ဧရာဝတီတိုင်းမှ ကျေးရွာ ၄၀၀ သောက်ရေ ပြတ်လပ်မှု ကြုံတွေ့နိုင်


ကျေးရွာတစ်ရွာမှာ ဒေသခံတွေကို ရေများဖြန့်ဝေပေးနေစဉ်။ Photo: Kyaw Lwin Oo/RFA

လူဦးရေ ၂၀၀ လောက်ရှိတဲ့ ဖိုးရွှေပုကျေးရွာမှာ ရေလှောင်ကန်တွေ ခမ်းခြောက်သွားတာကြောင့် နှစ်ရက်ခြား တစ်ခါလောက် သောက်သုံးရေ ဖြန့်ဝေပေးနေရတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖံွ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်း က ပြောပါတယ်။

ငပုတောမြို့နယ်အပြင် ပုသိမ်၊ ဘိုကလေး၊ ကြံခင်း၊ လပွတ္တာ၊ ဖျာပုံ၊ ရေကြည် နဲ့ မော်လမြိုင်ကျွန်းမြို့နယ်တွေက ကျေးရွာ ၂၃ ရွာမှာလည်း ရေငံဝင်ရောက်မှုတွေရှိနေတာကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေပါတယ်။



မနှစ်က နွေရာသီမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၁၄၀ ကျော် ရေပြတ်လပ်ခဲ့ပြီး ဒီနှစ်မှာ အယ်လ်နီညိုရာသီဥတုကြောင့် ရေပြတ်လပ်မှု ကြုံတွေ့ရနိုင်တဲ့ ကျေးရွာအရေအတွက် ပိုများလာတာဖြစ်ပါတယ်။

RFA Burmese

...........................................


ကျေးရွာတစ်ရွာမှာ ဒေသခံတွေကိုု ရေများဖြန့်ဝေပေးနေစဉ်။ Photo: Kyaw Lwin Oo/RFA
ဧရာဝတီတိုင်းဒေသကြီးမှာ လာမယ့် ဇွန်လဆန်းလောက်အထိ ကျေးရွာပေါင်း ၄၀၀ ကျော်မှာ ရေပြတ်လပ်မှု ကြုံတွေ့နိုင်ပြီး လောလောဆယ်မှာ ငပုတောမြို့နယ် ဖိုးရွှေပုကျေးရွာမှာ သောက်သုံးရေရှားပါးမှု အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

လူဦးရေ ၂၀၀ လောက်ရှိတဲ့ ဖိုးရွှေပုကျေးရွာမှာ ရေလှောင်ကန်တွေ ခမ်းခြောက်သွားတာကြောင့် နှစ်ရက်ခြား တစ်ခါလောက် သောက်သုံးရေ ဖြန့်ဝေပေးနေရတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်း က ပြောပါတယ်။

ငပုတောမြို့နယ်အပြင် ပုသိမ်၊ ဘိုကလေး၊ ကြံံခင်း၊ လပွတ္တာ၊ ဖျာပုံ၊ ရေကြည် နဲ့ မော်လမြိုင်ကျွန်းမြို့နယ်တွေက ကျေးရွာ ၂၃ ရွာမှာလည်း ရေငံဝင်ရောက်မှုတွေရှိနေတာကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေပါတယ်။

ငပုတောမြို့နယ် ဘုရားလှကျေးရွာအုပ်စုက ကျေးရွာ ၆ ရွာမှာလည်း သောက်ရေလိုအပ်နေတာကြောင့် ပုသိမ်မြို့ပေါ် အရပ်ဘက်အဖွဲ့အစည်းတွေက သင်္ဘောတွေနဲ့ နေ့စဉ် ပို့ဆောင်ပေးနေရတယ်လို့ ဒေသခံ ဦးချစ်သိန်း က ပြောပါတယ်။

ဘုရားလှကျေးရွာအုပ်စုမှာ လူဦးရေ ၄ ထောင်ကျော်လောက်ရှိနေတာ ဖြစ်ပါတယ်။ ဘုရားလှကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့မတ်လကစပြီး သောက်သုံးရေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့အတွက် အိမ်ထောင်စုတစ်စုကို ၅ ဂါလံဆန့်တဲ့ သောက်ရေပုံးတစ်ပုံးစီကို ၃ ရက်ခြားတစ်ခါ ဖြန့်ဝေပေးနေတယ်လို့လည်း ဦးချစ်သိန်း က ပြောပါတယ်။

မနှစ်က နွေရာသီမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၁၄၀ ကျော် ရေပြတ်လပ်ခဲ့ပြီး ဒီနှစ်မှာ အယ်လ်နီညိုရာသီဥတုကြောင့် ရေပြတ်လပ်မှု ကြံုတွေ့ရနိုင်တဲ့ ကျေးရွာအရေအတွက် ပိုများလာတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)