သင်္ကြန်မှာ သုံးဖြုန်းချင်သည့် လောဘစိတ်ကြောင့် လူသတ်၍ လုယက်


ဘားအံ ဧပြီ ၁၀

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ သိမ်တော်ကြီးကုန်းလမ်းထိပ်တွင် ဆိုင်ကယ်တက္ကစီမောင်းသူတစ်ဦးအား ငှါးရမ်းသွားသည့် လူငယ်(၂)ဦးမှ ဧပြီလ (၁၀)ရက်နေ ့ မွန်းလွှဲ(၃)နာရီကျော် အချိန်ခန် ့တွင် ဘားအံမြို့ပြင် ထန်းကိုးပင်သုသာန် မရောက်မှီ ရဲသာကျေးရွာအုပ်စု၊ ခရစ်ကျေးရွာလမ်းခွဲ အရောက် ဆိုင်ကယ်ခဏရပ်ရန်ပြော၍ ရပ်ပေးစဉ် တက္ကစီမောင်းသူအား ဓားနှင့်ထိုးသတ်ကာ ဆိုင်ကယ်အား လုယူထွက်ပြေးခဲ့သွား ကြောင်းသိရသည်။

အဆိုပါ လူသတ်လုယက်သူများအား အသုဘပို့ဆောင်ရာမှ ပြန်လာသည့့် အမှတ်(၁)ရပ်ကွက် ရာအိမ်မှူးဦးသန်းဝင်းနှင့် ကရင်ပြည်နယ် လက်ဝှေ ့ကျော်စောငမန်း အပါအဝင် ပတ်ဝန်းကျင်မှ လူငယ်များမှ ဝိုင်းဝန်း၍ လိုက်လံဖမ်းဆီးခဲ့ရာမှ (၁)ဦးမှာ သက်သေခံ ဆိုင်ကယ်၊ အသုံးပြုခဲ့သည့် ဓားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့ပါသည်။

အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ ့များ ရောက်ရှိလာပြီး ဖမ်းဆီးထားသည့် လူငယ်အား စစ်မေးရာ သားသားအောင်၊ ၁၈နှစ်၊ (ဘ)ဦးမောင်ငယ်၊ ကျဘမ်းလုပ်၊ အောင်းနန်း(၄)လမ်း၊ အမှတ်(၅)ရပ်ကွက်၊ ဘားအံမြို့နေသူ ဖြစ်ကြောင်း ထွက်ဆိုပြီး၊ ထွက်ပြေးသွားသူမှာ ကျော်ဇင်၊ ၁၉နှစ်ခန့်၊ အောင်နန်း(၃)လမ်း၊ အမှတ်(၅)ရပ်ကွက်၊ ဘားအံမြို့နေသူ ဖြစ်ကြောင်း သိရှိရသည်။

တရားခံအား ဘားအံမြို့မ ရဲစခန်းသို့ ခေါ်ဆောင်လာပြီး အသေးစိတ် စစ်ဆေးပေါ်ပေါက်ချက်အရ ဖြစ်စဉ်မှာ (၁၀-၄-၂၀၁၆) ရက်နေ့ နေ့လည်ပိုင်း နာရီ မမှတ်မိ အချိန်ခန့်တွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်နေ စောအောင်ဝင်း၊ ၅၀နှစ်(ဘ)ဦးရွှေဖိုး၊ တက္ကစီမောင်းသူမှာ သိမ်တော်ကြီး ကုန်းလမ်းထိပ်တွင်
ဂိတ်ထိုး၍ ခရီးသည်စောင့်ဆိုင်းနေစဉ် တရားခံ လူငယ်(၂)ဦးမှ ကြောင့်ကလာပ်စေတီသို့ လိုက်ပို့ရန် ငှါးရမ်းခဲ့ရာမှ ရဲသာကျေးရွာအုပ်စု၊ ခရစ်ကျေးရွာအဝင်လမ်းအရောက် ခဏရပ်ခိုင်း၍ ရပ်ပေးစဉ် အရိုးအသွား (၁၆)လက်မခန့်ရှိ ဓါးဦးချွန်နှင့် ထိုးသတ်ကာ ဆိုင်ကယ်အား လုယူထွက်ပြေးစဉ် ပတ်ဝန်းကျင်မှ လူများမြင်တွေ့သွား၍ လိုက်လံဖမ်းဆီးရာ ဆိုင်ကယ်အား ပစ်ချခဲ့ပြီး ထွက်ပြေးရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ ၎င်းတို ့မှာ လူငယ်သဘာဝ သင်္ကြန်နီးကာ သုံးဖြုန်းချင်သည့် လောဘစိတ်ကြောင့် ကျူးလွန်ခဲ့ရခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးသိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏ ခယ်မဖြစ်သူ နော်တကောဖော၊ ၄၂နှစ်၊ (ဘ)ဦးစံသိန်း၊ သိမ်တော်ကြီးကုန်း၊ အမှတ်(၉)ရပ်ကွက်နေသူမှ ခယ်အိုဖြစ်သူ စောအောင်ဝင်းအား ဓားနှင့်ထိုးသတ်ကာ ဆိုင်ကယ်လုယူခဲ့သူ သားသားအောင်နှင့် တိမ်းရှောင်နေသည့် ကျော်ဇင်တို့(၂)ဦးအား အရေးယူပေးရန် ၁၀-၄-၂၀၁၆ရက်နေ့ညနေ(၃)နာရီ (၄၅)မိနစ်အချိန် တရားလိုပြုလုပ်၍ ဘားအံမြို့မရဲစခန်း၌ တိုင်ကြားခဲ့ရာ ဘားအံမြို့မရဲစခန်းမှ(ပ)၈၅/၂၀၁၆၊ပြစ်မှုပုဒ်မ ၃၀၂/၃၉၂ဖြင့် အမှုရေးဖွင့်ခဲ့ပြီး အမှုအား မြို ့မစခန်းမှူး ဒုတိယရဲမှူးသက်စိုးမှ စစ်ဆေးဆောင်ရွက်ခဲ့သည်။

အမှုမှ တိမ်းရှောင်နေသည့် တရားခံကျော်ဇင်အား ညနေ(၆)နာရီအချိန်တွင် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်အတွင်း၌ သက်ဆိုင်ရာမှ ဖမ်းဆီးရမိခဲ့သည့်အတွက် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း (ဘားအံသတင်း facebook) မှာ ဖော်ပြထားချက် အရ သိရသည်။

သတင်း - ဓါတ်ပုံ ။။ ဘားအံသတင်း

Originally published at - https://www.facebook.com/ဘားအံသတင်း-382487075273320/

.................
သၾကၤန္မွာ သံုးျဖဳန္းခ်င္သည့္ ေလာဘစိတ္ေၾကာင့္ လူသတ္၍ လုယက္

ဘားအံ ဧၿပီ ၁၀

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ အမွတ္(၉)ရပ္ကြက္၊ သိမ္ေတာ္ႀကီးကုန္းလမ္းထိပ္တြင္ ဆိုင္ကယ္တကၠစီေမာင္းသူတစ္ဦးအား ငွါးရမ္းသြားသည့္ လူငယ္(၂)ဦးမွ ဧျပီလ (၁၀)ရက္ေန ့ မြန္းလႊဲ(၃)နာရီေက်ာ္ အခ်ိန္ခန္ ့တြင္ ဘားအံၿမိဳ႕ျပင္ ထန္းကိုးပင္သုသာန္ မေရာက္မွီ ရဲသာေက်းရြာအုပ္စု၊ ခရစ္ေက်းရြာလမ္းခြဲ အေရာက္ ဆိုင္ကယ္ခဏရပ္ရန္ေျပာ၍ ရပ္ေပးစဥ္ တကၠစီေမာင္းသူအား ဓားႏွင့္ထိုးသတ္ကာ ဆိုင္ကယ္အား လုယူထြက္ေျပးခဲ့သြား ေၾကာင္းသိရသည္။

အဆုိပါ လူသတ္လုယက္သူမ်ားအား အသုဘပို႔ေဆာင္ရာမွ ျပန္လာသည့့္ အမွတ္(၁)ရပ္ကြက္ ရာအိမ္မွဴးဦးသန္းဝင္းႏွင့္ ကရင္ျပည္နယ္ လက္ေဝွ ့ေက်ာ္ေစာငမန္း အပါအဝင္ ပတ္ဝန္းက်င္မွ လူငယ္မ်ားမွ ဝိုင္းဝန္း၍ လိုက္လံဖမ္းဆီးခဲ့ရာမွ (၁)ဦးမွာ သက္ေသခံ ဆိုင္ကယ္၊ အသံုးျပဳခဲ့သည့္ ဓားႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး က်န္တစ္ဦးမွာ ထြက္ေျပး လြတ္ေျမာက္ သြားခဲ့ပါသည္။

အခင္းျဖစ္ေနရာသို႔ သက္ဆုိင္ရာ ရဲတပ္ဖဲြ ့မ်ား ေရာက္ရိွလာျပီး ဖမ္းဆီးထားသည့္ လူငယ္အား စစ္ေမးရာ သားသားေအာင္၊ ၁၈ႏွစ္၊ (ဘ)ဦးေမာင္ငယ္၊ က်ဘမ္းလုပ္၊ ေအာင္းနန္း(၄)လမ္း၊ အမွတ္(၅)ရပ္ကြက္၊ ဘားအံၿမိဳ႕ေနသူ ျဖစ္ေၾကာင္း ထြက္ဆုိျပီး၊ ထြက္ေျပးသြားသူမွာ ေက်ာ္ဇင္၊ ၁၉ႏွစ္ခန္႔၊ ေအာင္နန္း(၃)လမ္း၊ အမွတ္(၅)ရပ္ကြက္၊ ဘားအံၿမိဳ႕ေနသူ ျဖစ္ေၾကာင္း သိ႐ွိရသည္။

တရားခံအား ဘားအံၿမိဳ႕မ ရဲစခန္းသို႔ ေခၚေဆာင္လာၿပီး အေသးစိတ္ စစ္ေဆးေပၚေပါက္ခ်က္အရ ျဖစ္စဥ္မွာ (၁၀-၄-၂၀၁၆) ရက္ေန႔ ေန႔လည္ပိုင္း နာရီ မမွတ္မိ အခ်ိန္ခန္႔တြင္ ဘားအံၿမိဳ႕၊ အမွတ္(၉)ရပ္ကြက္ေန ေစာေအာင္ဝင္း၊ ၅၀ႏွစ္(ဘ)ဦးေ႐ႊဖိုး၊ တကၠစီေမာင္းသူမွာ သိမ္ေတာ္ႀကီး ကုန္းလမ္းထိပ္တြင္
ဂိတ္ထိုး၍ ခရီးသည္ေစာင့္ဆိုင္းေနစဥ္ တရားခံ လူငယ္(၂)ဦးမွ ေၾကာင့္ကလာပ္ေစတီသို႔ လိုက္ပို႔ရန္ ငွါးရမ္းခဲ့ရာမွ ရဲသာေက်းရြာအုပ္စု၊ ခရစ္ေက်းရြာအဝင္လမ္းအေရာက္ ခဏရပ္ခိုင္း၍ ရပ္ေပးစဥ္ အ႐ိုးအသြား (၁၆)လက္မခန္႔႐ွိ ဓါးဦးခြၽန္ႏွင့္ ထိုးသတ္ကာ ဆိုင္ကယ္အား လုယူထြက္ေျပးစဥ္ ပတ္ဝန္းက်င္မွ လူမ်ားျမင္ေတြ႔သြား၍ လိုက္လံဖမ္းဆီးရာ ဆိုင္ကယ္အား ပစ္ခ်ခဲ့ၿပီး ထြက္ေျပးရာမွ ဖမ္းဆီးခံရျခင္း ျဖစ္ေၾကာင္း၊ ၎တို ့မွာ လူငယ္သဘာဝ သၾကၤန္နီးကာ သံုးျဖဳန္းခ်င္သည့္ ေလာဘစိတ္ေၾကာင့္ က်ဴးလြန္ခဲ့ရျခင္း ျဖစ္ေၾကာင္း ကနဦး စစ္ေဆးသိ႐ွိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေသဆံုးသူ၏ ခယ္မျဖစ္သူ ေနာ္တေကာေဖာ၊ ၄၂ႏွစ္၊ (ဘ)ဦးစံသိန္း၊ သိမ္ေတာ္ႀကီးကုန္း၊ အမွတ္(၉)ရပ္ကြက္ေနသူမွ ခယ္အိုျဖစ္သူ ေစာေအာင္ဝင္းအား ဓားႏွင့္ထိုးသတ္ကာ ဆိုင္ကယ္လုယူခဲ့သူ သားသားေအာင္ႏွင့္ တိမ္းေ႐ွာင္ေနသည့္ ေက်ာ္ဇင္တို႔(၂)ဦးအား အေရးယူေပးရန္ ၁၀-၄-၂၀၁၆ရက္ေန႔ညေန(၃)နာရီ (၄၅)မိနစ္အခ်ိန္ တရားလိုျပဳလုပ္၍ ဘားအံၿမိဳ႕မရဲစခန္း၌ တိုင္ၾကားခဲ့ရာ ဘားအံၿမိဳ႕မရဲစခန္းမွ(ပ)၈၅/၂၀၁၆၊ျပစ္မႈပုဒ္မ ၃၀၂/၃၉၂ျဖင့္ အမွဳေရးဖြင့္ခဲ့ၿပီး အမႈအား ျမိဳ ့မစခန္းမွဴး ဒုတိယရဲမွဴးသက္စိုးမွ စစ္ေဆးေဆာင္ရြက္ခဲ့သည္။

အမႈမွ တိမ္းေ႐ွာင္ေနသည့္ တရားခံေက်ာ္ဇင္အား ညေန(၆)နာရီအခ်ိန္တြင္ ဘားအံၿမိဳ႕၊ အမွတ္(၅)ရပ္ကြက္အတြင္း၌ သက္ဆုိင္ရာမွ ဖမ္းဆီးရမိခဲ့သည့္အတြက္ ဥပေဒ လုပ္ထံုးလုပ္နည္းႏွင့္အညီ ဆက္လက္ စစ္ေဆး ေဆာင္ရြက္လ်ွက္႐ွိေၾကာင္း (ဘားအံသတင္း facebook) မွာ ေဖာ္ျပထားခ်က္ အရ သိရသည္။

သတင္း - ဓါတ္ပုံ ။။ ဘားအံသတင္း

Originally published at - https://www.facebook.com/ဘားအံသတင္း-382487075273320/

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)