စဥ့္ကိုင္ၿမိဳ႕နယ္ ကံႀကီးေက်းရြာတြင္ မိုးသက္ေလျပင္းတိုက္ခိုက္မႈေၾကာင့္ လူေနအိမ္မ်ား ပ်က္စီး


စဥ့္ကိုင္၊ ဧၿပီ ၂၂

စဥ့္ကိုင္ၿမိဳ႕နယ္၊ ကံႀကီးေက်းရြာတြင္ ဧၿပီလ (၂၂)ရက္ ညေန (၅)နာရီ အခ်ိန္တြင္ ရြာသြန္းေသာ မိုးသက္ေလျပင္းတိုက္ခိုက္မႈေၾကာင့္ လူေနအိမ္ (၃၂၀)ေက်ာ္ အမိုးမ်ား လန္ျခင္း၊ ေပါက္ၿပဲျခင္း၊ကၽြဲ၊ ႏြား၊ ဆိတ္၊ ၀က္ မ်ား ေသဆံုးခဲ႔ေၾကာင္း ကနဦးသတင္းမ်ားအရ သိရသည္။


မိုးသက္ေလျပင္းတိုက္ခက္မႈေၾကာင့္ မိုးသည္းထန္စြာ ရြာသြန္းၿပီး မိုးသီးမ်ား (၃)လက္မထု ခန္႔အထိ က်ျခင္းေၾကာင့္ အေက်းရြာရွိ အိမ္ေျခ(၃၈၀)ေက်ာ္မွ အိမ္ေျခ (၃၂၀)ေက်ာ္ အမိုးမ်ား ပ်က္စီးကာ လူဦးေရ (၁၀၀၀)ေက်ာ္အား ရြာလယ္ဓမၼာရံုတြင္ ကယ္ဆယ္ေရး စခန္းဖြင့္ လွစ္ထားေၾကာင္း သိရသည္။


ထို႔ျပင္ မိုးသက္ေလျပင္ တိုက္ခက္မႈေၾကာင့္ ဆိတ္(၅၂)ေကာင္၊ ကၽြဲ (၁)ေကာင္၊ ၀က္ (၁)ေကာင္၊ ႏြား (၁)ေကာင္ ေသဆံုးခဲ႔ေၾကာင္းသိရွိရသည္။


မိုးသက္ေလျပင္းတိုက္ခက္မႈေၾကာင့္ ပ်က္စီးခဲ႔သည့္ အဆိုပါေက်းရြာသို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေဆြ ဦးစီးကာ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ မီးသတ္တပ္ဖြဲ႕၀င္မ်ားႏွင့္ လူမႈေရးအဖြဲ႕ အစည္းမ်ားမွ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ခ်က္ခ်င္းေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

(မႏၱေလးတိုင္းေဒသႀကီး ျပန္/ဆက္)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

...............................


စဉ့်ကိုင်၊ ဧပြီ ၂၂

စဉ့်ကိုင်မြို့နယ်၊ ကံကြီးကျေးရွာတွင် ဧပြီလ (၂၂)ရက် ညနေ (၅)နာရီ အချိန်တွင် ရွာသွန်းသော မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် (၃၂၀)ကျော် အမိုးများ လန်ခြင်း၊ ပေါက်ပြဲခြင်း၊ကျွဲ၊ နွား၊ ဆိတ်၊ ၀က် များ သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ (၃)လက်မထု ခန့်အထိ ကျခြင်းကြောင့် အကျေးရွာရှိ အိမ်ခြေ(၃၈၀)ကျော်မှ အိမ်ခြေ (၃၂၀)ကျော် အမိုးများ ပျက်စီးကာ လူဦးရေ (၁၀၀၀)ကျော်အား ရွာလယ်ဓမ္မာရုံတွင် ကယ်ဆယ်ရေး စခန်းဖွင့် လှစ်ထားကြောင်း သိရသည်။

ထို့ပြင် မိုးသက်လေပြင် တိုက်ခက်မှုကြောင့် ဆိတ်(၅၂)ကောင်၊ ကျွဲ (၁)ကောင်၊ ၀က် (၁)ကောင်၊ နွား (၁)ကောင် သေဆုံးခဲ့ကြောင်းသိရှိရသည်။

မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် ပျက်စီးခဲ့သည့် အဆိုပါကျေးရွာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေ ဦးစီးကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့ အစည်းများမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

(မန္တလေးတိုင်းဒေသကြီး ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)