ေမြးရာပါ အူထြက္သည့္ ေရာဂါခံစားေနရတဲ့ ကေလးငယ္ အကူညီလုိအပ္ေန


 လမေစ့ဘဲ ေမြးဖြားခဲ့သည့္ ရင္ေသြးေလးမွာ (Neonatal Gastroschisis ) ေခၚ ေမြးရာပါ အူထြက္သည့္ ေရာဂါခံစားေနရ

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စု နမ့္တြန္းကူေလာင္းရြာေန မလုထ သည္ ဧၿပီလ ၂၄ ရက္ည ၁ဝ နာရီ ၅မိနစ္ခန္႔က တာခ်ီလိတ္ျပည္သူ႕ေဆး႐ုံႀကီးတြင္ လမေစ့ဘဲ ေမြးဖြားခဲ့သည့္ ရင္ေသြးေလးမွာ(Neonatal Gastroschisis ) ေခၚေမြးရာပါ အူထြက္သည့္ ေရာဂါခံစားေနရၿပီးေငြေၾကးမျပည့္စံု၍ခြဲစိတ္ကုသစရိတ္အတြက္ အလွဴရွင္မ်ားလုိအပ္ေနေၾကာင္း သိရသည္။

''ကေလးက လမျပည့္ဘဲ (၇)လခြဲနဲ႔ေမြးလာတာရယ္ ေနာက္ၿပီးေမြးရာပါ အူထြက္လာတာ ရယ္ ဆိုေတာ့အျမန္ဆံုးခြဲစိတ္ကုသဖုိ႔ေတာ့လိုတယ္။ ကေလးရဲ႕အေျခအေနၾကည့္ၿပီး ဒီမွာ ခြဲစိတ္ဖုိ႔ မျဖစ္ႏုိင္ဘူး။ ခြဲစိတ္မယ္ဆိုရန္ကုန္၊ မႏၲေလးတို႔မွာ ခြဲမွရမွာ။အျမန္ဆံုး ခြဲစိတ္မွ ရမွာဆိုေတာ့အနီးဆံုး ထုိင္းႏုိင္ငံ ခ်င္း႐ုိင္းမွာတရားဝင္ သြားေရာက္ၿပီး ခြဲစိတ္ ဖုိ႔လိုအပ္ပါတယ္။ ကာယကံရွင္ေတြကေငြေၾကးမျပည့္စံုေတာ့ အလွဴရွင္ေတြလိုအပ္ေနပါတယ္။ ျဖစ္ႏိုင္ရင္ အျမန္ဆံုး ပို႔ေဆာင္ရင္ ပိုေကာင္းပါတယ္'' ဟု တာခ်ီလိတ္ျပည္သူ႕ေဆး႐ုံမွ ကေလးအထူးကု ေဒါက္တာေက်ာ္စြာျမင့္က ေျပာသည္။

ကေလးငယ္၏ ကိုယ္အေလးခ်ိန္မွာ ၁ ဒသမ ၅ ကီလိုသာရွိၿပီးကေလးငယ္အား အျမန္ ဆံုး ခြဲစိတ္မည္ဆိုပါက ရာႏႈန္းျပည့္အသက္ရွင္ႏုိင္ရန္ေမွ်ာ္လင့္ခ်က္ရွိေသာ္လည္း မိဘ ႏွစ္ပါးျဖစ္သည့္ ကိုအုိက္ပီ ႏွင့္မလုထ တို႔မွာ ေတာင္ယာလုပ္ကိုင္စားေသာက္ရ သည့္ပေလာင္တိုင္းရင္းသား ခ်ိဳ႕တဲ့ႏြမ္းပါးသူမ်ားျဖစ္ၾကသည့္အျပင္ မိခင္ျဖစ္သူမလုထ မွာလည္း အသက္ ၁၄ႏွစ္သာရွိေသးေသာ ငယ္ရြယ္သည့္အိမ္ေထာင္ရွင္မျဖစ္က သားဦး ကုိယ္ဝန္လည္းျဖစ္ေၾကာင္း သိရသည္။

ေမာင္ယဥ္ေက်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


..................................


 လမစေ့ဘဲ မွေးဖွားခဲ့သည့် ရင်သွေးလေးမှာ (Neonatal Gastroschisis ) ခေါ် မွေးရာပါ အူထွက်သည့် ရောဂါခံစားနေရ

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု နမ့်တွန်းကူလောင်းရွာနေ မလုထ သည် ဧပြီလ ၂၄ ရက်ည ၁ဝ နာရီ ၅မိနစ်ခန့်က တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် လမစေ့ဘဲ မွေးဖွားခဲ့သည့် ရင်သွေးလေးမှာ(Neonatal Gastroschisis ) ခေါ်မွေးရာပါ အူထွက်သည့် ရောဂါခံစားနေရပြီးငွေကြေးမပြည့်စုံ၍ခွဲစိတ်ကုသစရိတ်အတွက် အလှူရှင်များလိုအပ်နေကြောင်း သိရသည်။

''ကလေးက လမပြည့်ဘဲ (၇)လခွဲနဲ့မွေးလာတာရယ် နောက်ပြီးမွေးရာပါ အူထွက်လာတာ ရယ် ဆိုတော့အမြန်ဆုံးခွဲစိတ်ကုသဖို့တော့လိုတယ်။ ကလေးရဲ့အခြေအနေကြည့်ပြီး ဒီမှာ ခွဲစိတ်ဖို့ မဖြစ်နိုင်ဘူး။ ခွဲစိတ်မယ်ဆိုရန်ကုန်၊ မန္တလေးတို့မှာ ခွဲမှရမှာ။အမြန်ဆုံး ခွဲစိတ်မှ ရမှာဆိုတော့အနီးဆုံး ထိုင်းနိုင်ငံ ချင်းရိုင်းမှာတရားဝင် သွားရောက်ပြီး ခွဲစိတ် ဖို့လိုအပ်ပါတယ်။ ကာယကံရှင်တွေကငွေကြေးမပြည့်စုံတော့ အလှူရှင်တွေလိုအပ်နေပါတယ်။ ဖြစ်နိုင်ရင် အမြန်ဆုံး ပို့ဆောင်ရင် ပိုကောင်းပါတယ်'' ဟု တာချီလိတ်ပြည်သူ့ဆေးရုံမှ ကလေးအထူးကု ဒေါက်တာကျော်စွာမြင့်က ပြောသည်။

ကလေးငယ်၏ ကိုယ်အလေးချိန်မှာ ၁ ဒသမ ၅ ကီလိုသာရှိပြီးကလေးငယ်အား အမြန် ဆုံး ခွဲစိတ်မည်ဆိုပါက ရာနှုန်းပြည့်အသက်ရှင်နိုင်ရန်မျှော်လင့်ချက်ရှိသော်လည်း မိဘ နှစ်ပါးဖြစ်သည့် ကိုအိုက်ပီ နှင့်မလုထ တို့မှာ တောင်ယာလုပ်ကိုင်စားသောက်ရ သည့်ပလောင်တိုင်းရင်းသား ချို့တဲ့နွမ်းပါးသူများဖြစ်ကြသည့်အပြင် မိခင်ဖြစ်သူမလုထ မှာလည်း အသက် ၁၄နှစ်သာရှိသေးသော ငယ်ရွယ်သည့်အိမ်ထောင်ရှင်မဖြစ်က သားဦး ကိုယ်ဝန်လည်းဖြစ်ကြောင်း သိရသည်။

မောင်ယဉ်ကျေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)