ခင္ပြန္းျဖစ္သူမွ ဇနီးျဖစ္သူအား ကတ္ေၾကးျဖင့္ ထိုးသတ္မွဳ တနသၤာရီျမိဳ႕၌ ျဖစ္ပြား



၂၀၁၆ ခုနွစ္ ဧျပီလ ၂၇ ရက္ ေန႔ ညေနပိုင္းတြင္ တနသၤာရီၿမိဳ႔ ေခ်ာင္းငယ္ရပ္ကြက္တြင္ ဇနီးျဖစ္သူ မတင္မာခ်ိဳအား လင္ေယာကၤ်ား ျဖစ္သူ ခ်မ္းေအးေအာင္က ကပ္ေက်းျဖင့္ လည္ပင္းအား ထိုးသတ္ၿပီး ထြက္ေျပးခဲ့ရာ တရားခံအား ဖမ္းဆီး ရမိျပီ ျဖစ္ေၾကာင္း သိရွိရပါတယ္။


ကတ္ေၾကးျဖင့္ ထိုးသည့္ ဒဏ္ရာေၾကာင့္ မတင္မာခ်ိဳမွာ ေနရာတြင္ပင္ ပဲြခ်င္းျပီး ေသဆံုးခဲ့ပါတယ္။

တရားခံျဖစ္သူ ခ်မ္းေအးေအာင္ဟာ မူးယစ္ေဆး၀ါး အမွဳျဖင့္ ေထာင္ ၂ၾကိမ္ က်ခံခဲ့ရသူ ျဖစ္ျပီး အခုျဖစ္စဥ္ ဟာလဲ မူးယစ္ေဆး၀ါ သံုးစဲြျပီး က်ဴးလြန္ခဲ့တာ ျဖစ္ေၾကာင္း သံုးသပ္ေနၾကပါတယ္။

၄င္းတိုမွာ သမီး ၂ ေယာက္ ရွိေၾကာင္း သိရွိရျပီး တရားခံ ခ်မ္းေအးေအာင္ကို တနသၤာရီ ရဲစခန္းက အမွဳဖြင့္ အေရးယူ ထားပါတယ္။

ျမိတ္ျမိဳ႕ သတင္းမီဒီယာ
https://www.facebook.com/myeik.secret.news

...............................


၂၀၁၆ ခုနှစ် ဧပြီလ ၂၇ ရက် နေ့ ညနေပိုင်းတွင် တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်တွင် ဇနီးဖြစ်သူ မတင်မာချိုအား လင်ယောင်္ကျား ဖြစ်သူ ချမ်းအေးအောင်က ကပ်ကျေးဖြင့် လည်ပင်းအား ထိုးသတ်ပြီး ထွက်ပြေးခဲ့ရာ တရားခံအား ဖမ်းဆီး ရမိပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ကတ်ကြေးဖြင့် ထိုးသည့် ဒဏ်ရာကြောင့် မတင်မာချိုမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

တရားခံဖြစ်သူ ချမ်းအေးအောင်ဟာ မူးယစ်ဆေးဝါး အမှုဖြင့် ထောင် ၂ကြိမ် ကျခံခဲ့ရသူ ဖြစ်ပြီး အခုဖြစ်စဉ် ဟာလဲ မူးယစ်ဆေးဝါ သုံးစွဲပြီး ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။

၄င်းတိုမှာ သမီး ၂ ယောက် ရှိကြောင်း သိရှိရပြီး တရားခံ ချမ်းအေးအောင်ကို တနင်္သာရီ ရဲစခန်းက အမှုဖွင့် အရေးယူ ထားပါတယ်။

မြိတ်မြို့ သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)