ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့ တွေ့ဆုံမေးမြန်းခြင်း



NLD ဦးဆောင်တဲ့ အစိုးရသစ်ထဲမှာ ယခင် အစိုးရဟောင်းကို ဦးဆောင်ခဲ့တဲ့ ကြံခိုင်ဖွံဖြိုးရေး ပါတီဝင်အချို့ကိုလည်း တွေ့ရမှာပါ။ အဲဒီအထဲ ကြံခိုင်ရေးပါတီရဲ့ အကြီးတန်း ခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ သူရဦးအောင်ကိုလည်း အပါအဝင် ဖြစ်ပါတယ်။ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ကိုင်တွယ်တဲ့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအနေနဲ့ မြန်မာနိုင်ငံတွင်း မတူကွဲပြားတဲ့ ဘာသာတရားတွေအကြား သဟဇာတ ရှိရှိ မျှတမှု ရှိစေဖို့နဲ့ မြန်မာနို်င်င်ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိမ်းသိမ်းရေးမှာ နိုင်ငံတကာ အကူအညီတွေရအောင် အစိုးရသက်တမ်း ရက်ပေါင်း ၁၀၀ အတွင်း ကြိုးပမ်းသွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းက ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုကို တွေ့ဆုံမေးမြန်းထားတာပါ။

သူရဦးအောင်ကို ။ ။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ မူဝါဒကိုပဲ ဦးတည် လုပ်နေတာ ဖြစ်ပါတယ်။ အဲဒီ ဦးတည် လုပ်နေတဲ့ လုပ်ငန်းစဉ်မှာ ပူးပေါင်း ဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့လဲ လတ်တလော ဆုံးဖြတ်ခြင်း မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ထဲ ရောက်လာတဲ့အချိန်မှာ၊ အဲဒီကတည်းကစပြီး ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။ အဖွဲ့ချုပ် ဥက္ကဌ ကလည်း ပြောပါတယ်။ နောင်တစ်ချိန်မှာ လိုအပ်လို့ရှိရင် သူတို့ပါတီ အဖွဲ့အစည်းကို ၀ိုင်းပြီးမှ တတ်နိုင်တဲ့ဘက်က ကူညီ ပူးပေါင်းဆောင်ရွက်ပေးပါ ဆိုပြီး ကြိုတင် ညှိနှိုင်းခဲ့တာရှိပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ ဒါပေမယ့် ပြည်ခိုင်ဖြိုးပါတီက စာတစ်ခု ထုတ်ထားတာရှိပါတယ်။ သူတို့ကို ကြိုတင်ညှိနှိုင်းခြင်းမရှိဘူးလို့ဝေဖန်ထားတာ တွေ့ရလို့ပါ။

သူရဦးအောင်ကို ။ ။ ၂၀၁၅ခု သြဂုတ်လ ၁၂ရက်နေ့မှာ ဖြစ်စဉ်ပေါ့နော်။ ဒီဖြစ်စဉ်တော့ အသေးစိတ် ပြန်မပြောလိုတော့ပါဘူး။ အားလုံး သိပြီးသားပါ။ သြဂုတ်လ ၁၂ရက်နေ့ည ဖြစ်စဉ်က စပြီးတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီအဖြစ်ကနေပြီး ဖယ်ရှားခြင်း ခံခဲ့ရပါတယ်။ လက်ရှိ အနေအထားမှာ ပြည်ခိုင်ဖြိုးပါတီ တစ်ယောက် အဆင့်သာဖြစ်ပါတယ်။ သို့သော်လည်း ပြည်ခိုင်ဖြိုး ပါတီကနေ ကနေ့ အထိ နှတ်ထွက်လွှာတင်ခြင်း၊ နှတ်ထွက်ထားခြင်း မရှိသေး ပါဘူး။ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးအနေနဲ့ ရပ်တည်နေဆဲဖြစ်ပါတယ်း ဖြစ်တော့ ပါတီ တာဝန် အကြီးအငယ်တွေကို သီးသန့် ပြောင်းပေးခြင်း မရှိပါဘူး။ ပါတီနဲ့လည်း သြဂုတ်လနောက်ပိုင်းက စပြီးတော့ အဆက်အသွယ် အဆက်အဆံ ပြတ်နေပါတယ်။ လူထုခေါင်းဆောင်ရဲ့ ဒီလို ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့အခါမှာ ပြည်ခိုင်ဖြိုး ပါတီ ဌာနချုပ်ရဲ့ ခွင့်ပြု ချက်ကို ရယူ တောင်းခံခဲ့ခြင်းမရှိပါဘူူး။

ဒေါ်ခင်စိုးဝင်း။ ။ သာသနာရေးနဲ့ ယာဉ်ကျေးမှုဝန်ကြီးဌာနဆိုတာ မြန်မာနို်င်ငံတွက် အရေးပါတဲ့ ၀န်ကြီးဌာနတစ်ခုဖြစ်ပါတယ်။ သာသနာရေး ၀န်ကြီးဌာနလို့ ဆိုတဲ့ နေရာမှာ ဘာသာပေါင်းစုံပေါ့နော်။ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘာသာပေါင်းစုံကို ကိုးကွယ်ပိုင်ခွင့် လူတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့် အရင်အစိုးရ လက်ထက်တုန်းကပေါ့ါနော် တကယ် လက်တွေ့ ကြည့်လိုက်တဲ့အခါကျရင် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ခရစ်ယာန်တွေပဲဖြစ်ဖြစ်၊ မူဆလင်တွေပဲဖြစ်ဖြစ် ု အခြား ဘာသာဝင်တွေကို ခွဲခြားဆက်ဆံတာတွေ တွေ့ရပါတယ်။ ဥပမာ ဌာနတွင်း ရာထူးတိုးပေးတာကအစ။ နောက်ပြီးတော့ စစ်တပ်ထဲ ၀င်တာက အစ။ တော်တော်လေးကို ခွဲဆက်ဆံတာတတွေ ရှိခဲ့ပါတယ်။ နောက်တစ်ခုက တကယ်တန်း စာအုပ်ထဲမှာ ရေးထားတဲ့ တည်ဆဲ ဥပဒေထဲမှာ မပါပေမယ့် လုပ်ထုံးထုပ်နည်းအရ ခွင့်မပြုတာတွေ ရှိပါတယ်။ ဥပမာ ဓမ္မာရုံ  ဆောက်မယ်ဆိုရင်တော့ ရတယ်။ Church ဆိုရင်တော့ ခွင့်မပြုဘူး။ ဗလီ ဆောက်မယ်ဆိုရင်တော့ ခွင့်မပြုဘူး။ ၀န်ကြီးလက်ထက်မှာ အဲဒီ ဟာလေးတွေ တရားမျှတမှုရှိအောင် ဘယ်လိုများ စီစဉ် ဆောင်ရွက်ဖို့ စဉ်းစားထားပါသလဲရှင့်။

သူရဦးအောင်ကို ။ ။ ယခင် တပ်မတော် အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာ သာသနာအပေါ် ချီးမြှောက်မှု၊ ထောက်ပံ့မှုက လွန်ကဲခဲ့ပါတယ်။ သို့သော်လည်း ကျန်တဲ့ တိုင်းရင်းသားဘာသာတွေဖြစ်တဲ့ ခရစ်ယာန်ဘာသာ၊ နောက် ဧည့်နိုင်ငံသားတွေ အများစု ကိုးကွယ်တဲ့ အစ္စလာမ် ဘာသာ၊ ဟိန္ဒူဘာသာ အပါအဝင် အခြား ဘာသာငယ်တွေ အပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ် ချုပ်ချယ်တာမျိုးတော့ မရှိခဲ့ပါဘူး။ အဲလိုပဲ ယုံကြည်ပါတယ်။ သို့သော်လည်း ဗုဒ္ဓဘာသာ သာသနာအပေါ်မှာ ချီးမြှောက်မှုက လွန်ကဲခဲ့တော့ ကျန်တဲ့ ဘာသာတွေရဲ့ အခန်းကဏ္ဍက မှေးမှိိန်သွားပြီးတော့၊ အဲဒီ လူနည်းစု တိုင်းရင်းသားတွေနဲ့ ဧည့်နိုင်ငံသားတွေက အမြင်လွဲမှားမှုတွေ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ အခုပေါ့လေ။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဆိုပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့ရဲ့ တခါတလေကျလို့ ရှိရင် ပြည်သူလူထု အကြားမှာပေါ့နော်။ အခြား ဘာသာ တွေအပေါ်မှာ ပုတ်ခတ်ပြောဆိုတာတွေ။ အခြား လူမျိုးတွေအပေါ်မှာ ပုတ်ခတ်ပြီးတော့ ပြောဆိုတာတွေလည်းရှိပါတယ်။ အဲဒါတွေကို သံဃာ့ မဟာနာယကအဖွဲ့လို အဖွဲ့အစည်းကြီးကနေ ထိမ်းကျောင်းပေးလို့များ ရနိုင်မလားရှင့်။

သူရဦးအောင်ကို ။ ။ လူထုခေါင်းဆောင်ရဲ့ အစိုးရသစ် ဒီနေ့စပါတယ်။ စတဲ့အခါမှာ ၀န်ကြီးဌာန အသီးသီး၊ လုပ်ငန်းဌာန အသီးသီးမှာ ရက်၁၀၀ လုပ်ငန်း စီမံချက်ဆိုတာလဲ ခေတ်စားနေပါတယ်။ ခေတ်စားတဲ့ အခါကျတော့ ရက်၁၀၀ လုပ်ငန်းစီမံချက်ကို ကနေ့ စသော်လည်း အကြမ်းဖျင်းလေးရေးထားပါတယ်။ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ နံပါတ်၁ပေါ့။ နိုင်ငံတော်ရဲ့ အမြင့်ဆုံး ဖြစ်တဲ့ နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့ဝင် ဆရာတော်ကြီးများကို သွားပြီး ကန်တော့ပါမယ်။ ဆရာတော်ကြီးများရဲ့ သြဝါဒ ခံယူပါမယ်။ နောက်ပိုင်း အချိန်ရသည်နှင့် အမျှ ပြည်နယ်၊ တိုင်း ဒေသကြီး သံဃာ့ နာယက အဖွဲ့တွေ ကိုလည်း သွားပြီးမှ၊ ကန်တော့ပြီးတော့ သြဝါဒ ခံယူပါမယ်။ ဘာသာကြီးလေးရပ်ကြားမှာ အမုန်းစကား ဖြန့်ဝေမှုတွေကိုသတိ၊ ပညာ ညဏ်နဲ့ ထိမ်းသိမ်းကာကွယ်ဖို့ သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်ကနေပြီးမှ ဒါလေးကို ထိမ်းကျောင်းပေးနိုင်ဖို့၊ မြန်မာ့ လူမှုအဖွဲ့အစည်းအတွင်းမှာ ချစ်ခြင်း မေတ္တာ တရားတွေ၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ ခွင့်တူညီမျှခြင်း စတဲ့ လောကပါလတရားတွေ ထွန်းကားစေဖို့ အတွက်ကို သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကနေ ဦးဆောင်ပြီးတော့ ဖော်ဆောင်ပေးဖို့ အတွက်ကို လျှောက်ထား မှာဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ယဉ်ကျေးမှုအပိုင်းဆိုလို့လေ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းတယ် ဆိုတဲ့နေရာမှာ ပေါ့လေ။ လောလောဆယ်ကတော့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကိုပေါ့လေ။ အဲဒါ ကမ္ဘာ့နိုင်ငံ တော်တော်များများက စိတ်ဝင်စားတာပါ။ ကျွန်မလည်း ဟိုတလောတုန်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ၀မ်းနည်းစရာ ဘာတွေ့လဲဆိုတော့ လမ်းခင်းနေတဲ့ လုပ်သားတွေက ကျောက်တုန်းတွေ ခွဲနေပါတယ်။ ခွဲနေတဲ့အခါမှာ အဲဒီကျောက်တုံးမှာ ကျောက်စာတွေ ရေးထားတာ တစ်ပိုင်း သွားတွေ့တဲ့အခါမှာ သူတို့က တစ်ပိုင်းကတော့ ခွဲပြီးတော့ လမ်းခင်းလိုက်ပါပြီ။ ဒါပေမယ့် အဲဒီမှာ ကျောက်စာတွေ သွားတွေ့ ပါတယ်။ ဒေသခံတွေက နားမလည်တဲ့ အပိုင်းပေါ့နော်။ ယဉ်ကျေးမှုနဲ့ ရှေးဟောင်း သုတေသန ဦးစီးဌာနအနေနဲ့ အဲဒါတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်အောင်လို့ ၀န်ကြီး အနေနဲ့ ဘယ်လိုများ စဉ်းစားထားပါသလဲ ရှင့်။

သူရဦးအောင်ကို ။ ။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေရဲ့ တန်ဖိုးကို အောက်ခြေ ပြည်သူတွေက သိရှိ နားလည် တန်ဖိုးထားတတ်အောင် ပညာပေးဖို့ လည်း အဓိက လိုအပ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူ အများစုကြီး စားဝတ်နေရေးဆိုတဲ့ လုပ်ငန်း ကိစ္စတွေနဲ့ပဲ အခြေခံ အဆောက်အဦးထဲမှာ ရုန်းကန်လည်ပတ်နေရပါတယ်။ ဒါကို တန်ဖိုးထားတတ်အောင် ခုနက ပထမအဆင့် ပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုအပ်ပါတယ်။ အချို့ ကိစ္စတွေမှာ နိုင်ငံတော်က ထောက်ပံ့တဲ့ ဘဏ္ဍာငွေ တစ်ခုတည်းနဲ့ ထိမ်းသိမ်းလို့ မနိုင်တဲ့ လုပ်ငန်းတွေရှိပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ထိမ်းသိမ်းစောင့်ရှောက်နိုင်ဖို့ အတွက်ကို ကမ္ဘာ့ ကုလသမဂ္ဂ ယူနက်စကိုရဲ့ အထောက်အပံ့ရဖို့ ၊ ကမ္ဘာ့ရဲ့ ယာဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့ အတွက်ကို ဒါတွေကို ဆက်လက်တင်ပြသွားဖို့ လုပ်ငန်းတွေကို ဦးစားပေးအလိုက် ခုဆိုရင် ပထမ ရက်ပေါင်း ၁၀၀အတွင်းမှာပဲ စတင်ရေးဆွဲ တင်ပြသွားဖို့ ဆောင်ရွက်နေပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ သာသနာရေးနဲ့ ပြည်ထောင်စု ၀န်ကြီးဌာနက ပြည်ထောင်စု ၀န်ကြီးအဖြစ် ပထမဆုံးနေ့ တာဝန်ထမ်းဆောင်ရတဲ့ ဧပြီလ ၁ရက်မှာ ဗွီအိုအေ အမေရိကန်အသံကို တွေ့ဆုံမေးမြန်းခွင့် ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

သူရဦးအောင်ကို ။ ။ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။ ၀မ်းသာပါတယ်။

ဒေါ်ခင်စိုးဝင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
................

ျပည္ေထာင္စု၀န္ႀကီး သူရဦးေအာင္ကိုနဲ႔ ေတြ႔ဆံုေမးျမန္းျခင္း


NLD ဦးေဆာင္တဲ့ အစိုးရသစ္ထဲမွာ ယခင္ အစိုးရေဟာင္းကို ဦးေဆာင္ခဲ့တဲ့ ႀကံခိုင္ဖံြၿဖိဳးေရး ပါတီ၀င္အခ်ိဳ႕ကိုလည္း ေတြ႔ရမွာပါ။ အဲဒီအထဲ ႀကံခိုင္ေရးပါတီရဲ႕ အႀကီးတန္း ေခါင္းေဆာင္တဦးျဖစ္ခဲ့တဲ့ သူရဦးေအာင္ကိုလည္း အပါအ၀င္ ျဖစ္ပါတယ္။ သာသနာေရးနဲ႔ ယဥ္ေက်းမႈ၀န္ႀကီးဌာနကို ကိုင္တြယ္တဲ့ ျပည္ေထာင္စု၀န္ႀကီး သူရဦးေအာင္ကိုအေနနဲ႔ ျမန္မာႏိုင္ငံတြင္း မတူကဲြျပားတဲ့ ဘာသာတရားေတြအၾကား သဟဇာတ ရိွရိွ မွ်တမႈ ရိွေစဖို႔နဲ႔ ျမန္မာႏို္င္င္ရဲ႕ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ ထိမ္းသိမ္းေရးမွာ ႏိုင္ငံတကာ အကူအညီေတြရေအာင္ အစိုးရသက္တမ္း ရက္ေပါင္း ၁၀၀ အတြင္း ႀကိဳးပမ္းသြားမယ္လို႔ ဗီြအိုေအကို ေျပာပါတယ္။ ဗီြအိုေအ ရန္ကုန္ရံုး တာ၀န္ခံ ေဒၚခင္စိုး၀င္းက ျပည္ေထာင္စု၀န္ႀကီးသူရဦးေအာင္ကိုကို ေတြ႔ဆံုေမးျမန္းထားတာပါ။

သူရဦးေအာင္ကို ။ ။ အမ်ိဳးသား ျပန္လည္ ရင္ၾကားေစ့ေရးဆိုတဲ့ မူ၀ါဒကိုပဲ ဦးတည္ လုပ္ေနတာ ျဖစ္ပါတယ္။ အဲဒီ ဦးတည္ လုပ္ေနတဲ့ လုပ္ငန္းစဥ္မွာ ပူးေပါင္း ေဆာင္ရြက္ျခင္းသာျဖစ္ပါတယ္။ ဒီလိုလုပ္ဖို႕လဲ လတ္တေလာ ဆံုးျဖတ္ျခင္း မဟုတ္ပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္တို႕ ၂၀၁၂ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲၿပီးလို႕ လႊတ္ေတာ္ထဲ ေရာက္လာတဲ့အခ်ိန္မွာ၊ အဲဒီကတည္းကစၿပီး ညွိႏွိဳင္းခဲ့တာျဖစ္ပါတယ္။ အဖြဲ႕ခ်ဳပ္ ဥကၠဌ ကလည္း ေျပာပါတယ္။ ေနာင္တစ္ခ်ိန္မွာ လိုအပ္လို႕ရွိရင္ သူတို႕ပါတီ အဖြဲ႕အစည္းကို ၀ိုင္းၿပီးမွ တတ္ႏိုင္တဲ့ဘက္က ကူညီ ပူးေပါင္းေဆာင္ရြက္ေပးပါ ဆိုၿပီး ႀကိဳတင္ ညွိႏွိုင္းခဲ့တာရွိပါတယ္။

ေဒၚခင္စိုး၀င္း။ ။ ဟုတ္ကဲ့ပါ။ ဒါေပမယ့္ ျပည္ခိုင္ၿဖိဳးပါတီက စာတစ္ခု ထုတ္ထားတာရွိပါတယ္။ သူတို႕ကို ႀကိဳတင္ညွိႏွိဳင္းျခင္းမရွိဘူးလုိ႕ေ၀ဖန္ထားတာ ေတြ႕ရလို႕ပါ။

သူရဦးေအာင္ကို ။ ။ ၂၀၁၅ခု ၾသဂုတ္လ ၁၂ရက္ေန႕မွာ ျဖစ္စဥ္ေပါ့ေနာ္။ ဒီျဖစ္စဥ္ေတာ့ အေသးစိတ္ ျပန္မေျပာလိုေတာ့ပါဘူး။ အားလံုး သိၿပီးသားပါ။ ၾသဂုတ္လ ၁၂ရက္ေန႕ည ျဖစ္စဥ္က စၿပီးေတာ့ ျပည္ခိုင္ၿဖိုးပါတီရဲ႕ ဗဟုိ အလုပ္အမႈေဆာင္ ေကာ္မတီအျဖစ္ကေနၿပီး ဖယ္ရွားျခင္း ခံခဲ့ရပါတယ္။ လက္ရွိ အေနအထားမွာ ျပည္ခိုင္ၿဖိဳးပါတီ တစ္ေယာက္ အဆင့္သာျဖစ္ပါတယ္။ သို႕ေသာ္လည္း ျပည္ခိုင္ၿဖိဳး ပါတီကေန ကေန႕ အထိ ႏွတ္ထြက္လႊာတင္ျခင္း၊ ႏွတ္ထြက္ထားျခင္း မရွိေသး ပါဘူး။ ျပည္ခိုင္ၿဖိဳးပါတီ၀င္ တစ္ဦးအေနနဲ႕ ရပ္တည္ေနဆဲျဖစ္ပါတယ္း ျဖစ္ေတာ့ ပါတီ တာ၀န္ အႀကီးအငယ္ေတြကို သီးသန္႕ ေျပာင္းေပးျခင္း မရွိပါဘူး။ ပါတီနဲ႕လည္း ၾသဂုတ္လေနာက္ပိုင္းက စၿပီးေတာ့ အဆက္အသြယ္ အဆက္အဆံ ျပတ္ေနပါတယ္။ လူထုေခါင္းေဆာင္ရဲ႕ ဒီလို ပူးေပါင္းေဆာင္ရြက္ဖို႕ ကမ္းလွမ္းမႈကို လက္ခံခဲ့တဲ့အခါမွာ ျပည္ခိုင္ၿဖိဳး ပါတီ ဌာနခ်ဳပ္ရဲ႕ ခြင့္ျပဳ ခ်က္ကို ရယူ ေတာင္းခံခဲ့ျခင္းမရွိပါဘူူး။

ေဒၚခင္စိုး၀င္း။ ။ သာသနာေရးနဲ႕ ယာဥ္ေက်းမႈ၀န္ႀကီးဌာနဆိုတာ ျမန္မာႏို္င္ငံတြက္ အေရးပါတဲ့ ၀န္ႀကီးဌာနတစ္ခုျဖစ္ပါတယ္။ သာသနာေရး ၀န္ႀကီးဌာနလို႕ ဆိုတဲ့ ေနရာမွာ ဘာသာေပါင္းစံုေပါ့ေနာ္။ ျမန္မာႏိုင္ငံမွာ ဖြဲ႕စည္းပံု အေျခခံဥပေဒအရ ဘာသာေပါင္းစံုကို ကိုးကြယ္ပိုင္ခြင့္ လူတုိင္းမွာ ရွိပါတယ္။ ဒါေပမယ့္ အရင္အစိုးရ လက္ထက္တုန္းကေပါ့ါေနာ္ တကယ္ လက္ေတြ႕ ၾကည့္လိုက္တဲ့အခါက်ရင္ ဗုဒၶဘာသာ၀င္ မဟုတ္တဲ့ ခရစ္ယာန္ေတြပဲျဖစ္ျဖစ္၊ မူဆလင္ေတြပဲျဖစ္ျဖစ္ ု အျခား ဘာသာ၀င္ေတြကို ခြဲျခားဆက္ဆံတာေတြ ေတြ႕ရပါတယ္။ ဥပမာ ဌာနတြင္း ရာထူးတိုးေပးတာကအစ။ ေနာက္ၿပီးေတာ့ စစ္တပ္ထဲ ၀င္တာက အစ။ ေတာ္ေတာ္ေလးကို ခဲြဆက္ဆံတာတေတြ ရွိခဲ့ပါတယ္။ ေနာက္တစ္ခုက တကယ္တန္း စာအုပ္ထဲမွာ ေရးထားတဲ့ တည္ဆဲ ဥပေဒထဲမွာ မပါေပမယ့္ လုပ္ထံုးထုပ္နည္းအရ ခြင့္မျပဳတာေတြ ရွိပါတယ္။ ဥပမာ ဓမၼာရံု  ေဆာက္မယ္ဆိုရင္ေတာ့ ရတယ္။ Church ဆိုရင္ေတာ့ ခြင့္မျပဳဘူး။ ဗလီ ေဆာက္မယ္ဆိုရင္ေတာ့ ခြင့္မျပဳဘူး။ ၀န္ၾကီးလက္ထက္မွာ အဲဒီ ဟာေလးေတြ တရားမွ်တမႈရွိေအာင္ ဘယ္လိုမ်ား စီစဥ္ ေဆာင္ရြက္ဖို႕ စဥ္းစားထားပါသလဲရွင့္။

သူရဦးေအာင္ကို ။ ။ ယခင္ တပ္မေတာ္ အစိုးရလက္ထက္မွာ ဗုဒၶဘာသာ သာသနာအေပၚ ခ်ီးေျမွာက္မႈ၊ ေထာက္ပံ့မႈက လြန္ကဲခဲ့ပါတယ္။ သို႕ေသာ္လည္း က်န္တဲ့ တိုင္းရင္းသားဘာသာေတြျဖစ္တဲ့ ခရစ္ယာန္ဘာသာ၊ ေနာက္ ဧည့္ႏိုင္ငံသားေတြ အမ်ားစု ကိုးကြယ္တဲ့ အစၥလာမ္ ဘာသာ၊ ဟိႏၵဴဘာသာ အပါအ၀င္ အျခား ဘာသာငယ္ေတြ အေပၚမွာေတာ့ျဖင့္ ထူးၿပီးေတာ့မွ ဖိႏွိပ္ ခ်ဳပ္ခ်ယ္တာမ်ိဳးေတာ့ မရွိခဲ့ပါဘူး။ အဲလိုပဲ ယံုၾကည္ပါတယ္။ သုိ႕ေသာ္လည္း ဗုဒၶဘာသာ သာသနာအေပၚမွာ ခ်ီးေျမွာက္မႈက လြန္ကဲခဲ့ေတာ့ က်န္တဲ့ ဘာသာေတြရဲ႕ အခန္းက႑က ေမွးမိွိန္သြားၿပီးေတာ့၊ အဲဒီ လူနည္းစု တိုင္းရင္းသားေတြနဲ႕ ဧည့္ႏိုင္ငံသားေတြက အျမင္လြဲမွားမႈေတြ ရွိပါတယ္။

ေဒၚခင္စိုး၀င္း။ ။ အခုေပါ့ေလ။ အမ်ိဳးဘာသာ သာသနာ ေစာင့္ေရွာက္ေရးအဖြဲ႕ ဆိုၿပီး ဖြဲ႕စည္းထားတဲ့ အဖြဲ႕ရွိပါတယ္။ အဲဒီအဖြဲ႕ရဲ႕ တခါတေလက်လို႕ ရွိရင္ ျပည္သူလူထု အၾကားမွာေပါ့ေနာ္။ အျခား ဘာသာ ေတြအေပၚမွာ ပုတ္ခတ္ေျပာဆိုတာေတြ။ အျခား လူမ်ိဳးေတြအေပၚမွာ ပုတ္ခတ္ၿပီးေတာ့ ေျပာဆိုတာေတြလည္းရွိပါတယ္။ အဲဒါေတြကို သံဃာ့ မဟာနာယကအဖြဲ႕လို အဖြဲ႕အစည္းႀကီးကေန ထိမ္းေက်ာင္းေပးလို႕မ်ား ရႏိုင္မလားရွင့္။

သူရဦးေအာင္ကို ။ ။ လူထုေခါင္းေဆာင္ရဲ႕ အစိုးရသစ္ ဒီေန႕စပါတယ္။ စတဲ့အခါမွာ ၀န္ႀကီးဌာန အသီးသီး၊ လုပ္ငန္းဌာန အသီးသီးမွာ ရက္၁၀၀ လုပ္ငန္း စီမံခ်က္ဆိုတာလဲ ေခတ္စားေနပါတယ္။ ေခတ္စားတဲ့ အခါက်ေတာ့ ရက္၁၀၀ လုပ္ငန္းစီမံခ်က္ကို ကေန႕ စေသာ္လည္း အၾကမ္းဖ်င္းေလးေရးထားပါတယ္။ သာသနာေရး ၀န္ႀကီးဌာနအေနနဲ႕ နံပါတ္၁ေပါ့။ ႏိုင္ငံေတာ္ရဲ႕ အျမင့္ဆံုး ျဖစ္တဲ့ ႏိုင္ငံေတာ္ သံဃာ့ မဟာ နာယက အဖြဲ႕၀င္ ဆရာေတာ္ႀကီးမ်ားကို သြားၿပီး ကန္ေတာ့ပါမယ္။ ဆရာေတာ္ႀကီးမ်ားရဲ႕ ၾသ၀ါဒ ခံယူပါမယ္။ ေနာက္ပိုင္း အခ်ိန္ရသည္ႏွင့္ အမွ် ျပည္နယ္၊ တိုင္း ေဒသႀကီး သံဃာ့ နာယက အဖြဲ႕ေတြ ကိုလည္း သြားၿပီးမွ၊ ကန္ေတာ့ၿပီးေတာ့ ၾသ၀ါဒ ခံယူပါမယ္။ ဘာသာႀကီးေလးရပ္ၾကားမွာ အမုန္းစကား ျဖန္႕ေ၀မႈေတြကိုသတိ၊ ပညာ ညဏ္နဲ႕ ထိမ္းသိမ္းကာကြယ္ဖို႕ သံဃာ့ အဖြဲ႕အစည္းအဆင့္ဆင့္ကေနၿပီးမွ ဒါေလးကို ထိမ္းေက်ာင္းေပးနိုင္ဖို႕၊ ျမန္မာ့ လူမႈအဖြဲ႕အစည္းအတြင္းမွာ ခ်စ္ျခင္း ေမတၱာ တရားေတြ၊ ၿငိမ္းခ်မ္းျခင္း၊ တရားမွ်တျခင္း၊ ခြင့္တူညီမွ်ျခင္း စတဲ့ ေလာကပါလတရားေတြ ထြန္းကားေစဖို႕ အတြက္ကို သံဃာ့အဖြဲ႕အစည္း အဆင့္ဆင့္ကေန ဦးေဆာင္ၿပီးေတာ့ ေဖာ္ေဆာင္ေပးဖို႕ အတြက္ကို ေလွ်ာက္ထား မွာျဖစ္ပါတယ္။

ေဒၚခင္စိုး၀င္း။ ။ ယဥ္ေက်းမႈအပိုင္းဆိုလို႕ေလ ယဥ္ေက်းမႈအေမြအႏွစ္ေတြကို ထိန္းသိမ္းတယ္ ဆိုတဲ့ေနရာမွာ ေပါ့ေလ။ ေလာေလာဆယ္ကေတာ့ ေရွးေဟာင္း ယဥ္ေက်းမႈ အေမြအႏွစ္ေတြကိုေပါ့ေလ။ အဲဒါ ကမၻာ့ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားက စိတ္၀င္စားတာပါ။ ကၽြန္မလည္း ဟိုတေလာတုန္းက ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ကို ေရာက္ခဲ့ပါတယ္။ အဲဒီမွာ ၀မ္းနည္းစရာ ဘာေတြ႕လဲဆိုေတာ့ လမ္းခင္းေနတဲ့ လုပ္သားေတြက ေက်ာက္တုန္းေတြ ခဲြေနပါတယ္။ ခြဲေနတဲ့အခါမွာ အဲဒီေက်ာက္တံုးမွာ ေက်ာက္စာေတြ ေရးထားတာ တစ္ပိုင္း သြားေတြ႕တဲ့အခါမွာ သူတို႕က တစ္ပိုင္းကေတာ့ ခြဲၿပီးေတာ့ လမ္းခင္းလိုက္ပါၿပီ။ ဒါေပမယ့္ အဲဒီမွာ ေက်ာက္စာေတြ သြားေတြ႕ ပါတယ္။ ေဒသခံေတြက နားမလည္တဲ့ အပိုင္းေပါ့ေနာ္။ ယဥ္ေက်းမႈနဲ႕ ေရွးေဟာင္း သုေတသန ဦးစီးဌာနအေနနဲ႕ အဲဒါေတြကို ထိထိေရာက္ေရာက္ ကိုင္တြယ္ႏိုင္ေအာင္လို႕ ၀န္ႀကီး အေနနဲ႕ ဘယ္လုိမ်ား စဥ္းစားထားပါသလဲ ရွင့္။

သူရဦးေအာင္ကို ။ ။ ေရွးေဟာင္း ယဥ္ေက်းမႈ အေမြအႏွစ္ ပစၥည္းေတြရဲ႕ တန္ဖိုးကို ေအာက္ေျခ ျပည္သူေတြက သိရွိ နားလည္ တန္ဖိုးထားတတ္ေအာင္ ပညာေပးဖို႕ လည္း အဓိက လိုအပ္ပါတယ္။ ကၽြန္ေတာ္တို႕ ျမန္မာႏိုင္ငံသား တိုင္းရင္းသား ျပည္သူ အမ်ားစုၾကီး စား၀တ္ေနေရးဆိုတဲ့ လုပ္ငန္း ကိစၥေတြနဲ႕ပဲ အေျခခံ အေဆာက္အဦးထဲမွာ ရုန္းကန္လည္ပတ္ေနရပါတယ္။ ဒါကို တန္ဖိုးထားတတ္ေအာင္ ခုနက ပထမအဆင့္ ပညာေပးမႈေတြကို က်ယ္က်ယ္ျပန္႕ျပန္႕ လုပ္ဖို႕ လိုအပ္ပါတယ္။ အခ်ိဳ႕ ကိစၥေတြမွာ ႏိုင္ငံေတာ္က ေထာက္ပံ့တဲ့ ဘ႑ာေငြ တစ္ခုတည္းနဲ႕ ထိမ္းသိမ္းလို႕ မႏိုင္တဲ့ လုပ္ငန္းေတြရွိပါတယ္။ က်ယ္က်ယ္ျပန္႕ျပန္႕ ထိမ္းသိမ္းေစာင့္ေရွာက္ႏိုင္ဖို႕ အတြက္ကို ကမၻာ့ ကုလသမဂၢ ယူနက္စကိုရဲ႕ အေထာက္အပံ့ရဖို႕ ၊ ကမၻာ့ရဲ႕ ယာဥ္ေက်းမႈ အေမြအႏွစ္စာရင္း၀င္ဖို႕ အတြက္ကို ဒါေတြကို ဆက္လက္တင္ျပသြားဖို႕ လုပ္ငန္းေတြကို ဦးစားေပးအလုိက္ ခုဆိုရင္ ပထမ ရက္ေပါင္း ၁၀၀အတြင္းမွာပဲ စတင္ေရးဆြဲ တင္ျပသြားဖို႕ ေဆာင္ရြက္ေနပါတယ္။

ေဒၚခင္စိုး၀င္း။ ။ သာသနာေရးနဲ႕ ျပည္ေထာင္စု ၀န္ႀကီးဌာနက ျပည္ေထာင္စု ၀န္ႀကီးအျဖစ္ ပထမဆံုးေန႕ တာ၀န္ထမ္းေဆာင္ရတဲ့ ဧၿပီလ ၁ရက္မွာ ဗြီအိုေအ အေမရိကန္အသံကို ေတြ႕ဆံုေမးျမန္းခြင့္ ျပဳတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။

သူရဦးေအာင္ကို ။ ။ ကၽြန္ေတာ္လည္း ေက်းဇူးတင္ပါတယ္။ ၀မ္းသာပါတယ္။

ေဒၚခင္စိုးဝင္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)