ဖားကန့်မှာ ဒေသခံ ၅ဝဝ ခန့် ဆန္ဒပြ

 ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာက ကျောက်သွေးတောင် ဘုရားကွင်းမှာ ကျောက်မျက်ဥပဒေကို ပြင် ဆင်ပေးဖို့ ဖားကန့်ဒေသခံ ၅ဝဝ လောက်က ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒီဥပဒေထဲမှာ အကြီးစားနဲ့ အလတ်စားတူးဖော်လုပ်ကိုင်ခွင့်၊ စျေးပြိုင်စနစ်နဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်တွေချပေးတဲ့ ပြဌာန်းချက်တွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတာဖြစ်ကြောင်း ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောက်မျက်ဥပဒေ ပြင်ဆင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဘရန်ရှောင်က ပြောပါတယ်။

"အကြီးစား ၁ဝ နှစ်၊ အလတ်စား ၅ နှစ် ဆိုတဲ့ဟာကို ကျနော်တို့ ဒါပြင်ဆင်ပေးဖို့၊ နောက်တစ်ခါ စျေးပြိုင် စနစ်ကို ပယ်ဖျက်ပေးရန်ဆိုပြီးမှာ ကျနော်တို့ အဓိကပါ၊ အားလုံးရဲ့သဘောလည်း ဒါပါပဲခင်ဗျ၊ အဓိက အလတ်စားတူးဖော်ခြင်း ဆောင်ရွက်တဲ့အခါမှာ နောက်ပြီးတော့ စျေးပြိုင်စနစ်တွေ လုပ်လာတဲ့အခါမှာ ကျနော်တို့ ဒေသခံပြည်သူလူထုတွေနဲ့ ကျနော်တို့ တိုင်းရင်းသားပြည်သူများဟာ လက်လှမ်းမမီနိုင်တဲ့ အခါကျတော့ အရင်းရှင် မူးယစ်ဆေးဝါး ငွေရှင်ကြေးရှင်တွေကပေါ့ သူတို့ကပဲ ဒီတူးဖော်ရေးလုပ်ငန်း လက်ဝါးကြီးအုပ်သွားတဲ့အပိုင်းရှိပါတယ်၊ ဒါကြောင့် ဒါကို တနိုင်တပိုင်၊ နောက်ပြီးတော့ စျေးပြိုင်စနစ် မဟုတ်တဲ့ လေလံစနစ် အဲ့ဒီလိုပုံစံနဲ့ချခဲ့မယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသားပြည်သူများအနေ နဲ့ ပြန်လည်ရနိုင်မှာဖြစ်ပါတယ်"

ကျောက်မျက်ဥပဒေကို လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်နဲ့ ၂ဝဝ၃ ခုနှစ်တွေမှာ ပြင်ဆင်ပြဌာန်းခဲ့ပြီး  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က ထပ်မံပြင်ဆင်ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ အခြေခံပြည်သူတွေလုပ်ကိုင်နိုင်တဲ့ တစ်နိုင်တပိုင် ကျောက်မျက်တူးဖော် လုပ်ကိုင်ခွင့်တွေပေး ဖို့ တောင်းဆိုကြပါတယ်။

တာမခံ၊ ဟောင်ပါး၊ ဝှေခါ၊ ဆိပ်မူ၊ မှော်စီစာ၊ လုံးခင်း စတဲ့ ဖားကန့်ကျောက်စိမ်းဒေသမှာ အရင်က ပြည်သူတွေဟာ ကိုယ်ပိုင်ကျင်းတွေကို တစ်နိုင်တပိုင် တူးဖော်လုပ်ကိုင်နိုင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၁၉၉ဝ ကျော်ကစပြီး ဒေသခံပြည် သူတွေရဲ့ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ဝှေခါ၊ ဆိပ်မူ၊ ရှရော်ခ၊ လုံးခင်း စတဲ့ မှော်ရွာတွေက ဒေသခံတွေ ပါဝင်ခဲ့ကြပြီး ကျောက်မျက် ဥပဒေပြင်ဆင်ရေး ကော်မတီဟာ ဒေသခံတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
.........................
ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသမွာ ေျမစာသယ္ကားေတြအသံုးျပဳၿပီး ေက်ာက္စိမ္းတူးေဖာ္လုပ္ကိုင္ေနမႈကို ၂၀၁၄ ခုႏွစ္ ႏိုဝင္ဘာလ အတြင္းကေတြ႔ရစဥ္။ Photo: Kyaw Myo Min/ RFA
ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူေက်းရြာက ေက်ာက္ေသြးေတာင္ ဘုရားကြင္းမွာ ေက်ာက္မ်က္ဥပေဒကို ျပင္ ဆင္ေပးဖို႔ ဖားကန္႔ေဒသခံ ၅ဝဝ ေလာက္က ဒီကေန႔ ဆႏၵျပ ေတာင္းဆိုခဲ့ၾကပါတယ္။

အ့ဲဒီဥပေဒထဲမွာ အႀကီးစားနဲ႔ အလတ္စားတူးေဖာ္လုပ္ကိုင္ခြင့္၊ ေစ်းၿပိဳင္စနစ္နဲ႔ ေက်ာက္မ်က္တူးေဖာ္ေရး လုပ္ကြက္ေတြခ်ေပးတဲ့ ျပဌာန္းခ်က္ေတြကို ပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုတာျဖစ္ေၾကာင္း ဆႏၵျပရာမွာ ပါဝင္တဲ့ ေက်ာက္မ်က္ဥပေဒ ျပင္ဆင္ေရးေကာ္မတီ ဒုတိယဥကၠ႒ ဦးဘရန္ေရွာင္က ေျပာပါတယ္။

"အႀကီးစား ၁ဝ ႏွစ္၊ အလတ္စား ၅ ႏွစ္ ဆိုတဲ့ဟာကို က်ေနာ္တို႔ ဒါျပင္ဆင္ေပးဖို႔၊ ေနာက္တစ္ခါ ေစ်းၿပိဳင္ စနစ္ကို ပယ္ဖ်က္ေပးရန္ဆိုၿပီးမွာ က်ေနာ္တို႔ အဓိကပါ၊ အားလံုးရဲ႕သေဘာလည္း ဒါပါပဲခင္ဗ်၊ အဓိက အလတ္စားတူးေဖာ္ျခင္း ေဆာင္ရြက္တဲ့အခါမွာ ေနာက္ၿပီးေတာ့ ေစ်းၿပိဳင္စနစ္ေတြ လုပ္လာတ့ဲအခါမွာ က်ေနာ္တို႔ ေဒသခံျပည္သူလူထုေတြနဲ႔ က်ေနာ္တို႔ တိုင္းရင္းသားျပည္သူမ်ားဟာ လက္လွမ္းမမီႏိုင္တဲ့ အခါက်ေတာ့ အရင္းရွင္ မူးယစ္ေဆးဝါး ေငြရွင္ေၾကးရွင္ေတြကေပါ့ သူတို႔ကပဲ ဒီတူးေဖာ္ေရးလုပ္ငန္း လက္ဝါးႀကီးအုပ္သြားတဲ့အပိုင္းရွိပါတယ္၊ ဒါေၾကာင့္ ဒါကို တႏိုင္တပိုင္၊ ေနာက္ၿပီးေတာ့ ေစ်းၿပိဳင္စနစ္ မဟုတ္တဲ့ ေလလံစနစ္ အဲ့ဒီလိုပံုစံနဲ႔ခ်ခဲ့မယ္ဆိုရင္ေတာ့ က်ေနာ္တို႔ တိုင္းရင္းသားျပည္သူမ်ားအေန နဲ႔ ျပန္လည္ရႏိုင္မွာျဖစ္ပါတယ္"

ေက်ာက္မ်က္ဥပေဒကို လြန္ခဲ့တဲ့ ၁၉၉၅ ခုႏွစ္နဲ႔ ၂ဝဝ၃ ခုႏွစ္ေတြမွာ ျပင္ဆင္ျပဌာန္းခဲ့ၿပီး  ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၉ ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္က ထပ္မံျပင္ဆင္ျပ႒ာန္းလိုက္တာျဖစ္ပါတယ္။

ဆႏၵျပသူေတြဟာ အေျခခံျပည္သူေတြလုပ္ကိုင္ႏိုင္တဲ့ တစ္ႏိုင္တပိုင္ ေက်ာက္မ်က္တူးေဖာ္ လုပ္ကိုင္ခြင့္ေတြေပး ဖို႔ ေတာင္းဆုိၾကပါတယ္။

တာမခံ၊ ေဟာင္ပါး၊ ေဝွခါ၊ ဆိပ္မူ၊ ေမွာ္စီစာ၊ လံုးခင္း စတဲ့ ဖားကန္႔ေက်ာက္စိမ္းေဒသမွာ အရင္က ျပည္သူေတြဟာ ကိုယ္ပိုင္က်င္းေတြကို တစ္ႏိုင္တပိုင္ တူးေဖာ္လုပ္ကိုင္ႏိုင္ခဲ့ေပမယ့္ လြန္ခဲ့တဲ့ ၁၉၉ဝ ေက်ာ္ကစၿပီး ေဒသခံျပည္ သူေတြရဲ႕ လုပ္ပိုင္ခြင့္ေတြ ဆံုးရံႈးခဲ့တာျဖစ္ပါတယ္။

ဆႏၵျပပြဲမွာ ေဝွခါ၊ ဆိပ္မူ၊ ရွေရာ္ခ၊ လံုးခင္း စတဲ့ ေမွာ္ရြာေတြက ေဒသခံေတြ ပါဝင္ခဲ့ၾကၿပီး ေက်ာက္မ်က္ ဥပေဒျပင္ဆင္ေရး ေကာ္မတီဟာ ေဒသခံေတြနဲ႔ ဖဲြ႔စည္းထားတာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)