏွစ္၊ သဲေကာေက်းရြာ ေနသူမွာရရွိသည့္ ဒါဏ္ရာမ်ားျဖင့္ေနရာတြင္ေသဆံုးသြားခဲ့သည္။

အျခားေသာဒါဏ္ရာရရွိသူမ်ားအား ဆြာၿမိဳ႕တိုက္နယ္ေဆးရံုသို႔ သာဂရ၊ ဆြာၿမိဳ႕မ်ားမွ အေရးေပၚလူနာတင္ယာဥ္မ်ားျဖင့္ပို႔ေဆာင္ေပးခဲ့ရာ ေဆးရံုအေရာက္တြင္ ေဒၚငယ္(၆၅)ႏွစ္၊ သဲေကာေက်းရြာ၊ေရတာရွည္ၿမိဳ႕၊ ဦးထြန္းျမင့္(၅၃)ႏွစ္၊ လံုးရမ္း ေက်းရြာေနသူတို႔ရရွိသည့္ဒါဏ္ရာမ်ားျဖင့္ထပ္မံေသဆံုးသြားခဲ့ၿပီး စိုးရိမ္ရသည့္အေျခအေနရွိသည့္ သဲ ေကာေက်းရြာမွ အမ်ိဳးသမီး(၆)ဦးတို႔အား ေနျပည္ေတာ္ကုတင္(၁ဝဝဝ)ေဆးရံုႀကီးသို႔ အေရးေပၚပို႔ေဆာင္ ေပၚခဲ့ၿပီး က်န္လူနာမ်ားအား ဆြာတိုက္နယ္ေဆးရံု၌အတြင္းလူနာအျဖစ္ကုသမႈေပး လ်က္ရွိသည္။

''အမ်ား ဆံုးကေတာ့ ေရတာရွည္ၿမိဳ႕အေနာက္ဖက္က သဲေကာရြာကလူေတြမ်ားတယ္ သူတို႔က လံုးရမ္းမဂၤလာ ေဆာင္ကိုသြားၿပီး ကားႀကံဳစီးၾကတာ'' ဆြာနယ္ေျမရဲစခန္းမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။အဆိုပါ အမႈျဖစ္စဥ္အား ဆြာနယ္ေျမရဲစခန္းမွ ယာဥ္(ပ)၈/၂ဝ၁၆ ပုဒ္မ ၃ဝ၄-က/၃၃၇/၃၃၈ ျဖင့္အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္းသတင္းရရွိသည္။

ကိုလြင္(ဆြာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

....................................................


ရေတာရှည် ဧပြီ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အနောက်ဘက်(၁ဝ)မိုင်ရှိ ဖိုးကျားဆင်စခန်း အနီး သာဂရ-ကိုးပင်ရိုးမဖြတ်ကျော်လမ်းတွင် ဧပြီ ၂၈ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့် ပဲအိတ်နှင့် ခရီး သည်များတင်ဆောင်လာသော (၆)ဘီးဖောကားတစ်စီး ဘရိတ်ပေါက်၍တိမ်းမှောက်သွားခဲ့ရာ အမျိုးသား နှစ်ဦး၊အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားနှင့်အမျိုးသမီး(၁၆)ဦးဒါဏ်ရာများရရှိခဲ့ပြီး အမျိုးသမီး(၆) ဦးမှာ စိုးရိမ်ရ၍ နေပြည်တော်ကုတင်(၁ဝဝဝ)ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ပေးခဲ့ရကြောင်းသိရသည်။

သာဂရကျေးရွာအုပ်စု၊ ငါးခုံးမချောင်း(အနောက်)ရပ်ကွက်နေ နွေးထွေးအောင်(၂၃)နှစ်၊ မောင်းနှင်သော NJP ၆င/-----(၆)ဘီးဖောကားဖြင့် လုံးရမ်းကျေးရွာမှ ပဲအိတ်များနှင့် ခရီးသည်များတင်ဆောင်၍ အနောက်မှအရှေ့သို့ ရိုးမဖြတ်ကျော်ကားလမ်းအတိုင်းမောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၁ဝ/၆ နှင့် ရ ကြားအရောက်တွင် ဘရိတ်ပေါက်သွားရာမှ လမ်း၏ယာဘက်သို့တိမ်းမှောက်သွားခဲ့သည်။ ယာဉ်တိမ်း မှောက်မှုကြောင့် ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာကြသူများအနက် ဦးဝင်းညွှန့်(၄၈)နှစ်၊ သဲကောကျေးရွာ နေသူမှာရရှိသည့် ဒါဏ်ရာများဖြင့်နေရာတွင်သေဆုံးသွားခဲ့သည်။

အခြားသောဒါဏ်ရာရရှိသူများအား ဆွာမြို့တိုက်နယ်ဆေးရုံသို့ သာဂရ၊ ဆွာမြို့များမှ အရေးပေါ်လူနာတင်ယာဉ်များဖြင့်ပို့ဆောင်ပေးခဲ့ရာ ဆေးရုံအရောက်တွင် ဒေါ်ငယ်(၆၅)နှစ်၊ သဲကောကျေးရွာ၊ရေတာရှည်မြို့၊ ဦးထွန်းမြင့်(၅၃)နှစ်၊ လုံးရမ်း ကျေးရွာနေသူတို့ရရှိသည့်ဒါဏ်ရာများဖြင့်ထပ်မံသေဆုံးသွားခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေရှိသည့် သဲ ကောကျေးရွာမှ အမျိုးသမီး(၆)ဦးတို့အား နေပြည်တော်ကုတင်(၁ဝဝဝ)ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင် ပေါ်ခဲ့ပြီး ကျန်လူနာများအား ဆွာတိုက်နယ်ဆေးရုံ၌အတွင်းလူနာအဖြစ်ကုသမှုပေး လျက်ရှိသည်။

''အများ ဆုံးကတော့ ရေတာရှည်မြို့အနောက်ဖက်က သဲကောရွာကလူတွေများတယ် သူတို့က လုံးရမ်းမင်္ဂလာ ဆောင်ကိုသွားပြီး ကားကြုံစီးကြတာ'' ဆွာနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။အဆိုပါ အမှုဖြစ်စဉ်အား ဆွာနယ်မြေရဲစခန်းမှ ယာဉ်(ပ)၈/၂ဝ၁၆ ပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)