ဦးရွှေမန်းစာကို တပ်မတော် ကန့်ကွက်

ဦးေရႊမန္းစာကို တပ္မေတာ္ ကန္႔ကြက္

    26 ဧၿပီ 2016



စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း ဆင္းပြဲအတြက္ သူရဦးေရႊမန္း ေပးပို႔တဲ့ ဆုေတာင္း သတင္းစကားနဲ႔ ပတ္သက္လို႔ တပ္မေတာ္ဘက္က ျပင္းျပင္း ထန္ထန္ ကန္႔ကြက္ လိုက္ပါတယ္။

အဲဒီ စာပါ စာသားေတြ ဟာ တပ္မေတာ္ၿပိဳကြဲေရးကို ဦးတည္ တဲ့သေဘာရွိတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ က ထုတ္ျပန္ ေၾကညာထား ပါတယ္။

ဦးေရႊမန္းရဲ့ စာထဲမွာ ညီေနာင္မ်ား (အေမ့သား) ဆိုတာ ဟာ စစ္တကၠသိုလ္ ေက်ာင္းဆင္းေတြ ကို ရည္ရြယ္ေျပာတာ ျဖစ္တဲ့ အတြက္ လက္ရွိ တပ္မေတာ္အရာရွိေတြ၊ အၿငိမ္းစား တပ္မေတာ္အရာရွိေတြနဲ႔ တပ္မေတာ္သား အားလုံး အတြက္ ေသြးကြဲစရာ ျဖစ္တယ္လို႔ စစ္တပ္ရဲ့တုံ႔ျပန္ခ်က္မွာ ေရးထား ပါတယ္။

တပ္မေတာ္သားတိုင္းဟာ နိုင္ငံေတာ္ႏွင့္နိုင္ငံသားမ်ားရဲ့ သစၥာကို ေစာင့္သိရိုေသပါမယ္လို႔ အဓိဌာန္ျပဳထား သူေတြ ျဖစ္တဲ့ အတြက္ ဦးေရႊမန္း အေနနဲ႔ ထပ္မံ သတိေပးစရာ အေၾကာင္းဘာမွ မရွိဘူးလို႔ ယူဆေၾကာင္း အၿငိမ္းစား ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦးက ဘီဘီစီကို ေျပာပါတယ္။

ဒါ့အျပင္ လက္ရွိအစိုးရက နိုင္ငံနဲ႔ ျပည္သူ႔ အက်ိဳးအတြက္ ေဆာင္ရြက္မယ့္အစိုးရ ျဖစ္လို႔ ဆိုၿပီး ပူးေပါင္း ေဆာင္ရြက္ဖို႔ တိုက္တြန္းတာဟာလည္း အရင္ အစိုးရ အဆက္ဆက္က နိုင္ငံနဲ႔ ျပည္သူ႔ အက်ိဳး လုပ္ေဆာင္ခဲ့တာေတြကို ဥပကၡာ ျပဳရာ ေရာက္တဲ့ အတြက္ တပ္မေတာ္ဖက္က ကန္႔ကြက္ေၾကာင္း ထုတ္ျပန္တာ ျဖစ္နိုင္တယ္လို႔ သူက ေထာက္ျပပါတယ္။

အစိုးရ တစ္ရပ္ ဆိုတာ ေရြးေကာက္ပြဲ အရ ေပၚေပါက္လာတာ ျဖစ္ၿပီး ထာဝရ ရွိေနမယ့္ တပ္မေတာ္ ကို လူေတြ အထင္အျမင္မွားသြားေစနိုင္တဲ့ အတြက္ တပ္ဖက္က ကန္႔ကြက္တာျဖစ္တယ္လို႔လည္း အၿငိမ္းစား ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦးကေျပာပါတယ္။
BBC
    26 ဧပြီ 2016


စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဆင်းပွဲအတွက် သူရဦးရွှေမန်း ပေးပို့တဲ့ ဆုတောင်း သတင်းစကားနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က ပြင်းပြင်း ထန်ထန် ကန့်ကွက် လိုက်ပါတယ်။

အဲဒီ စာပါ စာသားတွေ ဟာ တပ်မတော်ပြိုကွဲရေးကို ဦးတည် တဲ့သဘောရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန် ကြေညာထား ပါတယ်။

ဦးရွှေမန်းရဲ့ စာထဲမှာ ညီနောင်များ (အမေ့သား) ဆိုတာ ဟာ စစ်တက္ကသိုလ် ကျောင်းဆင်းတွေ ကို ရည်ရွယ်ပြောတာ ဖြစ်တဲ့ အတွက် လက်ရှိ တပ်မတော်အရာရှိတွေ၊ အငြိမ်းစား တပ်မတော်အရာရှိတွေနဲ့ တပ်မတော်သား အားလုံး အတွက် သွေးကွဲစရာ ဖြစ်တယ်လို့ စစ်တပ်ရဲ့တုံ့ပြန်ချက်မှာ ရေးထား ပါတယ်။

တပ်မတော်သားတိုင်းဟာ နိုင်ငံတော်နှင့်နိုင်ငံသားများရဲ့ သစ္စာကို စောင့်သိရိုသေပါမယ်လို့ အဓိဌာန်ပြုထား သူတွေ ဖြစ်တဲ့ အတွက် ဦးရွှေမန်း အနေနဲ့ ထပ်မံ သတိပေးစရာ အကြောင်းဘာမှ မရှိဘူးလို့ ယူဆကြောင်း အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိအစိုးရက နိုင်ငံနဲ့ ပြည်သူ့ အကျိုးအတွက် ဆောင်ရွက်မယ့်အစိုးရ ဖြစ်လို့ ဆိုပြီး ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းတာဟာလည်း အရင် အစိုးရ အဆက်ဆက်က နိုင်ငံနဲ့ ပြည်သူ့ အကျိုး လုပ်ဆောင်ခဲ့တာတွေကို ဥပက္ခာ ပြုရာ ရောက်တဲ့ အတွက် တပ်မတော်ဖက်က ကန့်ကွက်ကြောင်း ထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့ သူက ထောက်ပြပါတယ်။

အစိုးရ တစ်ရပ် ဆိုတာ ရွေးကောက်ပွဲ အရ ပေါ်ပေါက်လာတာ ဖြစ်ပြီး ထာဝရ ရှိနေမယ့် တပ်မတော် ကို လူတွေ အထင်အမြင်မှားသွားစေနိုင်တဲ့ အတွက် တပ်ဖက်က ကန့်ကွက်တာဖြစ်တယ်လို့လည်း အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကပြောပါတယ်။
BBC
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)