မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်တို့တွင်ဦးနှောက်အမြှေးရောင်ရောဂါ ၁၆ ဦးဖြစ်ပွားကာ ၁၂ ဦးသေဆုံးခဲ့

မိတ္ထီလာ ဧပြီ ၁

မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ် နှစ်မြို့နယ်တွင် မတ် ၅ ရက်မှ ဧပြီ ၁ ရက်အတွင်း ဦးနှောက်အမြှေးရောင် ရောဂါ ကလေးငယ် ၁၆ ဦးတွင် ဖြစ်ပွား ခဲ့ပြီး ၁၂ ဦး သေဆုံးခဲ့ကြောင်း ခရိုင် ဆေးရုံ အုပ်ကြီး ဒေါက်တာမြတ်ခိုင် ထံမှ သိရသည်။

''မိတ္ထီလာခရိုင် အတွင်းမှာ သာစည်မြို့နယ်အတွင်းက ကျေးရွာ တချို့က ကလေးငယ် ၁၄ ဦး၊ မိတ္ထီလာမြို့နယ် အတွင်းက ကလေးငယ် နှစ်ဦး စုစုပေါင်း ၁၆ ဦး ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွား ပြီး သာစည်မြို့နယ်က ၁ဝ ဦး၊ မိတ္ထီလာမြို့နယ်က နှစ်ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ပါတယ်။ အခု လောလော ဆယ် မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ် ဖက်တောကျေးရွာက ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဦးနှောက် အမြှေးရောင်ရောဂါ သံသယရှိသူ အဖြစ် ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။ ကလေး ငယ်က ဖက်တောကျေးရွာမှ ဦးဝင်း နိုင်ရဲ့ သမီး ၁၃ နှစ်အရွယ် မစုမြတ် မွန် ဖြစ်ပါတယ်။ မတ် ၂၂ ရက်က မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီး တွင် စတင်ဆေးကုသမှုခံယူနေကာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိပြီး ၁၄ ရက်ကြာ စောင့်ကြည့်ကြပ်မတ် ကုသပေး သွားမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

မိတ္ထီလာမြို့နယ် ကုန်းတန်း ကျေးရွာတွင် ဦးနှောက်အမြှေးရောင် ရောဂါဖြစ် ပွားပြီး သေဆုံးသည့် ကလေးငယ်မှာ အသက် ခြောက်လ အရွယ် မောင်ဟိန်းသူဖြစ်ပြီး မတ် ၁၄ ရက်က ခရိုင်ပြည်သူ့ဆေးရုံကြီးမှ တစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ကုသစဉ် သေဆုံးသွား ခဲ့သည်။ ကုန်းတန်းရွာ၌ ဦးနှောက် အမြှေးရောင်ရောဂါ ဆက်လက် မပြန့်ပွားစေရေးအတွက် ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်ခိုင် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်း များက ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ယင်းရောဂါအကြောင်း အသိပညာ ပေးဟောပြောခြင်း၊ ကျန်းမာရေး ဝန်ထမ်းများက ၁ဝ ရက်တာကာလ အတွင်း ယင်းကျေးရွာ၌ ၂၄ နာရီ ဆေးခန်းဖွင့်၍ ရောဂါဖြစ်ပွားမှု ရှိ မရှိ စောင့်ကြည့်ကြပ်မတ် ကုသ ဆောင်ရွက်ခြင်းတို့ကြောင့် ဦးနှောက် အမြှေးရောင်ရောဂါဖြစ်ပွားမှု မရှိ တော့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် အတွင်း ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွား သေဆုံးသည့် အခြားကလေးငယ်မှာ တပျော်ကျေးရွာမှ ဦးညွန့်နိုင် ၏ သမီး အသက် ၁ဝ နှစ်အရွယ် မဝင်းပပမျိုးမြင့်မောင် ဖြစ်ပြီး ၄င်းမှာ မတ် ၃ဝ ရက် ညပိုင်းက ခရိုင် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူပြီး မတ် ၃၁ ရက် နံနက်ပိုင်းတွင် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင် ကုသရန် သွားရောက်စဉ် လမ်းခရီး ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ မတ် ၅ ရက်မှစတင်၍ သာစည်မြို့နယ် ပြွန်ကန်၊ ဘုရားလေးကုန်း၊ သမန်းက စသည့်ကျေးရွာ တချို့မှ ကလေးငယ် စုစုပေါင်း ၁၄ ဦး ဦးနှောက်အမြှေး ရောင်ရောဂါ ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၁ဝ ဦးမှာ ယင်းရောဂါ ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဦးနှောက်အမြှေးရောင်ရောဂါပိုး မှာ တိရစ္ဆာန်များ၏ မစင်စွန့်ပစ် ရာမှ မြေကြီးပေါ် တွင်ရောက်ရှိပြီး မြေကြီး ပေါ်မှတစ်ဆင့် သဲမှုန့်၊ ဖုန်မှုန့်များ ဖြင့်ရောထွေးကာ ကလေးငယ်များ ၏ အသက်ရှူ လမ်းကြောင်း အတိုင်း ဝင်ရောက်ကူးစက်ဖြစ်ပွားခြင်း ဖြစ်ပြီး ပူပြင်းခြောက်သွေ့သော ဒေ သများ တွင် ဖြစ်လေ့ရှိကာ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် လူထူထပ် သော နေရာများ၊ ပွဲလမ်းသဘင်များ သို့ သွားရောက်လည်ပတ်ခြင်းမျိုး ကို ရှောင်ရှားသင့်ကြောင်း ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီးက အကြံပြု ပြောကြားခဲ့သည်။

ချမ်းသာ(မိတ္ထီလာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
.....................

မိတၴီလာ ဧၿပီ ၁

မိတၴီလာခ႐ိုင္ မိတၴီလာၿမိဳ႕နယ္ႏွင့္ သာစည္ၿမိဳ႕နယ္ ႏွစ္ၿမိဳ႕နယ္တြင္ မတ္ ၅ ရက္မွ ဧၿပီ ၁ ရက္အတြင္း ဦးေႏွာက္အေျမႇးေရာင္ ေရာဂါ ကေလးငယ္ ၁၆ ဦးတြင္ ျဖစ္ပြား ခဲ့ၿပီး ၁၂ ဦး ေသဆုံးခဲ့ေၾကာင္း ခ႐ိုင္ ေဆး႐ုံ အုပ္ႀကီး ေဒါက္တာျမတ္ခိုင္ ထံမွ သိရသည္။

''မိတၴီလာခ႐ိုင္ အတြင္းမွာ သာစည္ၿမိဳ႕နယ္အတြင္းက ေက်းရြာ တခ်ဳိ႕က ကေလးငယ္ ၁၄ ဦး၊ မိတၴီလာၿမိဳ႕နယ္ အတြင္းက ကေလးငယ္ ႏွစ္ဦး စုစုေပါင္း ၁၆ ဦး ဦးေႏွာက္အေျမႇးေရာင္ေရာဂါ ျဖစ္ပြား ၿပီး သာစည္ၿမိဳ႕နယ္က ၁ဝ ဦး၊ မိတၴီလာၿမိဳ႕နယ္က ႏွစ္ဦး စုစုေပါင္း ၁၂ ဦး ေသဆုံးခဲ့ပါတယ္။ အခု ေလာေလာ ဆယ္ မေကြးတိုင္း ေဒသႀကီး နတ္ေမာက္ၿမိဳ႕နယ္ ဖက္ေတာေက်းရြာက ၁၃ ႏွစ္အရြယ္ ကေလးငယ္တစ္ဦးကို ဦးေႏွာက္ အေျမႇးေရာင္ေရာဂါ သံသယရွိသူ အျဖစ္ ခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနပါတယ္။ ကေလး ငယ္က ဖက္ေတာေက်းရြာမွ ဦးဝင္း ႏိုင္ရဲ႕ သမီး ၁၃ ႏွစ္အရြယ္ မစုျမတ္ မြန္ ျဖစ္ပါတယ္။ မတ္ ၂၂ ရက္က မိတၴီလာခ႐ိုင္ ျပည္သူ႔ေဆး႐ုံႀကီး တြင္ စတင္ေဆးကုသမႈခံယူေနကာ က်န္းမာေရး အေျခအေန ေကာင္းမြန္လ်က္ရွိၿပီး ၁၄ ရက္ၾကာ ေစာင့္ၾကည့္ၾကပ္မတ္ ကုသေပး သြားမွာျဖစ္ပါတယ္''ဟု ၄င္းက ေျပာသည္။

မိတၴီလာၿမိဳ႕နယ္ ကုန္းတန္း ေက်းရြာတြင္ ဦးေႏွာက္အေျမႇးေရာင္ ေရာဂါျဖစ္ ပြားၿပီး ေသဆုံးသည့္ ကေလးငယ္မွာ အသက္ ေျခာက္လ အရြယ္ ေမာင္ဟိန္းသူျဖစ္ၿပီး မတ္ ၁၄ ရက္က ခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးမွ တစ္ဆင့္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး သို႔ ပို႔ေဆာင္ကုသစဥ္ ေသဆုံးသြား ခဲ့သည္။ ကုန္းတန္းရြာ၌ ဦးေႏွာက္ အေျမႇးေရာင္ေရာဂါ ဆက္လက္ မျပန္႔ပြားေစေရးအတြက္ ခ႐ိုင္ျပည္သူ႔ ေဆး႐ုံအုပ္ႀကီး ေဒါက္တာျမတ္ခိုင္ ဦးေဆာင္သည့္ က်န္းမာေရးဝန္ထမ္း မ်ားက ကာကြယ္ေဆးတိုက္ေကြၽးျခင္း၊ ယင္းေရာဂါအေၾကာင္း အသိပညာ ေပးေဟာေျပာျခင္း၊ က်န္းမာေရး ဝန္ထမ္းမ်ားက ၁ဝ ရက္တာကာလ အတြင္း ယင္းေက်းရြာ၌ ၂၄ နာရီ ေဆးခန္းဖြင့္၍ ေရာဂါျဖစ္ပြားမႈ ရွိ မရွိ ေစာင့္ၾကည့္ၾကပ္မတ္ ကုသ ေဆာင္ရြက္ျခင္းတို႔ေၾကာင့္ ဦးေႏွာက္ အေျမႇးေရာင္ေရာဂါျဖစ္ပြားမႈ မရွိ ေတာ့ေၾကာင္း သိရသည္။

မိတၴီလာၿမိဳ႕နယ္ အတြင္း ဦးေႏွာက္အေျမႇးေရာင္ေရာဂါ ျဖစ္ပြား ေသဆုံးသည့္ အျခားကေလးငယ္မွာ တေပ်ာ္ေက်းရြာမွ ဦးညြန္႔ႏိုင္ ၏ သမီး အသက္ ၁ဝ ႏွစ္အရြယ္ မဝင္းပပမ်ဳိးျမင့္ေမာင္ ျဖစ္ၿပီး ၄င္းမွာ မတ္ ၃ဝ ရက္ ညပိုင္းက ခ႐ိုင္ ျပည္သူ႔ေဆး႐ုံႀကီး၌ ေဆးကုသမႈ ခံယူၿပီး မတ္ ၃၁ ရက္ နံနက္ပိုင္းတြင္ မႏၲေလးေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ ကုသရန္ သြားေရာက္စဥ္ လမ္းခရီး ၌ ေသဆုံးခဲ့ျခင္းျဖစ္သည္။ မတ္ ၅ ရက္မွစတင္၍ သာစည္ၿမိဳ႕နယ္ ျပြန္ကန္၊ ဘုရားေလးကုန္း၊ သမန္းက စသည့္ေက်းရြာ တခ်ဳိ႕မွ ကေလးငယ္ စုစုေပါင္း ၁၄ ဦး ဦးေႏွာက္အေျမႇး ေရာင္ေရာဂါ ျဖစ္ပြားခဲ့ၿပီး ကေလးငယ္ ၁ဝ ဦးမွာ ယင္းေရာဂါ ျဖင့္ ေသဆုံးခဲ့ျခင္းျဖစ္သည္။

ဦးေႏွာက္အေျမႇးေရာင္ေရာဂါပိုး မွာ တိရစၧာန္မ်ား၏ မစင္စြန္႔ပစ္ ရာမွ ေျမႀကီးေပၚ တြင္ေရာက္ရွိၿပီး ေျမႀကီး ေပၚမွတစ္ဆင့္ သဲမႈန္႔၊ ဖုန္မႈန္႔မ်ား ျဖင့္ေရာေထြးကာ ကေလးငယ္မ်ား ၏ အသက္႐ွဴ လမ္းေၾကာင္း အတိုင္း ဝင္ေရာက္ကူးစက္ျဖစ္ပြားျခင္း ျဖစ္ၿပီး ပူျပင္းေျခာက္ေသြ႕ေသာ ေဒ သမ်ား တြင္ ျဖစ္ေလ့ရွိကာ ေရာဂါကူးစက္မႈ မျဖစ္ပြားေစေရးအတြက္ လူထူထပ္ ေသာ ေနရာမ်ား၊ ပြဲလမ္းသဘင္မ်ား သို႔ သြားေရာက္လည္ပတ္ျခင္းမ်ဳိး ကို ေရွာင္ရွားသင့္ေၾကာင္း ခ႐ိုင္ ျပည္သူ႔ေဆး႐ုံအုပ္ႀကီးက အႀကံျပဳ ေျပာၾကားခဲ့သည္။

ခ်မ္းသာ(မိတၴီလာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)