အယ္လ္နီညိုုဒဏ္ခံေနရတဲ့ ျမန္မာႏိုုင္ငံ


ျမန္မာႏိုုင္ငံမွာ ျပင္းထန္တဲ့ ရာသီဥတုု ဒဏ္ကိုု ခံေနရပါတယ္။ တႏွစ္ထက္ တႏွစ္ ပ်မ္းမ ွ် အပူခ်ိန္တေျဖးေျဖး တိုုးလာေနတဲ့ ျမန္မာႏိုုင္ငံအတြက္ ၂၀၁၆ ခုုႏွစ္မွာ အယ္လ္နီညိုုပါ ဝင္လာတာမိုု႔အေျခေနေတြ ပိုုဆိုုးလာတယ္လို႔ မိုးေလဝႆ ပညာရွင္ ေဒါက္တာဦးထြန္းလြင္က ေျပာပါတယ္။

ကမာၻတဝွမ္းမွာ အပူရွိန္က တရိပ္ရိပ္ တိုးေနပါတယ္။ ၂၀၁၄ ကို အပူဆံုးႏွစ္အျဖစ္ ကမာၻ႕သမိုင္းမွာ မွတ္တမ္းတင္ခဲ့ရာက ၂၀၁၅ မွာ စံခ်ိန္က်ိဳးခဲ့သလို ၂၀၁၆ ဇန္နဝါရီလကို အပူဆံုးလအျဖစ္ စံတင္ခဲ့ေပမယ့္ ေဖေဖၚဝါရီေရာက္ေတာ့ ပိုပူလာျပန္တာပါ။ ကမာၻတဝွမ္း အပူရွိန္ တေန႔တျခား တုိးေနသလို ျမန္မာႏိုင္ငံ အတြက္လည္း ၂၁၀၀ ေရာက္ရင္ လက္ရွိအပူခ်ိန္ထက္ ၅ ဒီဂရီ ပိုျမင့္လာမယ္လို႔ ခန္႔မွန္းထားပါတယ္။

ဒီအထဲ El Nino အယ္လ္နီညိဳ ျဖစ္လာတဲ့အတြက္ ဒီ ရာသီဥတုဒဏ္ခံရတဲ့ အျပင္ ျမန္မာႏိုင္ငံတြင္း  သစ္ေတာ ျပဳန္းတီးေနတာ၊ မိုးလံုးဝ မရြာတာနဲ႔ ခရမ္းလြန္ ေရာင္ျခည္ က်ေရာက္ႏႈံး ျမင့္မားေနတာေတြဟာ ႏိုင္ငံတြင္း အပူရွိန္ကို ပို ျမင့္ေစပါတယ္။ ေနရာ အေတာ္မ်ားမ်ားမွာ ၄၂- ၄၃ ဒီဂရီ ရွိေနခ်ိန္မွာ အဆိုးဝါးဆံုးက ၄၅ ဒီဂရီ အထက္ေရာက္ေနတဲ့ စစ္ကိုင္းတိုင္း ေအာက္ပိုင္း ေဒသေတြ ျဖစ္ပါတယ္။

အယ္လ္နီညိဳဟာ ဇြန္လမွာ ကုန္မွာ ျဖစ္ေပမယ့္ သူ႔ ရိုက္ခတ္မႈက ေနာက္ ၃ လေလာက္ ရွိႏိုင္တာမို႔ မိုးရာသီ အကုန္ျဖစ္တဲ့ စက္တင္ဘာလ ကုန္အထိ ရွိေနမယ္လို႔ ဦးထြန္းလြင္က ေျပာပါတယ္။

အယ္လ္နီညိဳ ဟာ အလြန္ ပူျပင္းေျခာက္ေသြ႔တဲ့ ရာသီျဖစ္ၿပီး သူနဲ႔ ဆန္႔က်င္ဖက္ ေအးၿပီးစြတ္စိုတဲ့ ရာသီက လာနီညာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအတြက္ ၂၀၁၆ ခုႏွစ္အဆံုး ၂၀၁၇ ႏွစ္ အစပိုင္းမွာေတာ့ လာနီညာ ဝင္မွာ ျဖစ္ပါတယ္။

အယ္လ္နီညိဳ နဲ႔  လာနီညာ ေတြနဲ႔ ပါတ္သက္ၿပီး အရွင္းဆံုး သိထားဖို႔က သူတို႔ဟာ ေရေႏြး ေရေအး စီးေၾကာင္းေတြ ျဖစ္တယ္လို႔ လည္း ေျပာပါတယ္။ ေတာင္အေမရိကတိုက္ ေျမာက္ဖက္ ကမ္းေျခကို ေရေႏြးစီးေၾကာငး္ေတြ ဝင္လာရင္ အယ္လ္နီညိဳ ရာသီျဖစ္ၿပီး ေရေအးစီးေၾကာင္း ဝင္လာရင္ လာနီညာ ရာသီျဖစ္ေစ ပါတယ္။

ပံုမွန္အေနထားမွာ ေတာင္အေမရိကတိုက္ရဲ့ မိုးရြာမႈဟာ အေနာက္ဖက္ပိုင္းမွာ ရွိၿပီး အေရွ႕ဖက္ပိုင္းက မိုးနဲေလ့ရွိပါတယ္။ ဒါေပမယ့္ အယ္လ္နီညိဳ ျဖစ္ၿပီ ဆိုရင္ အေနာက္ဖက္ မိုးရြာတဲ့ ျဖစ္စဥ္ အားလံုးဟာ အေရွ႕ဖက္ကို ေရာက္သြားၿပီး အေနာက္ဖက္မွာ မိုးနဲသြားတဲ့ ရာသီဥတု ေဖါက္ျပန္မႈေတြ ျဖစ္ေစပါတယ္။

တနည္း ေျပာရရင္ အီေကြတာရဲ့ ေတာင္ဖက္ျခမ္းမွာ ရွိတဲ့ ၾသစေၾတးလ် နဲ႔ ေျမာက္ဖက္ျခမ္းမွာ ရွိတဲ့ အေရွ႕ေတာင္အာရွ ေဒသေတြ ကိုၾကည့္ရင္ ရိုးရိုးႏွစ္မွာ မိုးရြာေလ့ရွိေပမယ့္ အယ္လ္နီညိဳ ေဖါက္ျပန္မႈ ျဖစ္ရင္ ရြာမယ့္ မိုးေတြ အေရွ႕ဘက္ေရာက္သြားၿပီး မိုးနဲၿပီး အပူရွိန္ တက္လာတတ္တယ္ လို႔ ဆိုပါတယ္။

ဒီလို ရာသီဥတု ေဖါက္ျပန္မႈဟာ အရင္တုန္းက ၅ ႏွစ္ေလာက္မွ တခါေလာက္ ေဖါက္ျပန္ေလ့ရွိေပမယ့္ အခု ၂ ႏွစ္ ေလာက္မွာ တခါ ျဖစ္ေနတာလည္း ေတြ႔ရတယ္လုိ႔ ေျပာပါတယ္။ ဒါဟာ ကမာၻႀကီး ပူေႏြးလာမႈ ရဲ့ ရိုက္ခတ္မႈပါ။

ဒီလို အယ္လ္နီညိဳ - လာနီညာ လို ရာသီဥတု ေဖါက္ျပန္မႈဟာ သဘာဝအတိုင္းျဖစ္ေနတာမို႔ ဘာမွ မတတ္ႏိုင္ေပမယ့္ သူ႔ဒဏ္ခံရတဲ့  သဘာဝေဘးအႏၱရာယ္ အတြက္ သက္သာ ေလ်ာ့နဲေအာင္ စီမံကိန္းေတြ ခ်လုပ္ ေဆာင္ဖုိ႔လိုအပ္ပါတယ္။

အပူဒဏ္ေလ်ာ့နဲေစဖုိ႔ သစ္ပင္စိုက္ပ်ိဳးတာကစၿပီး ပါတ္ဝန္းက်င္ ထိမ္းသိမ္းေရး လုပ္ငန္းေတြနဲ႔ ေရခန္းေျခာက္မႈ ျပႆနာ ေျဖရွင္းေရးေတြ အ ေလးေပး လုပ္ေဆာင္ဖုိ႔ လိုပါတယ္။ ဒီ့အတြက္ ေရေဝေရလဲ ေဒသေတြ ကို ပ်က္စီးေအာင္ လုပ္ေနတဲ့ ႀကီးမားတဲ့ ေရကာတာႀကီးေတြ တည္ ေဆာက္မႈကို အားမေပးဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ရာသီဥတု ေဖါက္ျပန္ေစတဲ့ ကမာၻႀကီး ပူေႏြးမႈကို အေထာက္အပ့ံျဖစ္ေစတဲ့ ေရကာတာေတြ အမ်ားအျပား ေဆာက္လုပ္တာနဲ႔ ေက်ာက္မီးေသြး စက္ရုံေတြ တည္ေဆာက္တာ ေတြ႔ေနရၿပီး၊ သစ္ေတာျပဳန္းတီးမႈက မ်ားေနသလို လူဦးေရ တိုးလာတာေတြ ေတြ႔ေနရတာမို႔  ဒါေတြကို အစိုးရက မူဝါဒ ခ်မွတ္ကိုင္တြယ္ဖို႔  လိုအပ္တယ္လုိ႔ လည္း မိုးေလဝႆ   ပ   ပညာရွင္ ဦးထြန္းလြင္က အႀကံေပးပါတယ္။

​ေဒၚခင္မ်ဳိးသက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.....................................


မြန်မာနိုုင်ငံမှာ ပြင်းထန်တဲ့ ရာသီဥတုု ဒဏ်ကိုု ခံနေရပါတယ်။ တနှစ်ထက် တနှစ် ပျမ်းမ ျှ အပူချိန်တဖြေးဖြေး တိုုးလာနေတဲ့ မြန်မာနိုုင်ငံအတွက် ၂၀၁၆ ခုုနှစ်မှာ အယ်လ်နီညိုုပါ ဝင်လာတာမိုု့အခြေနေတွေ ပိုုဆိုုးလာတယ်လို့ မိုးလေဝဿ ပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောပါတယ်။

ကမ္ဘာတဝှမ်းမှာ အပူရှိန်က တရိပ်ရိပ် တိုးနေပါတယ်။ ၂၀၁၄ ကို အပူဆုံးနှစ်အဖြစ် ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်ခဲ့ရာက ၂၀၁၅ မှာ စံချိန်ကျိုးခဲ့သလို ၂၀၁၆ ဇန်နဝါရီလကို အပူဆုံးလအဖြစ် စံတင်ခဲ့ပေမယ့် ဖေဖေါ်ဝါရီရောက်တော့ ပိုပူလာပြန်တာပါ။ ကမ္ဘာတဝှမ်း အပူရှိန် တနေ့တခြား တိုးနေသလို မြန်မာနိုင်ငံ အတွက်လည်း ၂၁၀၀ ရောက်ရင် လက်ရှိအပူချိန်ထက် ၅ ဒီဂရီ ပိုမြင့်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီအထဲ El Nino အယ်လ်နီညို ဖြစ်လာတဲ့အတွက် ဒီ ရာသီဥတုဒဏ်ခံရတဲ့ အပြင် မြန်မာနိုင်ငံတွင်း  သစ်တော ပြုန်းတီးနေတာ၊ မိုးလုံးဝ မရွာတာနဲ့ ခရမ်းလွန် ရောင်ခြည် ကျရောက်နှုံး မြင့်မားနေတာတွေဟာ နိုင်ငံတွင်း အပူရှိန်ကို ပို မြင့်စေပါတယ်။ နေရာ အတော်များများမှာ ၄၂- ၄၃ ဒီဂရီ ရှိနေချိန်မှာ အဆိုးဝါးဆုံးက ၄၅ ဒီဂရီ အထက်ရောက်နေတဲ့ စစ်ကိုင်းတိုင်း အောက်ပိုင်း ဒေသတွေ ဖြစ်ပါတယ်။

အယ်လ်နီညိုဟာ ဇွန်လမှာ ကုန်မှာ ဖြစ်ပေမယ့် သူ့ ရိုက်ခတ်မှုက နောက် ၃ လလောက် ရှိနိုင်တာမို့ မိုးရာသီ အကုန်ဖြစ်တဲ့ စက်တင်ဘာလ ကုန်အထိ ရှိနေမယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

အယ်လ်နီညို ဟာ အလွန် ပူပြင်းခြောက်သွေ့တဲ့ ရာသီဖြစ်ပြီး သူနဲ့ ဆန့်ကျင်ဖက် အေးပြီးစွတ်စိုတဲ့ ရာသီက လာနီညာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ၂၀၁၆ ခုနှစ်အဆုံး ၂၀၁၇ နှစ် အစပိုင်းမှာတော့ လာနီညာ ဝင်မှာ ဖြစ်ပါတယ်။

အယ်လ်နီညို နဲ့  လာနီညာ တွေနဲ့ ပါတ်သက်ပြီး အရှင်းဆုံး သိထားဖို့က သူတို့ဟာ ရေနွေး ရေအေး စီးကြောင်းတွေ ဖြစ်တယ်လို့ လည်း ပြောပါတယ်။ တောင်အမေရိကတိုက် မြောက်ဖက် ကမ်းခြေကို ရေနွေးစီးကြောငး်တွေ ဝင်လာရင် အယ်လ်နီညို ရာသီဖြစ်ပြီး ရေအေးစီးကြောင်း ဝင်လာရင် လာနီညာ ရာသီဖြစ်စေ ပါတယ်။

ပုံမှန်အနေထားမှာ တောင်အမေရိကတိုက်ရဲ့ မိုးရွာမှုဟာ အနောက်ဖက်ပိုင်းမှာ ရှိပြီး အရှေ့ဖက်ပိုင်းက မိုးနဲလေ့ရှိပါတယ်။ ဒါပေမယ့် အယ်လ်နီညို ဖြစ်ပြီ ဆိုရင် အနောက်ဖက် မိုးရွာတဲ့ ဖြစ်စဉ် အားလုံးဟာ အရှေ့ဖက်ကို ရောက်သွားပြီး အနောက်ဖက်မှာ မိုးနဲသွားတဲ့ ရာသီဥတု ဖေါက်ပြန်မှုတွေ ဖြစ်စေပါတယ်။

တနည်း ပြောရရင် အီကွေတာရဲ့ တောင်ဖက်ခြမ်းမှာ ရှိတဲ့ သြစတြေးလျ နဲ့ မြောက်ဖက်ခြမ်းမှာ ရှိတဲ့ အရှေ့တောင်အာရှ ဒေသတွေ ကိုကြည့်ရင် ရိုးရိုးနှစ်မှာ မိုးရွာလေ့ရှိပေမယ့် အယ်လ်နီညို ဖေါက်ပြန်မှု ဖြစ်ရင် ရွာမယ့် မိုးတွေ အရှေ့ဘက်ရောက်သွားပြီး မိုးနဲပြီး အပူရှိန် တက်လာတတ်တယ် လို့ ဆိုပါတယ်။

ဒီလို ရာသီဥတု ဖေါက်ပြန်မှုဟာ အရင်တုန်းက ၅ နှစ်လောက်မှ တခါလောက် ဖေါက်ပြန်လေ့ရှိပေမယ့် အခု ၂ နှစ် လောက်မှာ တခါ ဖြစ်နေတာလည်း တွေ့ရတယ်လို့ ပြောပါတယ်။ ဒါဟာ ကမ္ဘာကြီး ပူနွေးလာမှု ရဲ့ ရိုက်ခတ်မှုပါ။

ဒီလို အယ်လ်နီညို - လာနီညာ လို ရာသီဥတု ဖေါက်ပြန်မှုဟာ သဘာဝအတိုင်းဖြစ်နေတာမို့ ဘာမှ မတတ်နိုင်ပေမယ့် သူ့ဒဏ်ခံရတဲ့  သဘာဝဘေးအန္တရာယ် အတွက် သက်သာ လျော့နဲအောင် စီမံကိန်းတွေ ချလုပ် ဆောင်ဖို့လိုအပ်ပါတယ်။

အပူဒဏ်လျော့နဲစေဖို့ သစ်ပင်စိုက်ပျိုးတာကစပြီး ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး လုပ်ငန်းတွေနဲ့ ရေခန်းခြောက်မှု ပြဿနာ ဖြေရှင်းရေးတွေ အ လေးပေး လုပ်ဆောင်ဖို့ လိုပါတယ်။ ဒီ့အတွက် ရေဝေရေလဲ ဒေသတွေ ကို ပျက်စီးအောင် လုပ်နေတဲ့ ကြီးမားတဲ့ ရေကာတာကြီးတွေ တည် ဆောက်မှုကို အားမပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရာသီဥတု ဖေါက်ပြန်စေတဲ့ ကမ္ဘာကြီး ပူနွေးမှုကို အထောက်အပ့ံဖြစ်စေတဲ့ ရေကာတာတွေ အများအပြား ဆောက်လုပ်တာနဲ့ ကျောက်မီးသွေး စက်ရုံတွေ တည်ဆောက်တာ တွေ့နေရပြီး၊ သစ်တောပြုန်းတီးမှုက များနေသလို လူဦးရေ တိုးလာတာတွေ တွေ့နေရတာမို့  ဒါတွေကို အစိုးရက မူဝါဒ ချမှတ်ကိုင်တွယ်ဖို့  လိုအပ်တယ်လို့ လည်း မိုးလေဝဿ   ပ   ပညာရှင် ဦးထွန်းလွင်က အကြံပေးပါတယ်။

​ဒေါ်ခင်မျိုးသက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)