

စိန်မြိုင်(မြိုင်)

.......................

မကွေးတိုင်းဒေသကြီး မြိုင်မြို့ အမှတ်(၂၅)စက်ရုံအနီး မိုင်တိုင် အမှတ်(၃၉၇/၂ - ၃)အကြားတွင် ဧပြီ ၁၇ ရက် ညနေပိုင်းက ဘုရားဖူး ယာဉ်တစ်စီး တိမ်းမှောက် ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့မှ ဦးကျော်ကျော် နိုင် (၄၄)နှစ်
မောင်းနှင်လာသော YGN-----ယာဉ်သည် ပုဂံ-ပခုက္ကူမှ မြိုင်မြို့ ပုသိမ်-မုံရွာ လမ်း အတိုင်း ပုသိမ်ဘက်သို့အသွား မြိုင်မြို့ အနီး အမှတ်(၂၅) စက်ရုံကွေ့ တွင် တိမ်းမှောက်ရာ ယာဉ်ပေါ်ပါသူ ၁၄ ဦးအနက် ရှစ်ဦး ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ သဖြင့် မြိုင်ပြည်သူ့ဆေးရုံသို့ နိဗ္ဗာန်ရွှေပြည် လူမှုကူညီရေးအသင်း နှင့် မြို့မ ရဲစခန်းက ဝိုင်းဝန်းကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စိန်မြိုင်(မြိုင်)
Ref : MOI Web portal Myanmar
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)