ရခိုင္လူငယ္ ၆ ဦးကို ေက်ာက္ေတာ္တရားရံုးက ေထာင္ဒဏ္ အသီးသီး ခ်မွတ္


နိရဥၥရာ၊ ဧျပီ ၄

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ တရားရံုးမွ ယေန႕တြင္ ရခိုင္လူငယ္ ၆ ဦးကို ရကၡိဳင့္တပ္မေတာ္ႏွင့္ ဆက္စပ္မႈျဖင့္ ေထာင္ ၅ ႏွစ္စီ အသီးသီး ခ်မွတ္လိုက္သည္ဟု သိရသည္။

သူတို႕ ၆ ဦးစလံုးက ရကၡိဳင့္တပ္မေတာ္မွ ျဖစ္ေၾကာင္း ဝန္ခံသျဖင့္ တရားသူႀကီးက ထိုသို႕ ေထာင္ဒဏ္ အသီးသီး ခ်မွတ္လိုက္ျခင္း ျဖစ္သည္ဟု သူတို႕အမႈကို ေရွ႕ေနလိုက္ေပးေနသူ ကိုထြန္းလွက နိရဥၥရာ သတင္းဌာနသို ့ အတည္ျပဳေျပာၾကားသည္။

"သူ ့တို ့ကေတာ့ ေအေအက ျဖစ္ေၾကာင္း ဝန္ခံပါတယ္။ အဓိကေတာ့ အစိုးရသစ္ လက္ထပ္မွာ သမၼတ လႊတ္ျငိမ္းခ်မ္းသာခြင္ကို ေမွ်ာ္လင့္ျပီး ဝန္ခံလိုက္တာလို ့ျမင္ပါတယ္။ သူတို ့က ၂၀၁၅ ဧျပီလ ေလာက္ ကတည္းက ဖမ္းဆီးတရားစြဲဆို ခံထားရေပမယ့္ ခုမွ ဝန္ခံလိုက္ၾကတာပါ"ဟု သူကဆိုသည္။

သူတို႕အား မတရား အသင္းဆက္သြယ္မႈ ပုဒ္မ ၁၇(၁) ျဖင့္ ေထာင္ဒဏ္ ၃ ႏွင့္ ၁၇ (၂) ျဖင့္ ေထာင္ဒဏ္ ၅ ႏွစ္ စီ အသီးသီး ခ်မ်တ္လိုက္သည္ဟု ေရွ႕ေန ကိုထြန္းလွက ေျပာသည္။

ေထာင္ဒဏ္ ၅ ႏွစ္ခ်ခံရသူမ်ားမွာ

၁။ကိုေမာင္ေရႊသီး (ဘ)ပန္းေအာင္ျဖဴ၊ စံဂိုးေတာင္ေက်းရြာ၊ ဘူးသီးေတာင္ၿမိဳ႕နယ္။
၂။ညီညီလိႈင္ (ဘ )ဦးသာဒိုး၊ ရွမ္းရြာရပ္ကြက္၊ ေက်ာက္ေတာ္ျမိဳ ႕။
၃။ကိုဇင္မ်ိဳးေအာင္ (ဘ )ဦးင/လံုးေခ်၊ ဇင္ေခ်ာင္းေက်းရြာ၊ ေက်ာက္ျဖဴျမိဳ ့နယ္

၃နွစ္စီ ခ်မွတ္ခံရသူမ်ားမွာ-

၁။ကိုစံေအးေမာင္ (ဘ )ဦးေမာင္ေအးသိန္း၊ ၿမိဳ႕သစ္ရပ္ကြက္၊ ေက်ာက္ေတာ္ျမိဳ ့။
၂။ကိုေမာင္ေရႊလံုး(ေက်ာင္းဆရာ) (ဘ) ဦးေရႊေစာေမာင္၊ ငစရိုင္းေခ်ာင္းေက်းရြာ၊ မင္းျပားျမိဳ႕နယ္။
၃။ကိုစံေမာင္သာ (ဘ) ဦးေအာင္စံေဘာ္၊ လင့္ဇင္ေက်းရြာ ၊ေက်ာက္ေတာ္ျမိဳ ့နယ္ တို ့ျဖစ္သည္။

သူတို႕ ၆ ဦးအား အမႈဆံုးျဖတ္ျပီးေနာက္ စစ္ေတြ အက်ဥ္းေထာင္သုိ ့ ပုိ ့ေဆာင္လိုက္ေၾကာင္း သိရသည္။

စစ္ေတြျမိဳ ့နယ္ တရားရံုးတြင္လည္း ေအေအႏွင့္ ဆက္စပ္မႈျဖင့္ ရခိုင္လူငယ္ ၁၃ ဦးကို ယေန႕တြင္ ရံုးထုတ္ စစ္ေဆးေၾကာင္း သိရသည္။

ေကာင္းျမတ္နိုင္(ေမာင္ေတာ)
Arakan State
https://www.facebook.com/NarinjaraNews

............................................................


နိရဥ္စရာ၊ ဧပြီ ၄

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တရားရုံးမှ ယနေ့တွင် ရခိုင်လူငယ် ၆ ဦးကို ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှုဖြင့် ထောင် ၅ နှစ်စီ အသီးသီး ချမှတ်လိုက်သည်ဟု သိရသည်။

သူတို့ ၆ ဦးစလုံးက ရက္ခိုင့်တပ်မတော်မှ ဖြစ်ကြောင်း ဝန်ခံသဖြင့် တရားသူကြီးက ထိုသို့ ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု သူတို့အမှုကို ရှေ့နေလိုက်ပေးနေသူ ကိုထွန်းလှက နိရဥ္စရာ သတင်းဌာနသို ့ အတည်ပြုပြောကြားသည်။

"သူ ့တို ့ကတော့ အေအေက ဖြစ်ကြောင်း ဝန်ခံပါတယ်။ အဓိကတော့ အစိုးရသစ် လက်ထပ်မှာ သမ္မတ လွှတ်ငြိမ်းချမ်းသာခွင်ကို မျှော်လင့်ပြီး ဝန်ခံလိုက်တာလို ့မြင်ပါတယ်။ သူတို ့က ၂၀၁၅ ဧပြီလ လောက် ကတည်းက ဖမ်းဆီးတရားစွဲဆို ခံထားရပေမယ့် ခုမှ ဝန်ခံလိုက်ကြတာပါ"ဟု သူကဆိုသည်။

သူတို့အား မတရား အသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၃ နှင့် ၁၇ (၂) ဖြင့် ထောင်ဒဏ် ၅ နှစ် စီ အသီးသီး ချမျတ်လိုက်သည်ဟု ရှေ့နေ ကိုထွန်းလှက ပြောသည်။

ထောင်ဒဏ် ၅ နှစ်ချခံရသူများမှာ

၁။ကိုမောင်ရွှေသီး (ဘ)ပန်းအောင်ဖြူ၊ စံဂိုးတောင်ကျေးရွာ၊ ဘူးသီးတောင်မြို့နယ်။
၂။ညီညီလှိုင် (ဘ )ဦးသာဒိုး၊ ရှမ်းရွာရပ်ကွက်၊ ကျောက်တော်မြို ့။
၃။ကိုဇင်မျိုးအောင် (ဘ )ဦးင/လုံးချေ၊ ဇင်ချောင်းကျေးရွာ၊ ကျောက်ဖြူမြို ့နယ်

၃နှစ်စီ ချမှတ်ခံရသူများမှာ-

၁။ကိုစံအေးမောင် (ဘ )ဦးမောင်အေးသိန်း၊ မြို့သစ်ရပ်ကွက်၊ ကျောက်တော်မြို ့။
၂။ကိုမောင်ရွှေလုံး(ကျောင်းဆရာ) (ဘ) ဦးရွှေစောမောင်၊ ငစရိုင်းချောင်းကျေးရွာ၊ မင်းပြားမြို့နယ်။
၃။ကိုစံမောင်သာ (ဘ) ဦးအောင်စံဘော်၊ လင့်ဇင်ကျေးရွာ ၊ကျောက်တော်မြို ့နယ် တို ့ဖြစ်သည်။

သူတို့ ၆ ဦးအား အမှုဆုံးဖြတ်ပြီးနောက် စစ်တွေ အကျဉ်းထောင်သို ့ ပို ့ဆောင်လိုက်ကြောင်း သိရသည်။

စစ်တွေမြို ့နယ် တရားရုံးတွင်လည်း အေအေနှင့် ဆက်စပ်မှုဖြင့် ရခိုင်လူငယ် ၁၃ ဦးကို ယနေ့တွင် ရုံးထုတ် စစ်ဆေးကြောင်း သိရသည်။

ကောင်းမြတ်နိုင်(မောင်တော)
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)