မူဆယ်၌မပေါက်ကွဲသေးသည့် အသံမိုင်းနှစ်လုံးတွေ့ရှိ



မူဆယ် ဧပြီ ၂၆

မူဆယ်မြို့ ဆင်ဖြူဈေးအနီးတွင် မပေါက်ကွဲသေးသည့် တရုတ်နိုင်ငံလုပ် အသံမိုင်းနှစ်လုံးကို ဧပြီ ၂၅ ရက် နံနက် ၇ နာရီခွဲက တွေ့ရှိခဲ့သည်။

မူဆယ်မြို့မဈေးကြီးနှင့် ဆင်ဖြူဈေးလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် ဈေးလုံခြုံရေးတို့ ပူးပေါင်းလှည့်ကင်းဆောင်ရွက်နေစဉ် ဆင်ဖြူဈေးတောင်ဘက် ရှိ ဆန်းသစ်ကားဂိတ် အနောက်ဘက် ပေ ၂ဝ အကွာ အမှိုက်ပုံအနီးတွင် စနက်တံတပ်ထားသည့် အသံမိုင်းနှစ်လုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။


ဆရာမောင်(မူဆယ်)
Myanmaalinn

.................................................




မူဆယ် ဧပြီ ၂၆

မူဆယ်မြို့ ဆင်ဖြူစျေးအနီးတွင် မပေါက်ကွဲသေးသည့် တရုတ်နိုင်ငံလုပ် အသံမိုင်းနှစ်လုံးကို ဧပြီ ၂၅ ရက် နံနက် ရ နာရီခွဲက တွေ့ရှိခဲ့သည်။

မူဆယ်မြို့မစျေးကြီးနှင့် ဆင်ဖြူစျေးလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် စျေးလုံခြံုရေးတို့ ပူးပေါင်းလှည့်ကင်းဆောင်ရွက်နေစဉ် ဆင်ဖြူစျေးတောင်ဘက် ရှိ ဆန်းသစ်ကားဂိတ် အနောက်ဘက် ပေ ၂ဝ အကွာ အမှိုက်ပုံအနီးတွင် စနက်တံတပ်ထားသည့် အသံမိုင်းနှစ်လုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

နယ်မြေခံတပ်မှ နံနက် ၈ နာရီခွဲတွင် မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ အဆိုပါမိုင်းအား လာရောက်ယူဆောင်ကာ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆရာမောင်(မူဆယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)