သစ္တင္ကား တိမ္းေမွာက္၍ သစ္လုံးမ်ားပိကာ လူ(၆)ဦး ေသဆုံး


ေစတုတၱရာ ဧၿပီ ၂၇

မင္းဘူးခရုိင္၊ေစတုတၱရာၿမိဳ႔နယ္တြင္ ဧၿပီလ (၂၇)ရက္ေန႔ နံနက္(၀၃း၁၅)နာရီတြင္ သစ္လုံးမ်ားတင္ ေဆာင္သည့္ (၆)ဘီးယာဥ္ကားတစ္စီးတိမ္းေမွာက္၍ သစ္လုံးမ်ားပိကာ လူ(၆)ဦး ေသးဆုံးခဲ့သည္။


ျဖစ္စဥ္မွာ ဧၿပီလ(၂၇)ရက္ေန႔ နံနက္(၃)နာရီခန္႔က ယာဥ္ေမာင္း သန္းေဇာ္ဦး(သ)၄၀ႏွစ္၊(ဘ) စီစစ္ဆဲ ေရနံေခ်ာင္းၿမိဳ႔နယ္ေနသူ ေမာင္းႏွင္လာသည့္ ဆ/၈၉၆၄ (၆)ဘီး GMS ေခါင္းရွည္ယာဥ္သည္ ေစတုတၱၿမိဳ႔နယ္ တပြင္နယ္ေျမရဲစခန္းပုိင္ ဟန္ေဒါက္ေက်းရြာအုပ္စု အလယ္ဟန္ေဒါက္ေက်းရြာမွ သစ္လုံးမ်ား တင္ေဆာင္လာၿပီး ပြင့္ျဖဴၿမိဳ႔နယ္ ေက်ာင္းကုန္းႀကီးေက်း ရြာသုိ႔ သယ္လာစဥ္ စလင္း-ေစတုတၱရာကားလမ္း မုိင္တုိင္အမွတ္ (၂၄/၄)ဖာလုံခန္႔ အေရာက္တြင္ အရွိန္လြန္ၿပီး လမ္းေဘးေတာင္ေစာင္းကုိ ၀င္တုိက္ကာ ပက္လက္လန္ တိမ္းေမွာက္ခဲ့သည္။


အဆုိပါျဖစ္စဥ္ေၾကာင့္ သစ္လုံးတင္ကားေပၚတြင္လုိက္ပါလာသည့္ ပြင့္ျဖဴၿမိဳ႔နယ္၊ေက်ာင္းကုန္းႀကီး ေက်းရြာ တြင္ေနထုိင္ၾကသည့္ စည္သူ(အသက္-၂၅ႏွစ္)(ဘ)ဦးျမင့္ေ၀၊ေနာက္ေစ့ေၾကမြဒဏ္ရာ၊ ေက်ာ္မင္းေအာင္(အသက္-၂၀ႏွစ္)(ဘ) ဦးစိန္ေမာင္၊ဘယ္ေျခသလုံးက်ိဳး၊ခႏၶာကုိယ္ပိျပားဒဏ္ရာ၊ ေ၀သူေက်ာ္ (အသက္-၂၀ႏွစ္)(ဘ)ဦးျမင့္ေ၀၊ညာေပါင္က်ိဳး၊ခႏၶာကုိယ္ပိျပားဒဏ္ရာ၊ ေအာင္ကုိဦး(အသက္-၂၁ႏွစ္)(ဘ) ဦးခင္ေမာင္ျမင့္၊ ဒူးအဆစ္နားေျခ(၂)ေခ်ာင္းလုံးျပတ္၊ခႏၶာကုိယ္ပိျပားဒဏ္ရာ၊ရဲႏုိင္ထြန္း(အသက္-၁၈ႏွစ္)(ဘ)ဦးေဇာ္ႏုိင္ေထြး၊ ညာလက္ေမာင္းရင္းက်ိဳး၊ခႏၶာကုိယ္ပိျပားဒဏ္ရာ ရဲမင္းႏုိင္(အသက္-၂၀ႏွစ္)(ဘ)ဦးခင္ေမာင္လွ၊ ခႏၶာကုိယ္ ပိျပားဒဏ္ရာ၊တုိ႔ျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့သည္။

ယာဥ္ေမာင္း သန္းေဇာ္ဦးမွာ ဒဏ္ရာမရရွိဘဲ တိမ္းေရွာင္ထြက္ေျပးသြားသျဖင့္ ဥပေဒအရဖမ္းဆီးအေရးယူႏုိင္ရန္ ေစတုတၱရာၿမိဳ႔နယ္ ရဲစခန္းမွ ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိေၾကာင္းသိရွိရသည္။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

..................................................


စေတုတ္တရာ ဧပြီ ၂၇

မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်တွင် ဧပြီလ (၂၇)ရက်နေ့ နံနက်(၀၃း၁၅)နာရီတွင် သစ်လုံးများတင် ဆောင်သည့် (၆)ဘီးယာဉ်ကားတစ်စီးတိမ်းမှောက်၍ သစ်လုံးများပိကာ လူ(၆)ဦး သေးဆုံးခဲ့သည်။



ဖြစ်စဉ်မှာ ဧပြီလ(၂၇)ရက်နေ့ နံနက်(၃)နာရီခန့်က ယာဉ်မောင်း သန်းဇော်ဦး(သ)၄၀နှစ်၊(ဘ) စီစစ်ဆဲ ရေနံချောင်းမြို့နယ်နေသူ မောင်းနှင်လာသည့် ဆ/၈၉၆၄ (၆)ဘီး GMS ခေါင်းရှည်ယာဉ်သည် စေတုတ္တမြို့နယ် တပွင်နယ်မြေရဲစခန်းပိုင် ဟန်ဒေါက်ကျေးရွာအုပ်စု အလယ်ဟန်ဒေါက်ကျေးရွာမှ သစ်လုံးများ တင်ဆောင်လာပြီး ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေး ရွာသို့ သယ်လာစဉ် စလင်း-စေတုတ္တရာကားလမ်း မိုင်တိုင်အမှတ် (၂၄/၄)ဖာလုံခန့် အရောက်တွင် အရှိန်လွန်ပြီး လမ်းဘေးတောင်စောင်းကို ၀င်တိုက်ကာ ပက်လက်လန် တိမ်းမှောက်ခဲ့သည်။



အဆိုပါဖြစ်စဉ်ကြောင့် သစ်လုံးတင်ကားပေါ်တွင်လိုက်ပါလာသည့် ပွင့်ဖြူမြို့နယ်၊ကျောင်းကုန်းကြီး ကျေးရွာ တွင်နေထိုင်ကြသည့် စည်သူ(အသက်-၂၅နှစ်)(ဘ)ဦးမြင့်ဝေ၊နောက်စေ့ကြေမွဒဏ်ရာ၊ ကျော်မင်းအောင်(အသက်-၂၀နှစ်)(ဘ) ဦးစိန်မောင်၊ဘယ်ခြေသလုံးကျိုး၊ခန္ဓာကိုယ်ပိပြားဒဏ်ရာ၊ ဝေသူကျော် (အသက်-၂၀နှစ်)(ဘ)ဦးမြင့်ဝေ၊ညာပေါင်ကျိုး၊ခန္ဓာကိုယ်ပိပြားဒဏ်ရာ၊ အောင်ကိုဦး(အသက်-၂၁နှစ်)(ဘ) ဦးခင်မောင်မြင့်၊ ဒူးအဆစ်နားခြေ(၂)ချောင်းလုံးပြတ်၊ခန္ဓာကိုယ်ပိပြားဒဏ်ရာ၊ရဲနိုင်ထွန်း(အသက်-၁၈နှစ်)(ဘ)ဦးဇော်နိုင်ထွေး၊ ညာလက်မောင်းရင်းကျိုး၊ခန္ဓာကိုယ်ပိပြားဒဏ်ရာ ရဲမင်းနိုင်(အသက်-၂၀နှစ်)(ဘ)ဦးခင်မောင်လှ၊ ခန္ဓာကိုယ် ပိပြားဒဏ်ရာ၊တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

ယာဉ်မောင်း သန်းဇော်ဦးမှာ ဒဏ်ရာမရရှိဘဲ တိမ်းရှောင်ထွက်ပြေးသွားသဖြင့် ဥပဒေအရဖမ်းဆီးအရေးယူနိုင်ရန် စေတုတ္တရာမြို့နယ် ရဲစခန်းမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)