တာခ်ီလိတ္ၿမဳိ႕နယ္ရွိ က်ထီးနားေက်းရြာတြင္ ေတာင္ယာမီးမွတဆင့္ မီးေလာင္မႈျဖစ္ပြား


တာခ်ီလိတ္ ဧၿပီ ၁၁

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမဳိ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ က်ထီးနားေက်းရြာတြင္ ယေန႔ ညေန ၅နာရီ ၀န္းက်င္က မီးေလာင္ကြ်မ္းမႈျဖစ္ ပြားရာ ေနအိမ္(၁၃)လံုးႏွင့္ ဘုရားရွိခုိးေက်ာင္း (၁)ေက်ာင္း မီးေလာင္ ကၽြမ္းခဲ့ေၾကာင္း သိရသည္။


ေတာင္ယာမီးရႈိ႕ရာမွတဆင့္ မီးပြားက်ကာ မီးေလာင္ကြ်မ္းခဲ့ျခင္းျဖစ္ၿပီး၊ မီးေလာင္မႈ ျဖစ္ပြားရာသို႔ တပ္နယ္မွ အရာရွိစစ္သည္ မ်ားႏွင့္ ျပည္သူ႔စစ္ အဖြဲ႔၀င္မ်ားက ၀ိုင္း၀န္းကူညီ ၿငွိမ္းသတ္ခဲ့သည္။ မီးေလာင္မႈ ေၾကာင့္ လူေနအိမ္ (၁၃)လံုး၊ ခရစ္ယာန္ဘုရားေက်ာင္း (၁)ေက်ာင္း မီးေလာင္ ကၽြမ္းခဲ့ၿပီး၊ က်ား(၂၃)ဦး ႏွင့္ မ(၁၇)ဦး စုစုေပါင္း လူဦးေရ (၄၀)ဦး အိုးမဲ့ အိမ္မဲ့ ျဖစ္ခဲ့သည္။


အဆိုပါ မီးေဘးသင့္ ျပည္သူမ်ားအား ယင္းေက်းရြာတြင္ ယာယီ ကယ္ဆယ္ေရး စခန္း ဖြင့္လွစ္ထားရွိၿပီး၊ ၿမဳိ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ႏွင့္ တာ၀န္ရွိသူမ်ားက လုိအပ္သည္မ်ား သြားေရာက္ ကူညီေဆာင္ရြက္ ေပးလ်က္ရွိသည္။ မီးေလာင္မႈ ျဖစ္ပြားသည့္ ေက်းရြာသည္ တာခ်ီလိတ္-မုိင္းဆတ္ သြားလမ္းေပၚရွိ ႀကိဳးတံတား ေက်းရြာမွ (၄) မုိင္ေက်ာ္ကြာေ၀းၿပီး သြားလာရခက္ခဲသည့္ေက်းရြာျဖစ္ေၾကာင္းသိရသည္။

ခရုိင္ျပန္/ဆက္
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

...........................................


တာချီလိတ် ဧပြီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကျထီးနားကျေးရွာတွင် ယနေ့ ညနေ ၅နာရီ ၀န်းကျင်က မီးလောင်ကျွမ်းမှုဖြစ် ပွားရာ နေအိမ်(၁၃)လုံးနှင့် ဘုရားရှိခိုးကျောင်း (၁)ကျောင်း မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။



တောင်ယာမီးရှို့ရာမှတဆင့် မီးပွားကျကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်မှု ဖြစ်ပွားရာသို့ တပ်နယ်မှ အရာရှိစစ်သည် များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များက ၀ိုင်းဝန်းကူညီ ငြှိမ်းသတ်ခဲ့သည်။ မီးလောင်မှု ကြောင့် လူနေအိမ် (၁၃)လုံး၊ ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်း မီးလောင် ကျွမ်းခဲ့ပြီး၊ ကျား(၂၃)ဦး နှင့် မ(၁၇)ဦး စုစုပေါင်း လူဦးရေ (၄၀)ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့သည်။



အဆိုပါ မီးဘေးသင့် ပြည်သူများအား ယင်းကျေးရွာတွင် ယာယီ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားရှိပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ သွားရောက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။ မီးလောင်မှု ဖြစ်ပွားသည့် ကျေးရွာသည် တာချီလိတ်-မိုင်းဆတ် သွားလမ်းပေါ်ရှိ ကြိုးတံတား ကျေးရွာမှ (၄) မိုင်ကျော်ကွာဝေးပြီး သွားလာရခက်ခဲသည့်ကျေးရွာဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)